[Zawgyi]

အိႏိၵယေစ်းကြက္မွာ ျပန္လည္ေနရာယူႏုိင္ဖို႔ Samsung  ျပန္ၾကိဳးစားလာျခင္းကို Galaxy M10 နဲ႔ M20 ေတြက သက္ေသခံေနတာပါပဲ။ Note Series, S Series, A Series, J Series ေတြနဲ႔ Samsung မွာ ေနာက္ထပ္ M Series သစ္တစ္ခု တိုးလာခဲ့တာ ျဖစ္ျပီး အခုလည္း M10, M20 တို႔ျပီးရင္ တတိယေျမာက္ Samsung Galaxy M Series ဖုန္းတစ္လံုး ထြက္ဖို႔ ျပင္ေနပံုရပါတယ္။

ရက္အတိအက်ေတာ့ မသိရေသးေပမယ့္ ထြက္လာမယ့္ Galaxy M30 ကေတာ့ FCC ရဲ႕ အသိအမွတ္ျပဳမႈကို ရခဲ့ျပီးပါျပီ။ အဲဒီကေနပဲ သိခဲ့ရတဲ့ Specs တစ္ခ်ိဳ႕အရေတာ့ Galaxy M10 နဲ႔ M20 တို႔မွာ မေတြ႔ခဲ့ မခံစားလိုက္ရတာေတြကို M30  က ႏွစ္သိမ့္ေပးႏုိင္ေလာက္ေအာင္ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

အရင္ကလည္း ဒီဖုန္းနဲ႔ ပတ္သတ္လို႔ ဒီဇုိင္းေတြ ေပါက္ၾကားခဲ့ဖူးပါတယ္။ ေက်ာဘက္မွာ LED Flash နဲ႔အတူ ကင္မရာ ၃လံုး ပါတာေတြ၊ ဘယ္ဘက္ထိပ္ေဒါင့္မွာ ကင္မရာ ေဒါင္လိုက္ထားတာေတြနဲ႔ ေနာက္ေက်ာဘက္မွာ Fingerprint ပါတာေတြကအစ ဒီဇုိင္းက ေပါက္ၾကားခဲ့ျပီးပါျပီ။

အခုထြက္လာတဲ့ Specs Sheet အတိုင္းဆို Samsung Galaxy M30 ဟာ 6.4-inch Super AMOLED Display ကိုမွ V-Shape Notch Display ေလးနဲ႔ ထြက္လာမွာျဖစ္ျပီး Screen Resolution ကေတာ့ (2220 x 1080p) Full HD+ Resolution နဲ႔ပါ။ ေဘာင္ေတြလည္း ေတာ္ေတာ္ေလးေသးသြားျပီး ေရွ႕ဘက္ Selfie Camera ကေတာ့ ထံုးစံအတိုင္း V-Shape Notch ေလးထဲမွာ ထည့္ထားမွာပါ။

Camera Sensor ေတြကေတာ့ Selfie အတြက္နဲ႔ Face Unlock အတြက္ 16MP Camera ကုိ သံုးထားျပီး ေက်ာဘက္မွာေတာ့ 13MP Sensor ၁ခုနဲ႔ 5MP Sensor ၂ခုကို LED Flash မီးနဲ႔အတူ တြဲျမင္ရပါလိမ့္မယ္။

Chipset ကေတာ့ Samsung ရဲ႕ ကိုယ္ပိုင္ Exynos 7904 ကိုပဲ သံုးထားျပီးေတာ့ RAM 6GB , Internal Storage 128GB နဲ႔ လာမွာျဖစ္ပါတယ္။ ေနာက္ထပ္ေတာ့ RAM 4GB, Storage 64GB Version လည္း လာမယ္လို႔ေတာ့ မွန္းရပါတယ္။ Type-C နဲ႔ နားၾကပ္ေပါက္ပါတာကေတာ့ ေက်နပ္စရာပါပဲ။

Android 9 Pie ကို Based လုပ္ထားတဲ့ Samsung ရဲ႕ One UI အသစ္ေလးနဲ႔ ထြက္လာမွာျဖစ္ျပီး Battery 5,000mAh ဆိုတာကေတာ့ Samsung ဖုန္းတစ္လံုးအတြက္ စိတ္ဝင္စားစရာအေကာင္းဆံုး Specs တစ္ခု ျဖစ္လာမွာပါ။ စိတ္ဝင္စားဖြယ္ Specs ေလးေတြအတိုင္း ဘယ္ခ်ိန္မွာ ထြက္လာမလဲဆိုတာပဲ ေစာင့္ရံုက်န္ပါေတာ့တယ္။

