Samsung Galaxy M51 ကို အိန္ဒိယမှာ ကြေညာတော့မှာဖြစ်ပြီး M Series ထဲမှာ စွမ်းရည်အမြင့်ဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ ဒီသတင်းဟာ Samsung နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ထွက်လာတာ ဖြစ်ပြီး Samsung စက်ရုံတွေမှာ ကုန်ပစ္စည်း ထုတ်လုပ်မှု ပြဿနာတွေကြောင့် အိန္ဒိယမှာ စက်တင်ဘာလကျမှ ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။

Galaxy M51 ကို စက်တင်ဘာလ မတိုင်ခင်မှာ တခြားနေရာတွေမှာ ကြေညာနိုင်ပါတယ်။ ဒါပေမယ့် Samsung က Galaxy M Series တွေကို အိန္ဒိယမှာ အစောဆုံး ကြေညာလေ့ရှိပါတယ်။

Galaxy M51 မှာ Snapdragon 730 Chipset မောင်းနှင်ထားမယ်လို့ ထင်ပါတယ်။ 8GB RAM နဲ့ 128GB Storage တွေပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ ပင်မ ကင်မရာ အနေနဲ့ 64MP ထည့်သွင်းထားနိုင်ပြီး Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားနိုင်ပါတယ်။ Super AMOLED မျက်နှာပြင် သုံးထားနိုင်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာနိုင်ပါတယ်။

Ref : gsmarena