Zawgyi

Samsung ရဲ႕ Galaxy M10 ထုတ္ကုန္လုိင္းဟာ အဆုံးမသတ္ေသးဘဲ ေနာက္ဆက္တြဲဟန္းဆက္တစ္ခု ထပ္ၿပီးျမင္ရမယ့္ အေျခအေနမွာရွိေနပါတယ္။ Exynos 7885 ခ်စ္ပ္ဆက္ကို အသုံးျပဳထားတဲ့ Samsung ဟန္းဆက္တစ္ခုကို Geekbench မွာ ေတြ႕ရွိခဲ့ရလို႔ပါ။

Exynos 7885 ဟာ ၂၀၁၈ ခုႏွစ္တုန္းက Mid-range ဖုန္းအခ်ဳိ႕မွာ သုံးစြဲခဲ့ၿပီး အခုႏွစ္မွာေတာ့ Low-end လယ္ဗယ္ စမတ္ဖုန္းအသစ္ေတြမွာ ေတြ႕ရမယ္လို႔ ယူဆရပါတယ္။ ေမာ္ဒယ္နံပါတ္ SM-M107F လို႔ ေပးထားတဲ့ အတြက္လည္း ဒီဖုန္းဟာ Galaxy M10 ရဲ႕ထပ္မံေျပာင္းလဲထားတဲ့ ဗားရွင္းအသစ္ Galaxy M10s လို႔ ယူဆရတာပါ။

ဒီဖုန္းအသစ္ဟာ အိႏၵိယေစ်းကြက္ကေန စတင္ဝင္ေရာက္လာမယ္လို႔ ယူဆရၿပီး Geekbench စာရင္းထဲမွာေတာ့ 3GB RAM မန္မုိရီနဲ႔ Android 9.0 Pie အသုံးျပဳလာမယ္လို႔ ဆုိထားပါတယ္။ Single-core Test မွာ ရလဒ္ 1222 ရရွိထားၿပီး Multi-core မွာေတာ့ 3202 ရထားတာကိုလည္း ေတြ႕ရမွာပါ။

Geekbench မွာေတာင္ အစမ္းသပ္ခံၿပီးၿပီဆုိေတာ့ ဖုန္းအသစ္ဟာ မၾကာခင္လူျမင္ကြင္းကို ထြက္လာေတာ့မယ္လို႔ ယူဆရပါတယ္။ ေလာေလာဆယ္မွာေတာ့ က်န္ေသးတဲ့ Specs နဲ႔ ေစ်းႏႈန္း စတာေတြကို သိရဖို႔ အခ်ိန္ခဏ ေစာင့္ရဦးမွာပါ။

Ref – GSM Arena

Unicode

Samsung ရဲ့ Galaxy M10 ထုတ်ကုန်လိုင်းဟာ အဆုံးမသတ်သေးဘဲ နောက်ဆက်တွဲဟန်းဆက်တစ်ခု ထပ်ပြီးမြင်ရမယ့် အခြေအနေမှာရှိနေပါတယ်။ ယနေ့မှာ Exynos 7885 ချစ်ပ်ဆက်ကို အသုံးပြုထားတဲ့ Samsung ဟန်းဆက်တစ်ခုကို Geekbench မှာ တွေ့ရှိခဲ့ရလို့ပါ။

Exynos 7885 ဟာ ၂၀၁၈ ခုနှစ်တုန်းက Mid-range ဖုန်းအချို့မှာ သုံးစွဲခဲ့ပြီး အခုနှစ်မှာတော့ Low-end လယ်ဗယ် စမတ်ဖုန်းအသစ်တွေမှာ တွေ့ရမယ်လို့ ယူဆရပါတယ်။ မော်ဒယ်နံပါတ် SM-M107F လို့ ပေးထားတဲ့ အတွက်လည်း ဒီဖုန်းဟာ Galaxy M10 ရဲ့ထပ်မံပြောင်းလဲထားတဲ့ ဗားရှင်းအသစ် Galaxy M10s လို့ ယူဆရတာပါ။

ဒီဖုန်းအသစ်ဟာ အိန္ဒိယဈေးကွက်ကနေ စတင်ဝင်ရောက်လာမယ်လို့ ယူဆရပြီး Geekbench စာရင်းထဲမှာတော့ 3GB RAM မန်မိုရီနဲ့ Android 9.0 Pie အသုံးပြုလာမယ်လို့ ဆိုထားပါတယ်။ Single-core Test မှာ ရလဒ် 1222 ရရှိထားပြီး Multi-core မှာတော့ 3202 ရထားတာကိုလည်း တွေ့ရမှာပါ။

Geekbench မှာတောင် အစမ်းသပ်ခံပြီးပြီဆိုတော့ ဖုန်းအသစ်ဟာ မကြာခင်လူမြင်ကွင်းကို ထွက်လာတော့မယ်လို့ ယူဆရပါတယ်။ လောလောဆယ်မှာတော့ ကျန်သေးတဲ့ Specs နဲ့ ဈေးနှုန်း စတာတွေကို သိရဖို့ အချိန်ခဏ စောင့်ရဦးမှာပါ။

Ref – GSM Arena