Zawgyi

Samsung ရဲ႕ Galaxy M စီးရီးေတြကို ေစ်းကြက္ထဲ ျပန္လည္ပုိ႔ေဆာင္လာဖို႔ အခ်ိန္ကေတာ့ က်ေရာက္လာျပန္ပါၿပီ။ Samsung Galaxy M30s ဟာ လူႀကိဳက္မ်ားခဲ့တဲ့ Galaxy M30 ကို အႀကီးစား ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္လာမယ့္ ဗားရွင္းအသစ္ျဖစ္ပါတယ္။

အရင္ကထြက္ေပၚခဲ့တဲ့ M30s အတြက္ ကာဗာပုံေတြထဲမွာ ကင္မရာအတြက္ ျဖတ္ေတာက္ထားတဲ့ ေနရာလြတ္ပုံစံေၾကာင့္ အေတြးမ်ားစရာျဖစ္ခဲ့ေပမယ့္ ယခုထြက္ေပၚလာတဲ့ Render ပုံရိပ္ေတြထဲမွာ M30s ဟာ ေနာက္ကင္မရာသုံးလုံးကို အႀကီးစားျပဳျပင္ထားတဲ့ Module နဲ႔ထည့္သြင္းလာမွာျဖစ္တာကို ေတြ႕ရပါတယ္။

အဓိကကင္မရာကိုလည္း မူရင္း 13MP ကေန 48MP ကို ခုန္ေက်ာ္တုိးျမွင့္လာမွာပါ။ ပိုႀကီးလာတဲ့ Camera Island ေနရာက LED Flash ကုိပါ ထည့္ထားႏုိင္ၿပီျဖစ္ပါတယ္။ က်န္တဲ့ ကင္မရာႏွစ္ခုကေတာ့ မူရင္း M30 လိုပဲ Ultra-wide နဲ႔ Depth Sensor ျဖစ္ပါလိမ့္မယ္။

Galaxy M30s ဟာ အတြင္းပိုင္းမွာလည္း ပုိေကာင္းတဲ့ခ်စ္ပ္ဆက္ Exynos 9610 နဲ႔ပြဲထြက္လာမွာပါ။ ဒီခ်စ္ပ္ဆက္ကို Galaxy A50 မွာလည္းအသုံးျပဳထားၿပီး A73 Core ႏွစ္ခုအစား ေလးခုပါဝင္လာသလုိ ပိုေကာင္းတဲ့ GPU လည္းပါဝင္ပါတယ္။ Mali-G72 MP3 ဟာ ယခင္ G71 MP2 ထက္ စြမ္းေဆာင္ရည္ပုိင္းမွာေရာ၊ စြမ္းအင္ေခၽြတာမႈမွာပါ သာလြန္ပါတယ္။ ဘကၳရီကေတာ့ 5,000 mAh ကိုပဲ ဆက္သုံးမယ့္ပုံေပၚေပမယ့္ M30s ဟာ ဒီတုိင္းဆုိရင္ A50 ထက္ေတာင္ ေကာင္းေနပါၿပီ။

Samsung Galaxy M30s ဖုန္းဟာ ေနာက္လမွာ အိႏၵိယေစ်းကြက္ကေန စတင္မိတ္ဆက္လာဖို႔ ခန္႔မွန္းရပါတယ္။ ခန္႔မွန္းေစ်းႏႈန္းကေတာ့ အိႏၵိယရူပီး ၁၄၀၀၀ (ျမန္မာေငြ သုံးသိန္းနီးပါး) နဲ႔ ရူပီး ၂၁၅၀၀ (ျမန္မာေငြ ေလးသိန္းခြဲခန္႔) အတြင္းမွာရွိမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Samsung ရဲ့ Galaxy M စီးရီးတွေကို ဈေးကွက်ထဲ ပြန်လည်ပို့ဆောင်လာဖို့ အချိန်ကတော့ ကျရောက်လာပြန်ပါပြီ။ Samsung Galaxy M30s ဟာ လူကြိုက်များခဲ့တဲ့ Galaxy M30 ကို အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာမယ့် ဗားရှင်းအသစ်ဖြစ်ပါတယ်။

အရင်ကထွက်ပေါ်ခဲ့တဲ့ M30s အတွက် ကာဗာပုံတွေထဲမှာ ကင်မရာအတွက် ဖြတ်တောက်ထားတဲ့ နေရာလွတ်ပုံစံကြောင့် အတွေးများစရာဖြစ်ခဲ့ပေမယ့် ယခုထွက်ပေါ်လာတဲ့ Render ပုံရိပ်တွေထဲမှာ M30s ဟာ နောက်ကင်မရာသုံးလုံးကို အကြီးစားပြုပြင်ထားတဲ့ Module နဲ့ထည့်သွင်းလာမှာဖြစ်တာကို တွေ့ရပါတယ်။

အဓိကကင်မရာကိုလည်း မူရင်း 13MP ကနေ 48MP ကို ခုန်ကျော်တိုးမြှင့်လာမှာပါ။ ပိုကြီးလာတဲ့ Camera Island နေရာက LED Flash ကိုပါ ထည့်ထားနိုင်ပြီဖြစ်ပါတယ်။ ကျန်တဲ့ ကင်မရာနှစ်ခုကတော့ မူရင်း M30 လိုပဲ Ultra-wide နဲ့ Depth Sensor ဖြစ်ပါလိမ့်မယ်။

Galaxy M30s ဟာ အတွင်းပိုင်းမှာလည်း ပိုကောင်းတဲ့ချစ်ပ်ဆက် Exynos 9610 နဲ့ပွဲထွက်လာမှာပါ။ ဒီချစ်ပ်ဆက်ကို Galaxy A50 မှာလည်းအသုံးပြုထားပြီး A73 Core နှစ်ခုအစား လေးခုပါဝင်လာသလို ပိုကောင်းတဲ့ GPU လည်းပါဝင်ပါတယ်။ Mali-G72 MP3 ဟာ ယခင် G71 MP2 ထက် စွမ်းဆောင်ရည်ပိုင်းမှာရော၊ စွမ်းအင်ချွေတာမှုမှာပါ သာလွန်ပါတယ်။ ဘက္ထရီကတော့ 5,000 mAh ကိုပဲ ဆက်သုံးမယ့်ပုံပေါ်ပေမယ့် M30s ဟာ ဒီတိုင်းဆိုရင် A50 ထက်တောင် ကောင်းနေပါပြီ။

Samsung Galaxy M30s ဖုန်းဟာ နောက်လမှာ အိန္ဒိယဈေးကွက်ကနေ စတင်မိတ်ဆက်လာဖို့ ခန့်မှန်းရပါတယ်။ ခန့်မှန်းဈေးနှုန်းကတော့ အိန္ဒိယရူပီး ၁၄၀၀၀ (မြန်မာငွေ သုံးသိန်းနီးပါး) နဲ့ ရူပီး ၂၁၅၀၀ (မြန်မာငွေ လေးသိန်းခွဲခန့်) အတွင်းမှာရှိမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena