Zawgyi

Infinity-V လို႔ေခၚတဲ့ Teardrop Notch ပုံစံ Notch ေလးပါဝင္တဲ့ Galaxy M10 နဲ႕ M20 တို႔ကို အိႏၵိယမွာ စတင္ မိတ္ဆက္လိုက္ပါၿပီ။ M10 နဲ႕ M20 ဟာ Galaxy M Series ရဲ႕ ပထမဆုံးဖုန္းေတြျဖစ္ၿပီး အိႏၵိယရဲ႕ Entry, Mid-range စမတ္ဖုန္းေစ်းကြက္ကို ထိုးေဖာက္ဖို႔ရည္႐ြယ္ၿပီးထုတ္ထားတာပါ။ M10 နဲ႕ M20 ဖုန္းႏွစ္လုံးဟာ ဒီဇိုင္းခ်င္းတူၿပီး Screen အ႐ြယ္အစားနဲ႕ တစ္ျခား Spec ေတြကေတာ့ M20 က ပိုသာေနပါတယ္။ ေစ်းႏႈန္းအရလည္း Galaxy M20 က M10 ထက္ အနည္းငယ္ျမင့္ေနတာေတြ႕ရပါတယ္။

အဆိုပါ ဖုန္းသစ္ ႏွစ္လုံးစလုံးရဲ႕ အားသာခ်က္ေတြကေတာ့ ႀကီးမားက်ယ္ျပန႔္တဲ့ မ်က္ႏွာျပင္နဲ႕အတူ ဆန္းသစ္တဲ့ ဒီဇိုင္းတို႔ျဖစ္ပါတယ္။ M10 မွာ 6.2-inch ရွိ HD+ Infinity-V Display ကိုသုံးထားၿပီး M20 မွာေတာ့ အ႐ြယ္အစား အနည္းငယ္ပိုႀကီးၿပီး ႐ုပ္ထြက္ပိုေကာင္းတဲ့ 6.3-inch Full HD+ Infinity-V Display ကို တပ္ဆင္ေပးထားပါတယ္။ M10 မွာ Micro USB တပ္ဆင္ထားၿပီး M20 မွာေတာ့ USB Type-C ကို တပ္ဆင္ေပးထားပါတယ္။

ပရိုဆက္ဆာပိုင္းကေတာ့ M10 မွာ Exynos 7870 သုံးထားၿပီး M20 မွာေတာ့ စြမ္းေဆာင္ရည္ အနည္းငယ္ ပိုေကာင္းတဲ့ Exynos 7904 ကို တပ္ဆင္ေပးထားပါတယ္။ RAM ပမာဏနဲ႕ Storage ပိုင္းမွာေတာ့ M10 မွာ 2G+16GB နဲ႕ 3GB+32GB ႏွစ္မ်ိဳးထုတ္ထားၿပီး M20 မွာေတာ့ 3GB+32GB နဲ႕ 4GB+64GB ဆိုၿပီးထုတ္ထားလို႔ ႀကိဳက္ႏွစ္သက္ရာ ပမာဏနဲ႕ ဝယ္နိုင္မွာပါ။

ဘက္ထရီ ပမာဏ ကေတာ့ M10 မွာ 3,400mAh ဘက္ထရီ တပ္ဆင္ေပးထားၿပီး M20 မွာေတာ့ 5,000mAh ထိတပ္ဆင္ေပးထားတာကိုေတြ႕ရပါတယ္။ အားအျမန္သြင္းစနစ္ေတြလည္း ပါဝင္တာေၾကာင့္ အားသြင္းခ်ိန္အၾကာႀကီးေစာင့္စရာမလိုေတာ့ပါဘူး။

ေနာက္ေက်ာဘက္ ကင္မရာပိုင္းမွာေတာ့ အတူတူပဲျဖစ္ၿပီး 13MP ရွိ အဓိက ကင္မရာနဲ႕ အတူ တစ္ျခား Entry နဲ႕ Mid-range ဖုန္းေတြမွာ ေတြ႕ရခဲတဲ့ 5MP ရွိ Wide Angle Lens ကို တပ္ဆင္ေပးထားပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာကေတာ့ M10 မွာ 5MP ရွိၿပီး M20 မွာေတာ့ 8MP ထိ သုံးေပးထားပါတယ္။

Operating System ပိုင္းမွာေတာ့ Android 8.1 အေျခခံ Samsung Experience 9.5 ကိုသုံးထားတာေတြ႕ရပါတယ္။ လုံၿခဳံေရးအပိုင္းအေနနဲ႕ကေတာ့ ဖုန္းႏွစ္လုံးစလုံးမွာ Face Unlock စနစ္ေတြပါၿပီး Fingerprint Scanner ကေတာ့ M20 မွာပဲ ပါဝင္ပါတယ္။ Netflix ႐ုပ္ရွင္ေတြကို HD အရည္အေသြးနဲ႕ၾကည့္နိုင္မယ့္ Widevine L1 ေထာက္ခံခ်က္ပါလို႔ ႐ုပ္ရွင္သမားေတြ အတြက္လည္း အဆင္ေျပပါတယ္။

Spec အနိမ့္ဆုံး ေမာ္ဒယ္ေတြရဲ႕ ေစ်းႏႈန္းေတြကေတာ့ Galaxy M10 ဟာ ျမန္မာေငြ တစ္သိန္း ခုနစ္ေသာင္းခြဲ ပတ္ခ်ာလည္ရွိၿပီး M20 ကေတာ့ ႏွစ္သိန္းခြဲ ဝန္းက်င္ရွိပါတယ္။ RAM နဲ႕ Storage ပိုမ်ားတာ လိုခ်င္ရင္ေတာ့ ေစ်းပိုႀကီးမွာပါ။ အိႏၵိယမွာေတာ့ Galaxy M10 နဲ႕ M20 ကို အြန္လိုင္းစတိုးေတြကတစ္ဆင့္ ေဖေဖာ္ဝါရီ ၅ ရက္ေန႕မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Ref: XDA

Unicode

Galaxy M10 နဲ့ M20 ကို အိန္ဒိယမှာ စတင်မိတ်ဆက်

Infinity-V လို့ခေါ်တဲ့ Teardrop Notch ပုံစံ Notch လေးပါဝင်တဲ့ Galaxy M10 နဲ့ M20 တို့ကို အိန္ဒိယမှာ စတင် မိတ်ဆက်လိုက်ပါပြီ။ M10 နဲ့ M20 ဟာ Galaxy M Series ရဲ့ ပထမဆုံးဖုန်းတွေဖြစ်ပြီး အိန္ဒိယရဲ့ Entry, Mid-range စမတ်ဖုန်းစျေးကွက်ကို ထိုးဖောက်ဖို့ရည်ရွယ်ပြီးထုတ်ထားတာပါ။ M10 နဲ့ M20 ဖုန်းနှစ်လုံးဟာ ဒီဇိုင်းချင်းတူပြီး Screen အရွယ်အစားနဲ့ တစ်ခြား Spec တွေကတော့ M20 က ပိုသာနေပါတယ်။ စျေးနှုန်းအရလည်း Galaxy M20 က M10 ထက် အနည်းငယ်မြင့်နေတာတွေ့ရပါတယ်။

အဆိုပါ ဖုန်းသစ် နှစ်လုံးစလုံးရဲ့ အားသာချက်တွေကတော့ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့အတူ ဆန်းသစ်တဲ့ ဒီဇိုင်းတို့ဖြစ်ပါတယ်။ M10 မှာ 6.2-inch ရှိ HD+ Infinity-V Display ကိုသုံးထားပြီး M20 မှာတော့ အရွယ်အစား အနည်းငယ်ပိုကြီးပြီး ရုပ်ထွက်ပိုကောင်းတဲ့ 6.3-inch Full HD+ Infinity-V Display ကို တပ်ဆင်ပေးထားပါတယ်။ M10 မှာ Micro USB တပ်ဆင်ထားပြီး M20 မှာတော့ USB Type-C ကို တပ်ဆင်ပေးထားပါတယ်။

ပရိုဆက်ဆာပိုင်းကတော့ M10 မှာ Exynos 7870 သုံးထားပြီး M20 မှာတော့ စွမ်းဆောင်ရည် အနည်းငယ် ပိုကောင်းတဲ့ Exynos 7904 ကို တပ်ဆင်ပေးထားပါတယ်။ RAM ပမာဏနဲ့ Storage ပိုင်းမှာတော့ M10 မှာ 2G+16GB နဲ့ 3GB+32GB နှစ်မျိုးထုတ်ထားပြီး M20 မှာတော့ 3GB+32GB နဲ့ 4GB+64GB ဆိုပြီးထုတ်ထားလို့ ကြိုက်နှစ်သက်ရာ ပမာဏနဲ့ ဝယ်နိုင်မှာပါ။

ဘက်ထရီ ပမာဏ ကတော့ M10 မှာ 3,400mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး M20 မှာတော့ 5,000mAh ထိတပ်ဆင်ပေးထားတာကိုတွေ့ရပါတယ်။ အားအမြန်သွင်းစနစ်တွေလည်း ပါဝင်တာကြောင့် အားသွင်းချိန်အကြာကြီးစောင့်စရာမလိုတော့ပါဘူး။

နောက်ကျောဘက် ကင်မရာပိုင်းမှာတော့ အတူတူပဲဖြစ်ပြီး 13MP ရှိ အဓိက ကင်မရာနဲ့ အတူ တစ်ခြား Entry နဲ့ Mid-range ဖုန်းတွေမှာ တွေ့ရခဲတဲ့ 5MP ရှိ Wide Angle Lens ကို တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ M10 မှာ 5MP ရှိပြီး M20 မှာတော့ 8MP ထိ သုံးပေးထားပါတယ်။

Operating System ပိုင်းမှာတော့ Android 8.1 အခြေခံ Samsung Experience 9.5 ကိုသုံးထားတာတွေ့ရပါတယ်။ လုံခြုံရေးအပိုင်းအနေနဲ့ကတော့ ဖုန်းနှစ်လုံးစလုံးမှာ Face Unlock စနစ်တွေပါပြီး Fingerprint Scanner ကတော့ M20 မှာပဲ ပါဝင်ပါတယ်။ Netflix ရုပ်ရှင်တွေကို HD အရည်အသွေးနဲ့ကြည့်နိုင်မယ့် Widevine L1 ထောက်ခံချက်ပါလို့ ရုပ်ရှင်သမားတွေ အတွက်လည်း အဆင်ပြေပါတယ်။

Spec အနိမ့်ဆုံး မော်ဒယ်တွေရဲ့ စျေးနှုန်းတွေကတော့ Galaxy M10 ဟာ မြန်မာငွေ တစ်သိန်း ခုနစ်သောင်းခွဲ ပတ်ချာလည်ရှိပြီး M20 ကတော့ နှစ်သိန်းခွဲ ဝန်းကျင်ရှိပါတယ်။ RAM နဲ့ Storage ပိုများတာ လိုချင်ရင်တော့ စျေးပိုကြီးမှာပါ။ အိန္ဒိယမှာတော့ Galaxy M10 နဲ့ M20 ကို အွန်လိုင်းစတိုးတွေကတစ်ဆင့် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: XDA