[Zawgyi]

ဆမ္ေဆာင္းကုမၸဏီဟာ မၾကာခင္မွာ Galaxy M10 နဲ႔ M20 ဖုန္းသစ္ေတြကို ေၾကျငာေတာ့မွာပါ။ ဒီဖုန္းႏွစ္လုံးကို မိတ္ဆက္ၿပီးရင္ေတာ့ ေတာင္ကုိရီးယားကုမၸဏီဟာ M10 နဲ႔ M20 တုိ႔ထက္ Specs ပိုသာလြန္တဲ့ Galaxy M30 ဖုန္းကိုပါ ထပ္မံခ်ျပလာဦးမွာျဖစ္တယ္။ ဒီဖုန္းကေန ဘာေတြေမွ်ာ္လင့္ႏုိင္မလဲ ဆုိတာကိုေတာ့ အခုထြက္လာတဲ့ အခ်က္အလက္ေတြကို ၾကည့္ရေအာင္။

Galaxy M30 ဟန္းဆက္မွာ 6.38” လက္မအရြယ္ Display တစ္ခုပါလာမွာျဖစ္ၿပီး Full HD+ Resolution ကုိေထာက္ပံ့ေပးႏုိင္မယ့္ Infinity-U Display ဒီဇုိင္းျဖစ္လာႏုိင္ပါတယ္။ ဘကၳရီကေတာ့ 5,000 mAh ျဖစ္ႏုိင္ၿပီး သူ႕ရဲ႕ Concept ဒီဇုိင္းကို အခုလိုေတြ႕ရတယ္။

Galaxy M30 ဟာေနာက္ဘက္မွာ Triple ကင္မရာနဲ႔ ထြက္လာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အဲဒီကင္မရာေတြကေတာ့ 13MP + 5MP + 5MP ပါလာမယ္လို႔ ဆုိတယ္။ ဆယ္ဖီကင္မရာကလည္း 16MP တစ္ခုပါဦးမွာပါ။ ေရွ႕ကထြက္ခဲ့တဲ့ သတင္းေတြမွာေတာ့ ဒီဖုန္းကို Exynos 9610 ခ်စ္ပ္ဆက္ သုံးလာမယ္လို႔ ဆုိၾကတယ္။

ေလာေလာဆယ္မွာ Samsung Galaxy M30 ရဲ႕ထြက္ရွိရက္ကို မသိရေသးပါဘူး။ ေစ်းႏႈန္းနဲ႔ ပတ္သက္ၿပီးလည္း သတင္းမၾကားရေသးဘူး။ ဒါေပမယ့္ ေတာင္ကိုရီးယားအေျခစုိက္ ကုမၸဏီဟာ အခုႏွစ္ရဲ႕ ဒုတိယသုံးလပတ္အတြင္းမွာ ဒီဖုန္းကို မိတ္ဆက္လာႏုိင္ေျခရွိပါတယ္။

Ref – Playful Droid

[Unicode]

ဆမ်ဆောင်းကုမ္ပဏီဟာ မကြာခင်မှာ Galaxy M10 နဲ့ M20 ဖုန်းသစ်တွေကို ကြေငြာတော့မှာပါ။ ဒီဖုန်းနှစ်လုံးကို မိတ်ဆက်ပြီးရင်တော့ တောင်ကိုရီးယားကုမ္ပဏီဟာ M10 နဲ့ M20 တို့ထက် Specs ပိုသာလွန်တဲ့ Galaxy M30 ဖုန်းကိုပါ ထပ်မံချပြလာဦးမှာဖြစ်တယ်။ ဒီဖုန်းကနေ ဘာတွေမျှော်လင့်နိုင်မလဲ ဆိုတာကိုတော့ အခုထွက်လာတဲ့ အချက်အလက်တွေကို ကြည့်ရအောင်။

Galaxy M30 ဟန်းဆက်မှာ 6.38” လက်မအရွယ် Display တစ်ခုပါလာမှာဖြစ်ပြီး Full HD+ Resolution ကိုထောက်ပံ့ပေးနိုင်မယ့် Infinity-U Display ဒီဇိုင်းဖြစ်လာနိုင်ပါတယ်။ ဘက္ထရီကတော့ 5,000 mAh ဖြစ်နိုင်ပြီး သူ့ရဲ့ Concept ဒီဇိုင်းကို အခုလိုတွေ့ရတယ်။

Galaxy M30 ဟာနောက်ဘက်မှာ Triple ကင်မရာနဲ့ ထွက်လာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အဲဒီကင်မရာတွေကတော့ 13MP + 5MP + 5MP ပါလာမယ်လို့ ဆိုတယ်။ ဆယ်ဖီကင်မရာကလည်း 16MP တစ်ခုပါဦးမှာပါ။ ရှေ့ကထွက်ခဲ့တဲ့ သတင်းတွေမှာတော့ ဒီဖုန်းကို Exynos 9610 ချစ်ပ်ဆက် သုံးလာမယ်လို့ ဆိုကြတယ်။

လောလောဆယ်မှာ Samsung Galaxy M30 ရဲ့ထွက်ရှိရက်ကို မသိရသေးပါဘူး။ ဈေးနှုန်းနဲ့ ပတ်သက်ပြီးလည်း သတင်းမကြားရသေးဘူး။ ဒါပေမယ့် တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီဟာ အခုနှစ်ရဲ့ ဒုတိယသုံးလပတ်အတွင်းမှာ ဒီဖုန်းကို မိတ်ဆက်လာနိုင်ခြေရှိပါတယ်။

Ref – Playful Droid