Zawgyi

မေန႔က Samsung Galaxy Note 10 ရဲ႕ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ၿပီး ဖုန္းရဲ႕ ဒီဇုိင္းကို ျမင္ေတြ႕ခြင့္ ရခဲ့ၾကပါတယ္။ ဒီေန႔မွာေတာ့ Note 10 Pro ဗားရွင္းရဲ႕ ပုံကို ထပ္ၿပီးျမင္ေတြ႕ရျပန္ပါၿပီ။ ဒီႏွစ္ၾကိမ္စလုံး Leak လုပ္ေပးခဲ့တာကေတာ့ တူညီတဲ့ရင္းျမစ္ “OnLeaks” တစ္ခုထဲကပဲ ျဖစ္ပါတယ္။

ျမင္ရတဲ့အတုိင္းပဲ Galaxy Note10 Pro ဟာ ပုံမွန္ Note 10 နဲ႔ အလြန္ဆင္တူပါတယ္။ ဒါေပမယ့္ ႏွစ္ခုၾကားမွာ ကြာျခားခ်က္အနည္းငယ္ေတာ့ ရွိတယ္။ Note 10 ရဲ႕ေနာက္ေက်ာမွာ Triple-camera နဲ႔ပြဲထြက္လာေပမယ့္ Note 10 Pro ကေတာ့ Quad-camera နဲ႔တစ္လုံးပိုၿပီး ထြက္လာပါတယ္။ ေလးခုေျမာက္ ကင္မရာဟာ 3D ToF Sensor ျဖစ္ၿပီး က်န္တဲ့ Lens ေတြကေတာ့ Galaxy S10 5G နဲ႔အတူတူပဲလို႔ ဆုိတယ္။

ဒါ့အျပင္ Galaxy Note 10 ဟာ 6.3” Display နဲ႔ထြက္လာမယ္လို႔ သတင္းထြက္ေနခ်ိန္မွာ Pro ဗားရွင္း ကေတာ့ 6.75” ထိရွိမယ္လို႔ ဆုိပါတယ္။ Screen ေတြရဲ႕ Resolution ကေတာ့ အတူတူပဲျဖစ္ေပမယ့္ ဘကၳရီအား ကေတာ့ သိသာစြာကြဲျပားပါလိမ့္မယ္။

က်န္တာေတြကေတာ့ ဒီႏွစ္ခုမွာ အားလုံးအတူတူပါပဲ။ ႏွစ္ခုစလုံးမွာ Punch-hole ဆယ္ဖီေတြ ထည့္လာမယ္၊ ခလုတ္ေတြကိုလည္း တူညီစြာေနရာခ်ထားၿပီး 3.5mm Audio Jack လည္း ႏွစ္ေယာက္လုံးမွာ မပါပါဘူး။ ေနာက္ဘက္မွာ Fingerprint ကုိမျမင္ရတဲ့အတြက္လည္း Screen ေအာက္မွာပဲ ထည့္လာမယ္လို႔ ယူဆရပါတယ္။

Samsung ဟာ Galaxy Note 10 စီးရီးကို လာမယ့္ ၾသဂုတ္လေလာက္မွ မိတ္ဆက္လာမယ္လို႔ ယူဆရတဲ့အတြက္ ဒီလပုိင္းအတြင္းမွာ သူတုိ႔ရဲ႕သတင္းေတြ ပိုလို႔ၾကားရဦးမွာပါ။

Ref – GSM Arena

Unicode

မနေ့က Samsung Galaxy Note 10 ရဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီး ဖုန်းရဲ့ ဒီဇိုင်းကို မြင်တွေ့ခွင့် ရခဲ့ကြပါတယ်။ ဒီနေ့မှာတော့ Note 10 Pro ဗားရှင်းရဲ့ ပုံကို ထပ်ပြီးမြင်တွေ့ရပြန်ပါပြီ။ ဒီနှစ်ကြိမ်စလုံး Leak လုပ်ပေးခဲ့တာကတော့ တူညီတဲ့ရင်းမြစ် “OnLeaks” တစ်ခုထဲကပဲ ဖြစ်ပါတယ်။

မြင်ရတဲ့အတိုင်းပဲ Galaxy Note10 Pro ဟာ ပုံမှန် Note 10 နဲ့ အလွန်ဆင်တူပါတယ်။ ဒါပေမယ့် နှစ်ခုကြားမှာ ကွာခြားချက်အနည်းငယ်တော့ ရှိတယ်။ Note 10 ရဲ့နောက်ကျောမှာ Triple-camera နဲ့ပွဲထွက်လာပေမယ့် Note 10 Pro ကတော့ Quad-camera နဲ့တစ်လုံးပိုပြီး ထွက်လာပါတယ်။ လေးခုမြောက် ကင်မရာဟာ 3D ToF Sensor ဖြစ်ပြီး ကျန်တဲ့ Lens တွေကတော့ Galaxy S10 5G နဲ့အတူတူပဲလို့ ဆိုတယ်။

ဒါ့အပြင် Galaxy Note 10 ဟာ 6.3” Display နဲ့ထွက်လာမယ်လို့ သတင်းထွက်နေချိန်မှာ Pro ဗားရှင်း ကတော့ 6.75” ထိရှိမယ်လို့ ဆိုပါတယ်။ Screen တွေရဲ့ Resolution ကတော့ အတူတူပဲဖြစ်ပေမယ့် ဘက္ထရီအား ကတော့ သိသာစွာကွဲပြားပါလိမ့်မယ်။

ကျန်တာတွေကတော့ ဒီနှစ်ခုမှာ အားလုံးအတူတူပါပဲ။ နှစ်ခုစလုံးမှာ Punch-hole ဆယ်ဖီတွေ ထည့်လာမယ်၊ ခလုတ်တွေကိုလည်း တူညီစွာနေရာချထားပြီး 3.5mm Audio Jack လည်း နှစ်ယောက်လုံးမှာ မပါပါဘူး။ နောက်ဘက်မှာ Fingerprint ကိုမမြင်ရတဲ့အတွက်လည်း Screen အောက်မှာပဲ ထည့်လာမယ်လို့ ယူဆရပါတယ်။

Samsung ဟာ Galaxy Note 10 စီးရီးကို လာမယ့် သြဂုတ်လလောက်မှ မိတ်ဆက်လာမယ်လို့ ယူဆရတဲ့အတွက် ဒီလပိုင်းအတွင်းမှာ သူတို့ရဲ့သတင်းတွေ ပိုလို့ကြားရဦးမှာပါ။

Ref – GSM Arena