Samsung ဟာ ပြီးခဲ့တဲ့ ရက် ၆၀ အတွင်း အိန္ဒိယမှာ ၂ သိန်းအောက်ဖုန်း ၃ လုံးကို ကြေညာခဲ့ပါတယ်။ အဲဒီထဲက နောက်ဆုံး ၁ လုံးက Galaxy M01 Core ဖြစ်ပြီး အိန္ဒိယမှာ ရောင်းချတဲ့ Samsung ရဲ့ ဈေးအပေါဆုံး ဖုန်း ဖြစ်ပါတယ်။ Android 10 Go Edition ဖုန်း ဖြစ်ပြီး ၅,၅၀၀ ရူပီးပဲ ရှိပါတယ်။ မြန်မာငွေ ၁ သိန်းလောက်ပဲ ရှိပါတယ်။

Galaxy M01 Core မှာ ၅.၃ လက်မ 720p+ မျက်နှာပြင် ပါလာပြီး Quad-core  MediaTek MT6739 Chipset မောင်းနှင်ထားပါတယ်။ 1GB RAM နဲ့ 16GB Storage ပဲ ထည့်သွင်းထားပြီး RAM နည်းပေမယ့် Android 10 Go Edition ဖြစ်တဲ့အတွက် သိပ်တော့ ပြဿနာ မရှိပါဘူး။ 2GB RAM နဲ့ 32GB Storage ပါတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်ထားပြီး မော်ဒယ် ၂ ခုစလုံးမှာ nanoSIM Slot ၂ ခုနဲ့ microSD Slot ၁ ခု ပါပါတယ်။

3,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Maximum Power Saving Mode က ဘက်ထရီ သက်တမ်း ကြာရှည်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Notch မပါဘဲ ဒိတ်အောက်နေတဲ့ ဒီဇိုင်းကိုပဲ သုံးထားပါတယ်။ အရှေ့ဘက်မှာ 5MP နဲ့ အနောက်ဘက်မှာ Full HD ဗီဒီယို ရိုက်ကူးပေးနိုင်တဲ့ 8MP ကင်မရာ ထည့်သွင်းထားပါတယ်။ Intelligent Photos လုပ်ဆောင်ချက်က ဓါတ်ပုံများစွာထဲက အကောင်းဆုံး ပုံကို ရွေးချယ်ပေးပါတယ်။

Galaxy M01 Core ကို ဒီလ ၂၉ ရက်နေ့ အိန္ဒိယမှာ ရောင်းချပေးမှာ ဖြစ်ပြီး 1/16GB ကို ၅,၅၀၀ ရူပီးနဲ့ 2/32GB ကို ၆,၅၀၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်းနဲ့ ၁ သိန်း ၂ သောင်းလောက်ပဲရှိပြီး အနက်၊ အပြာနဲ့ အနီရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena