[Zawgyi]

မၾကာခင္ျမင္ေတြ႕ရေတာ့မယ့္ Samsung ကုမၸဏီရဲ႕ Entry-level စီးရီးအသစ္ Galaxy M10 ဟန္းဆက္ကို FCC အတည္ျပဳခ်က္ ရယူခဲ့ရာမွာ စမတ္ဖုန္းသစ္ရဲ႕ အခ်က္အလက္အခ်ဳိ႕ကိုပါ သိခြင့္ရခဲ့ပါတယ္။

Galaxy M10 စမတ္ဖုန္းအသစ္မွာ ေျခာက္လက္မအရြယ္ Display တစ္ခုနဲ႔အတူ 3,400 mAh ဘကၳရီ တစ္လုံးကိုပါ ေတြ႕ရတယ္။ အလ်ားနဲ႔အနံကေတာ့ 155.7 x 75.8 mm ျဖစ္ပါတယ္။ ယခင္က ထြက္ေပၚခဲ့တဲ့ Benchmark အခ်က္အလက္ေတြမွာ M10 စမတ္ဖုန္းကို Exynos 7870 ခ်စ္ပ္ဆက္နဲ႔ ပြဲထြက္လာမယ္ဆုိတာ သိရၿပီးျဖစ္ကာ မန္မုိရီပိုင္းမွာ 3GB RAM နဲ႔ 16 / 32 GB Storage ပမာဏ ပါဝင္လာမွာပါ။ Storage ကေတာ့ နည္းတယ္လို႔ ဆုိႏုိင္ေပမယ့္ ထပ္မံတုိးခ်ဲ႕ႏုိင္မွာ ျဖစ္တယ္။

ဟန္းဆက္အသစ္မွာ Android 8.1 Oreo ကုိပဲ စထြက္ထြက္ခ်င္း ျမင္ေတြ႕ရဖို႔ ရွိပါတယ္။ သတင္းထြက္ထားတာကေတာ့ ေနာက္ဘက္မွာ 13MP အဓိက ကင္မရာနဲ႔ ေရွ႕ဆယ္ဖီကင္မရာကေတာ့ 5MP လို႔ ဆုိတယ္။ Fingerprint ကိုလည္း ေနာက္ဘက္ကုိယ္ထည္မွာပဲ ျမင္ရမွာပါ။ Galaxy M10 ဟာ Blue နဲ႔ Dark Grey အေရာင္ႏွစ္မ်ဳိးနဲ႔ ပြဲထြက္လာႏုိင္ၿပီး အေရွ႕အလယ္ပိုင္းနဲ႔ အာရွေစ်းကြက္ေတြကို အဓိက ထိုးေဖာက္လာမွာပါ။

Ref – GSM Arena

[Unicode]

မကြာခင်မြင်တွေ့ရတော့မယ့် Samsung ကုမ္ပဏီရဲ့ Entry-level စီးရီးအသစ် Galaxy M10 ဟန်းဆက်ကို FCC အတည်ပြုချက် ရယူခဲ့ရာမှာ စမတ်ဖုန်းသစ်ရဲ့ အချက်အလက်အချို့ကိုပါ သိခွင့်ရခဲ့ပါတယ်။

Galaxy M10 စမတ်ဖုန်းအသစ်မှာ ခြောက်လက်မအရွယ် Display တစ်ခုနဲ့အတူ 3,400 mAh ဘက္ထရီ တစ်လုံးကိုပါ တွေ့ရတယ်။ အလျားနဲ့အနံကတော့ 155.7 x 75.8 mm ဖြစ်ပါတယ်။ ယခင်က ထွက်ပေါ်ခဲ့တဲ့ Benchmark အချက်အလက်တွေမှာ M10 စမတ်ဖုန်းကို Exynos 7870 ချစ်ပ်ဆက်နဲ့ ပွဲထွက်လာမယ်ဆိုတာ သိရပြီးဖြစ်ကာ မန်မိုရီပိုင်းမှာ 3GB RAM နဲ့ 16 / 32 GB Storage ပမာဏ ပါဝင်လာမှာပါ။ Storage ကတော့ နည်းတယ်လို့ ဆိုနိုင်ပေမယ့် ထပ်မံတိုးချဲ့နိုင်မှာ ဖြစ်တယ်။

ဟန်းဆက်အသစ်မှာ Android 8.1 Oreo ကိုပဲ စထွက်ထွက်ချင်း မြင်တွေ့ရဖို့ ရှိပါတယ်။ သတင်းထွက်ထားတာကတော့ နောက်ဘက်မှာ 13MP အဓိက ကင်မရာနဲ့ ရှေ့ဆယ်ဖီကင်မရာကတော့ 5MP လို့ ဆိုတယ်။ Fingerprint ကိုလည်း နောက်ဘက်ကိုယ်ထည်မှာပဲ မြင်ရမှာပါ။ Galaxy M10 ဟာ Blue နဲ့ Dark Grey အရောင်နှစ်မျိုးနဲ့ ပွဲထွက်လာနိုင်ပြီး အရှေ့အလယ်ပိုင်းနဲ့ အာရှဈေးကွက်တွေကို အဓိက ထိုးဖောက်လာမှာပါ။

Ref – GSM Arena