Source: GizmoChina

 

[Unicode]

 

အိန္ဒိယဈေးကွက်မှာ ပြန်လည်နေရာယူနိုင်ဖို့ Samsung  ပြန်ကြိုးစားလာခြင်းကို Galaxy M10 နဲ့ M20 တွေက သက်သေခံနေတာပါပဲ။ Note Series, S Series, A Series, J Series တွေနဲ့ Samsung မှာ နောက်ထပ် M Series သစ်တစ်ခု တိုးလာခဲ့တာ ဖြစ်ပြီး အခုလည်း M10, M20 တို့ပြီးရင် တတိယမြောက် Samsung Galaxy M Series ဖုန်းတစ်လုံး ထွက်ဖို့ ပြင်နေပုံရပါတယ်။

ရက်အတိအကျတော့ မသိရသေးပေမယ့် ထွက်လာမယ့် Galaxy M30 ကတော့ FCC ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပြီးပါပြီ။ အဲဒီကနေပဲ သိခဲ့ရတဲ့ Specs တစ်ချို့အရတော့ Galaxy M10 နဲ့ M20 တို့မှာ မတွေ့ခဲ့ မခံစားလိုက်ရတာတွေကို M30  က နှစ်သိမ့်ပေးနိုင်လောက်အောင် စိတ်ဝင်စားဖို့ကောင်းပါတယ်။

အရင်ကလည်း ဒီဖုန်းနဲ့ ပတ်သတ်လို့ ဒီဇိုင်းတွေ ပေါက်ကြားခဲ့ဖူးပါတယ်။ ကျောဘက်မှာ LED Flash နဲ့အတူ ကင်မရာ ၃လုံး ပါတာတွေ၊ ဘယ်ဘက်ထိပ်ဒေါင့်မှာ ကင်မရာ ဒေါင်လိုက်ထားတာတွေနဲ့ နောက်ကျောဘက်မှာ Fingerprint ပါတာတွေကအစ ဒီဇိုင်းက ပေါက်ကြားခဲ့ပြီးပါပြီ။

အခုထွက်လာတဲ့ Specs Sheet အတိုင်းဆို Samsung Galaxy M30 ဟာ 6.4-inch Super AMOLED Display ကိုမှ V-Shape Notch Display လေးနဲ့ ထွက်လာမှာဖြစ်ပြီး Screen Resolution ကတော့ (2220 x 1080p) Full HD+ Resolution နဲ့ပါ။ ဘောင်တွေလည်း တော်တော်လေးသေးသွားပြီး ရှေ့ဘက် Selfie Camera ကတော့ ထုံးစံအတိုင်း V-Shape Notch လေးထဲမှာ ထည့်ထားမှာပါ။

Camera Sensor တွေကတော့ Selfie အတွက်နဲ့ Face Unlock အတွက် 16MP Camera ကို သုံးထားပြီး ကျောဘက်မှာတော့ 13MP Sensor ၁ခုနဲ့ 5MP Sensor ၂ခုကို LED Flash မီးနဲ့အတူ တွဲမြင်ရပါလိမ့်မယ်။

Chipset ကတော့ Samsung ရဲ့ ကိုယ်ပိုင် Exynos 7904 ကိုပဲ သုံးထားပြီးတော့ RAM 6GB , Internal Storage 128GB နဲ့ လာမှာဖြစ်ပါတယ်။ နောက်ထပ်တော့ RAM 4GB, Storage 64GB Version လည်း လာမယ်လို့တော့ မှန်းရပါတယ်။ Type-C နဲ့ နားကြပ်ပေါက်ပါတာကတော့ ကျေနပ်စရာပါပဲ။

Android 9 Pie ကို Based လုပ်ထားတဲ့ Samsung ရဲ့ One UI အသစ်လေးနဲ့ ထွက်လာမှာဖြစ်ပြီး Battery 5,000mAh ဆိုတာကတော့ Samsung ဖုန်းတစ်လုံးအတွက် စိတ်ဝင်စားစရာအကောင်းဆုံး Specs တစ်ခု ဖြစ်လာမှာပါ။ စိတ်ဝင်စားဖွယ် Specs လေးတွေအတိုင်း ဘယ်ချိန်မှာ ထွက်လာမလဲဆိုတာပဲ စောင့်ရုံကျန်ပါတော့တယ်။

Source: GizmoChina