[Zawgyi]

Galaxy Note 10+ ဟာ သူ႔မွာ ပါတဲ့ 25W Charger နဲ႔ ၀ ကေန ၁၀၀ ရာခုိင္ႏႈန္း အားသြင္းဖို႔ ၁ နာရီနဲ႔ ၅ မိနစ္သာၾကာပါတယ္။ Galaxy Note Series ေတြထဲမွာေတာ့ Note 10+ မွာပါတဲ့ 4,300mAh Battery က အႀကီးဆံုးျဖစ္ၿပီး 25W Fast Charging ကို ေထာက္ပံ့ပါတယ္။ အဲဒီဖုန္းဟာ 45W Fast Charging ကိုေတာင္ ေထာက္ပံ့ပါတယ္။ ဒါေပမယ့္ ဘူးထဲမွာ ပါတဲ့ 25W Charger နဲ႔တင္ ေတာ္ေတာ္ကို ျမန္ေနပါၿပီ။

YouTube Channel ၁ ခုျဖစ္တဲ့  Gadgets Portal က Note 10+ ရဲ႕ အားသြင္းႏႈန္းကို Note 9, OnePlus 7 Pro,  iPhone XS Max တို႔နဲ႔ ႏိႈင္းယွဥ္စမ္းသပ္ခဲ့ၿပီး Note 10+ ဟာ အားသြင္းအျမန္ဆံုး ျဖစ္တယ္ဆိုတာကို ေတြ႔ခဲ့ရပါတယ္။ OnePlus 7 Pro ရဲ႕ 4,000mAh Battery ကို OnePlus ရဲ႕ 30W Charger နဲ႔ အားသြင္းတဲ့အခါ အစပိုင္းမွာ Note 10+ ထက္ ပိုျမန္ခဲ့ေပမယ့္ ၁၀၀ ရာခုိင္ႏႈန္း အားသြင္းၿပီးခ်ိိန္မွာ Note 10+ ထက္ မိနစ္ ၃၀ ေနာက္က်ခဲ့ပါတယ္။ OnePlus 7 Pro ဟာ ၁၀၀ ရာခိုင္ႏႈန္း ျပည့္ခါနီးမွာ 10W နဲ႔သာ အားသြင္းခဲ့ၿပီး Note 10+ ကေတာ့ 15W အထိသာ ေလွ်ာ့ခ်ခဲ့လို႔ ျဖစ္ပါတယ္။

Galaxy Note 9 ရဲ႕ 4,000mAh Battery ဟာ အားျပည့္ဖို႔ ၂ နာရီနီးပါးနဲ႔ iPhone XS Max ဟာ ၂ နာရီနဲ႔ ၃ မိနစ္ၾကာခဲ့ပါတယ္။ စမ္းသပ္မႈမွာ Galaxy S10+ မပါေပမယ့္ အားအျပည့္သြင္းဖို႔ ၁ နာရီနဲ႔ မိနစ္ ၃၀ ေလာက္ၾကာတတ္ပါတယ္။

Samsung က Note 10+ ကို မိနစ္ ၃၀ အားသြင္းရင္ ၁ ေန႔လံုး အသံုးခံတယ္လို႔ ေျပာထားၿပီး ၆၀ ရာခုိင္ႏႈန္းေလာက္ အားျပည့္သြားမွာ ျဖစ္ပါတယ္။ 45W Charger နဲ႔ ဆိုရင္ Note 10+ ရဲ႕ အားသြင္းႏႈန္းဟာ ဘယ္ေလာက္ျမန္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : sammobile , gsmarena

[Unicode]

iPhone XS Max နဲ့ OnePlus 7 Pro ထက် အားသွင်းပိုမြန်တဲ့ Galaxy Note 10+

Galaxy Note 10+ ဟာ သူ့မှာ ပါတဲ့ 25W Charger နဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းဖို့ ၁ နာရီနဲ့ ၅ မိနစ်သာကြာပါတယ်။ Galaxy Note Series တွေထဲမှာတော့ Note 10+ မှာပါတဲ့ 4,300mAh Battery က အကြီးဆုံးဖြစ်ပြီး 25W Fast Charging ကို ထောက်ပံ့ပါတယ်။ အဲဒီဖုန်းဟာ 45W Fast Charging ကိုတောင် ထောက်ပံ့ပါတယ်။ ဒါပေမယ့် ဘူးထဲမှာ ပါတဲ့ 25W Charger နဲ့တင် တော်တော်ကို မြန်နေပါပြီ။

YouTube Channel ၁ ခုဖြစ်တဲ့ Gadgets Portal က Note 10+ ရဲ့ အားသွင်းနှုန်းကို Note 9, OnePlus 7 Pro, iPhone XS Max တို့နဲ့ နှိုင်းယှဉ်စမ်းသပ်ခဲ့ပြီး Note 10+ ဟာ အားသွင်းအမြန်ဆုံး ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ OnePlus 7 Pro ရဲ့ 4,000mAh Battery ကို OnePlus ရဲ့ 30W Charger နဲ့ အားသွင်းတဲ့အခါ အစပိုင်းမှာ Note 10+ ထက် ပိုမြန်ခဲ့ပေမယ့် ၁၀၀ ရာခိုင်နှုန်း အားသွင်းပြီးချိန်မှာ Note 10+ ထက် မိနစ် ၃၀ နောက်ကျခဲ့ပါတယ်။ OnePlus 7 Pro ဟာ ၁၀၀ ရာခိုင်နှုန်း ပြည့်ခါနီးမှာ 10W နဲ့သာ အားသွင်းခဲ့ပြီး Note 10+ ကတော့ 15W အထိသာ လျှော့ချခဲ့လို့ ဖြစ်ပါတယ်။

Galaxy Note 9 ရဲ့ 4,000mAh Battery ဟာ အားပြည့်ဖို့ ၂ နာရီနီးပါးနဲ့ iPhone XS Max ဟာ ၂ နာရီနဲ့ ၃ မိနစ်ကြာခဲ့ပါတယ်။ စမ်းသပ်မှုမှာ Galaxy S10+ မပါပေမယ့် အားအပြည့်သွင်းဖို့ ၁ နာရီနဲ့ မိနစ် ၃၀ လောက်ကြာတတ်ပါတယ်။

Samsung က Note 10+ ကို မိနစ် ၃၀ အားသွင်းရင် ၁ နေ့လုံး အသုံးခံတယ်လို့ ပြောထားပြီး ၆၀ ရာခိုင်နှုန်းလောက် အားပြည့်သွားမှာ ဖြစ်ပါတယ်။ 45W Charger နဲ့ ဆိုရင် Note 10+ ရဲ့ အားသွင်းနှုန်းဟာ ဘယ်လောက်မြန်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : sammobile , gsmarena