Samsung ရဲ့ Galaxy M Series စမတ်ဖုန်းတွေဟာ စျေးနှုန်းသက်သာပြီးတော့ Battery ပိုင်းမှာတခြားသော စမတ်ဖုန်းတွေထက်ကောင်းမွန်တဲ့အတွက် အောင်မြင်နေတယ်လို့တောင် ပြောလို့ရပါတယ်။ အခုလည်း Samsung ကနေ Galaxy M31s စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာပါ။

နောက်ဆုံးသိရတဲ့သတင်းတွေအရ Galaxy M31s ရဲ့ Render ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပါတယ်။အဆိုပါ Render ပုံတွေနဲ့အတူ ယခင် M Series စမတ်ဖုန်းတွေမှာပါဝင်ခြင်းမရှိတဲ့ Feature တစ်ခုကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါကတေ့ာ Samsung Galaxy M31s စမတ်ဖုန်းဟာ Galaxy M Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ In-Display Fingerprint Sensor ပါဝင်လာမှာပဲဖြစ်ပါတယ်။ In-Display Fingerprint Sensor ဟာ လက်ရှိ Galaxy A Series ဖုန်းတွေမှာတော့ ပါဝင်နေကျဖြစ်ပေမယ့် အခုအချိန်မှ M Series မှာ စတင်ထည့်သွင်းလာမယ့်ပုံစံပါပဲ။

Galaxy M31s စမတ်ဖုန်းဟာ Infinity-O AMOLED Display ပါဝင်မှာဖြစ်ပြီး Exynos 9611 Processor ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ 64MP Primary Sensor + 8MP Ultrawide + 5MP Macro + 5MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကိုထည့်သွင်းထားမှာပါ။ Battery ပိုင်းအနေနဲ့ကတော့ 6000mAh Battery ပါဝင်မှာဖြစ်ပြီး 20,000 INR (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) နဲ့ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China