Samsung ကနေ Galaxy Note 20 Series ဖုန်းတွေကို ပုံမှန်အားဖြင့် လာမယ့် သြဂုတ်လဝန်းကျင်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Galaxy Note 20 Series ဖုန်းတွေဟာ Display ပိုင်းကို သေချာအဆင့်မြှင့်တင်လာမှာဖြစ်သလို အခုလည်း နောက်ထပ်သတင်းတစ်ခုထွက်ပေါ်လာပြန်ပါတယ်။

ဒါကတော့ Galaxy Note 20 Series ဖုန်း Model အကုန်လုံးမှာ RAM 16GB ထည့်သွင်းထားမှာပဲဖြစ်ပါတယ်။ လောလောဆယ်မှာ Galaxy S20 Ultra 512GB Version မှာပဲ RAM 16GB ပါဝင်တာဖြစ်တဲ့အတွက် ဒီသတင်းက ဖုန်းကို Multitasking လုပ်တတ်တဲ့သူတွေအတွက်ကတော့ လုံးဝအားရစရာသတင်းတစ်ခုလို့ပြောရမှာပါ။

ယခုသတင်းကို Display Chain Consultants ရဲ့ CEO ဖြစ်တဲ့ Ross Young နဲ့ Q&A Session ကနေ သိရှိခဲ့ရတာဖြစ်ပြီး Galaxy S20 Series လိုမျိုးပဲ 4G Version နဲ့ 5G Version ဆိုပြီး ၂ မျိုးခွဲထုတ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဘယ်အမျိုးအစားမှာ RAM 16GB ပါဝင်မလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Samsung Galaxy Note 20 ဟာ Display Size အနေနဲ့ 6.42″ ရှိမှာဖြစ်ပြီး Note 20 Plus ကတော့ 6.87″ ရှိနေမှာဖြစ်ပါတယ်။ အဆိုပါ Display တွေက 120Hz Refresh Rate ကို Support ပြုလုပ်သွားမယ့်အပြင် Battery စားသက်သာဖို့အတွက် LTPO OLED Panel တွေကိုအသုံးပြုထားတယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Battery ပိုင်းမှာလည်း Galaxy Note 20 ဟာ အနည်းဆုံး 4000mAh Battery ပါဝင်မှာဖြစ်ပြီး Galaxy Note 20 Plus ဖုန်းမှာတော့ 4500 ကနေ 5000mAh ကြား Battery ပါဝင်လာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွက် Galaxy Note 20 Series ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို ပိုကောင်းလာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China