[Zawgyi]

သိပ္မၾကာတဲ့ရက္ေတြတုန္းက Galaxy Note 10+ ဟာ Samsung ရဲ႕ 45W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္မယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါေသးတယ္။ ဒီသတင္းအတိုင္းသာဆိုရင္ေတာ့ 40W အျမန္အားသြင္းစနစ္ ေထာက္ပံ့ထားတဲ့ Huawei P30 Pro နဲ႔ ႏႈိင္းယွဥ္လို႔ရသြားမယ့္ အေျခအေနျဖစ္လာပါလိမ့္မယ္။

၂၀၁၉ အေစာပိုင္းကစၿပီး Samsung ဟာ ဘက္ထရီပိုင္းဆိုင္ရာမွာ နည္းပါးတဲ့ပမာဏကိုသာ အသုံးျပဳခဲ့တာ၊ ေခတ္နဲ႔ေလ်ာ္ညီတဲ့ အျမန္အားသြင္းစနစ္ပိုင္းမွာ တန္းတူမေထာက္ပံ့ႏိုင္ေသးတာေတြကို ျပဳျပင္ခ်င္တဲ့ ပုံစံေကာင္းေတြ ျပသလာတာပဲ ျဖစ္ပါတယ္။ အခုလို နည္းပညာအဆင့္ျမႇင့္တင္လိုက္တာဟာ Samsung အားေပးသူေတြအတြက္ ဝမ္းသာစရာ သတင္းေကာင္းပဲ ျဖစ္ပါလိမ့္မယ္။

Ice universe ရဲ႕ အဆိုအရ Galaxy Note 10+ ဟာ 45W အျမန္အားသြင္းစနစ္တင္မကဘဲ ႀကိဳးမဲ့အားသြင္းစနစ္မွာလည္း 20W ကို ေထာက္ပံ့ေပးထားမယ္လို႔ သိထားရပါတယ္။ ဒါေပမယ့္ ကိုရီးယားကုမၸဏီႀကီးဟာ အားသြင္းစက္ေတြကို သီးသန႔္ထုတ္သြားမွာျဖစ္ၿပီး Galaxy Note 10+ ဘူးထဲမွာေတာ့ 25W ပဲ ပါဝင္လာမယ္လို႔ ဆိုပါတယ္။

သတင္းေတြအေပၚသုံးသပ္ၾကည့္ရသေလာက္ကေတာ့ Samsung ဟာ 25W ကိုပဲ ထုတ္ေပးခ်င္ေနေသးတဲ့ သေဘာလို႔ ဆိုရမွာပါ။ 45W အားသြင္းစက္နဲ႔ပတ္သက္တဲ့ သတင္းေတြကလည္း အေထာက္အထားခိုင္ခိုင္လုံလုံမရွိေသးဘဲ Tipster ေတြရဲ႕ ေရးသားမႈပဲ ရွိေသးတာ ျဖစ္ပါတယ္။ အကယ္၍ အမွန္တကယ္ထြက္ေပၚလာရင္လည္း သီးသန႔္ေရာင္းခ်သြားမယ္ဆိုတဲ့ ခန႔္မွန္းခ်က္အတိုင္း ျဖစ္ေပၚလာဖြယ္ရွိေနတာပါ။

ေနာက္ဆုံးထြက္ထားတဲ့ သတင္းအရဆိုရင္ေတာ့ Galaxy Note 10+ ဟာ 4,170mAh ဘက္ထရီကို အသုံးျပဳထားဖြယ္ ရွိပါတယ္။ ဒီပမာဏဟာ ကနဦးေကာလာဟလသတင္းေတြမွာ ေဖာ္ျပထားတဲ့ 4,500mAh ဆိုတဲ့ ပမာဏထက္ေတာ့ နည္းပါးေနပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က Galaxy Note 9 ထက္ေတာ့ 170mAh ပိုမ်ားလာတယ္လို႔ ဆိုရမွာပါ။

Ref: Phone Arena

[Unicode]

Samsung Galaxy Note 10+ မှာ 45W အားသွင်းစနစ်ထောက်ပံ့လာနိုင်

သိပ်မကြာတဲ့ရက်တွေတုန်းက Galaxy Note 10+ ဟာ Samsung ရဲ့ 45W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီသတင်းအတိုင်းသာဆိုရင်တော့ 40W အမြန်အားသွင်းစနစ် ထောက်ပံ့ထားတဲ့ Huawei P30 Pro နဲ့ နှိုင်းယှဉ်လို့ရသွားမယ့် အခြေအနေဖြစ်လာပါလိမ့်မယ်။

၂၀၁၉ အစောပိုင်းကစပြီး Samsung ဟာ ဘက်ထရီပိုင်းဆိုင်ရာမှာ နည်းပါးတဲ့ပမာဏကိုသာ အသုံးပြုခဲ့တာ၊ ခေတ်နဲ့လျော်ညီတဲ့ အမြန်အားသွင်းစနစ်ပိုင်းမှာ တန်းတူမထောက်ပံ့နိုင်သေးတာတွေကို ပြုပြင်ချင်တဲ့ ပုံစံကောင်းတွေ ပြသလာတာပဲ ဖြစ်ပါတယ်။ အခုလို နည်းပညာအဆင့်မြှင့်တင်လိုက်တာဟာ Samsung အားပေးသူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းပဲ ဖြစ်ပါလိမ့်မယ်။

Ice universe ရဲ့ အဆိုအရ Galaxy Note 10+ ဟာ 45W အမြန်အားသွင်းစနစ်တင်မကဘဲ ကြိုးမဲ့အားသွင်းစနစ်မှာလည်း 20W ကို ထောက်ပံ့ပေးထားမယ်လို့ သိထားရပါတယ်။ ဒါပေမယ့် ကိုရီးယားကုမ္ပဏီကြီးဟာ အားသွင်းစက်တွေကို သီးသန့်ထုတ်သွားမှာဖြစ်ပြီး Galaxy Note 10+ ဘူးထဲမှာတော့ 25W ပဲ ပါဝင်လာမယ်လို့ ဆိုပါတယ်။

သတင်းတွေအပေါ်သုံးသပ်ကြည့်ရသလောက်ကတော့ Samsung ဟာ 25W ကိုပဲ ထုတ်ပေးချင်နေသေးတဲ့ သဘောလို့ ဆိုရမှာပါ။ 45W အားသွင်းစက်နဲ့ပတ်သက်တဲ့ သတင်းတွေကလည်း အထောက်အထားခိုင်ခိုင်လုံလုံမရှိသေးဘဲ Tipster တွေရဲ့ ရေးသားမှုပဲ ရှိသေးတာ ဖြစ်ပါတယ်။ အကယ်၍ အမှန်တကယ်ထွက်ပေါ်လာရင်လည်း သီးသန့်ရောင်းချသွားမယ်ဆိုတဲ့ ခန့်မှန်းချက်အတိုင်း ဖြစ်ပေါ်လာဖွယ်ရှိနေတာပါ။

နောက်ဆုံးထွက်ထားတဲ့ သတင်းအရဆိုရင်တော့ Galaxy Note 10+ ဟာ 4,170mAh ဘက်ထရီကို အသုံးပြုထားဖွယ် ရှိပါတယ်။ ဒီပမာဏဟာ ကနဦးကောလာဟလသတင်းတွေမှာ ဖော်ပြထားတဲ့ 4,500mAh ဆိုတဲ့ ပမာဏထက်တော့ နည်းပါးနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က Galaxy Note 9 ထက်တော့ 170mAh ပိုများလာတယ်လို့ ဆိုရမှာပါ။

Ref: Phone Arena