[Zawgyi]
အခုတော့ Samsung Galaxy M20 ဟာ ဥရောပဈေးကွက်ဆီကို ဦးတည်နေပြီ ဆိုတဲ့ သတင်းများ ထွက်ပေါ်လာပါတယ်။ ဂျာမနီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Galaxy M20 Firmware တွေကို SamMobile က တွေ့ရှိခဲ့တာကြောင့် အခုလိုမျိုး သတင်းတွေ ပေါ်ထွက်လာတာပါ။ Samsung အနေနဲ့ ဘက်ထရီ 5000mAh, FHD+ Waterdrop Notch Display, Exynos 7904 SoC နဲ့ USB Type-C တွေပါတဲ့ Galaxy M20 ကို ဥရောပနိုင်ငံတွေမှာ အိန္ဒိနိုင်ငံလိုမျိုး ဈေးသက်သက်သာသာနဲ့ ရောင်းချသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။
Galaxy M20 အပြင် Galaxy 10 ရော ပါဝင်နိုင်သလားဆိုတာ အတိအကျ မသိရသေးပေမယ့် သေချာတာကတော့ Samsung ဟာ Galaxy M စီးရီးဈေးကွက်ကို တိုးချဲ့ဖို့ ကြိုးစားနေပြီ ဆိုတာပါပဲ။ ဒါ့ကြောင့် အာရှဈေးကွက် အနှံ့အပြားကိုလည်း မကြာခင်မှာ ဖြန့်ချိလာနိုင်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း ရောက်ရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
Ref : GsmArena
[Unicode]
ဥရောပစျေးကွက်ထဲကို ဝင်ရောက်တော့မယ့် Galaxy M20
Samsung Galaxy M10 နဲ့ M20 တို့ဟာ မကြာသေးခင်ကမှ အိန္ဒိယစျေးကွက်ထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ကင်မရာ စွမ်းဆောင်ရည် ကောင်းမွန်မှုနဲ့ စျေးနှုန်းသက်သာမှုများကြောင့် နာမည်ကောင်း ရနေတဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ Galaxy M10 နဲ့ M20 ကို လောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာသာ ရောင်းချသေးတာဖြစ်ပြီး ကမ္ဘာအနှံ့အပြားကို ဖြန့်ချိရောင်းချခြင်း မရှိသေးပါဘူး။
အခုတော့ Samsung Galaxy M20 ဟာ ဥရောပစျေးကွက်ဆီကို ဦးတည်နေပြီ ဆိုတဲ့ သတင်းများ ထွက်ပေါ်လာပါတယ်။ ဂျာမနီ၊ စပိန်နဲ့ အီတလီနိုင်ငံတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Galaxy M20 Firmware တွေကို SamMobile က တွေ့ရှိခဲ့တာကြောင့် အခုလိုမျိူး သတင်းတွေ ပေါ်ထွက်လာတာပါ။ Samsung အနေနဲ့ ဘက်ထရီ 5000mAh, FHD+ Waterdrop Notch Display, Exynos 7904 SoC နဲ့ USB Type-C တွေပါတဲ့ Galaxy M20 ကို ဥရောပနိုင်ငံတွေမှာ အိန္ဒိနိုင်ငံလိုမျိူး စျေးသက်သက်သာသာနဲ့ ရောင်းချသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။
Galaxy M20 အပြင် Galaxy 10 ရော ပါဝင်နိုင်သလားဆိုတာ အတိအကျ မသိရသေးပေမယ့် သေချာတာကတော့ Samsung ဟာ Galaxy M စီးရီးစျေးကွက်ကို တိုးချဲ့ဖို့ ကြိုးစားနေပြီ ဆိုတာပါပဲ။ ဒါ့ကြောင့် အာရှစျေးကွက် အနှံ့အပြားကိုလည်း မကြာခင်မှာ ဖြန့်ချိလာနိုင်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း ရောက်ရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
Ref : GsmArena