Zawgyi

Samsung ကေန အခုအခ်ိန္မွာ Galaxy S10 Series စမတ္ဖုန္းေတြအတြက္ Android 10 Update ကို စတင္ထုတ္ေပးေနၿပီျဖစ္ပါတယ္။ ဒ့ါအျပင္ Samsung ကေန ေနာက္လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာလည္း Galaxy Note 10 ၊ S9 Series နဲ႔ Note 9 ဖုန္းေတြကိုပါ Android 10 Update ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။

ဒါေပမယ့္ Samsung ကေန ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းက မိတ္ဆက္သြားခဲ့တဲ့ Galaxy S8 နဲ႔ Galaxy Note 8 စမတ္ဖုန္းေတြကိုေတာ့ Android 10 Update ျပဳလုပ္ေပးမယ့္ စာရင္းထဲမွာ ထည့္သြင္းေပးခဲ့ျခင္းမရွိပါဘူး။

အခု Samsung Galaxy S8 နဲ႔ Note 8 စမတ္ဖုန္းေတြဟာ ထြက္ရွိတဲ့အခ်ိန္တုန္းက Android 7 Nougat နဲ႔ ထြက္ရွိခဲ့တာျဖစ္ၿပီးေတာ့ လက္ရွိအခ်ိန္မွာ Android 8 Oreo နဲ႔ Android 9 Pie ေတြကို Update လုပ္ေပးခဲ့ၿပီးလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီလိုမ်ိဳး Android 10 Update မရရွိတာက ျဖစ္ႏိုင္တယ္လို႔ ေျပာရမွာပါ။

ဒါေပမယ့္လည္း Samsung ကေန လာမယ့္ ႏွစ္အတြင္းမွာတင္ Device ေပါင္း ၄၀ ေက်ာ္ကို Android 10 Update ထုတ္ေပးမွာျဖစ္ၿပီးေတာ့ ယခင္တုန္းက Samsung Device ေတြက Android Update ပိုင္းအားနည္းတယ္ဆိုတာကို ျပန္လည္ျပင္ဆင္သြားဖို႔ လုပ္ေနတဲ့ပုံစံပါပဲ။

Ref – Gizmo China

Unicode

Samsung ကနေ အခုအချိန်မှာ Galaxy S10 Series စမတ်ဖုန်းတွေအတွက် Android 10 Update ကို စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။ ဒ့ါအပြင် Samsung ကနေ နောက်လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာလည်း Galaxy Note 10 ၊ S9 Series နဲ့ Note 9 ဖုန်းတွေကိုပါ Android 10 Update ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် Samsung ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မိတ်ဆက်သွားခဲ့တဲ့ Galaxy S8 နဲ့ Galaxy Note 8 စမတ်ဖုန်းတွေကိုတော့ Android 10 Update ပြုလုပ်ပေးမယ့် စာရင်းထဲမှာ ထည့်သွင်းပေးခဲ့ခြင်းမရှိပါဘူး။

အခု Samsung Galaxy S8 နဲ့ Note 8 စမတ်ဖုန်းတွေဟာ ထွက်ရှိတဲ့အချိန်တုန်းက Android 7 Nougat နဲ့ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ Android 8 Oreo နဲ့ Android 9 Pie တွေကို Update လုပ်ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုမျိုး Android 10 Update မရရှိတာက ဖြစ်နိုင်တယ်လို့ ပြောရမှာပါ။

ဒါပေမယ့်လည်း Samsung ကနေ လာမယ့် နှစ်အတွင်းမှာတင် Device ပေါင်း ၄၀ ကျော်ကို Android 10 Update ထုတ်ပေးမှာဖြစ်ပြီးတော့ ယခင်တုန်းက Samsung Device တွေက Android Update ပိုင်းအားနည်းတယ်ဆိုတာကို ပြန်လည်ပြင်ဆင်သွားဖို့ လုပ်နေတဲ့ပုံစံပါပဲ။

Ref – Gizmo China