Samsung ဟာ လာမယ့်သြဂုတ် ၅ ရက်နေ့မှာ Galaxy Note 20 နဲ့ Galaxy Fold 2 တို့ကို မိတ်ဆက်လာမှာ ဖြစ်ပါတယ်။ နီးကပ်လာတာနဲ့အမျှ Leak တွေကလည်း တစ်ခုပြီးတစ်ခုထွက်နေပြီး ယနေ့မှာတော့ Galaxy Note 20 Ultra ဗားရှင်းဟာ အခုထိ မမြင်ရသေးတဲ့ Qualcomm Snapdragon 865+ ချစ်ပ်ဆက်အသစ်ကြီးနဲ့ ထွက်လာမယ်လို့ သတင်းထွက်လာပြန်ပါပြီ။

ဒီတစ်ခါ Leak ကတော့ လူသိများ Leakster တစ်ယောက်ဖြစ်တဲ့ Ice Universe ဆီကဖြစ်ပြီး Galaxy Note 20 Ultra ဟာ Snapdragon 865+ ကို အသုံးပြုလာမယ်လို့ သူက ဆိုပါတယ်။

မနှစ်က SD855+ ချစ်ပ်ဆက်နဲ့ Flagship အမြောက်အများထွက်လာခဲ့ပြီး အခု SD865 အတွက်လည်း Plus ဗားရှင်းကို စောင့်မျှော်နေကြတာပါ။ ဒါပေမယ့် ဧပြီလတုန်းက Meizu အကြီးအကဲက ၂၀၂၀ မှာ SD865+ ဗားရှင်း ထွက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။

Ice Universe ကတော့ Note 20 Ultra ဟာ QHD+ LTPO AMOLED Display ကို အသုံးပြုလာမယ်လို့ ထပ်မံ ပြောကြားခဲ့ပြီး Galaxy S20 စီးရီးမှာ မပါခဲ့တဲ့ QHD+ Resolution ကို 120Hz Refresh Rate နဲ့ အသုံးပြုနိုင်စွမ်းပါ မြင်ရမယ်လို့ ဆိုလာပါတယ်။

လောလောဆယ်တော့ ဒီဖုန်းအသစ်နဲ့ ချစ်ပ်ဆက်တို့ရဲ့ သတင်းကို သေသေချာချာ မသိရသေးဘဲ ထွက်ရှိရက် နီးလာမှ ပိုပြီး ရှင်းရှင်းလင်းလင်း ကြားသိရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GizmoChina