[Zawgyi]

ဒီေန႔မွာေတာ့ Galaxy Note 10 ရဲ႕ ဒီဇိုင္း ကာလာ အေနအထားေတြကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရမယ့္ 3D Renders ဓာတ္ပုံေတြ ေပၚထြက္လာပါၿပီ။ အဆိုပါ ဓာတ္ပုံေတြဟာ OnLeaks နဲ႔ 91Mobiles တို႔ကေန တစ္ဆင့္ ထြက္ေပၚလာတာ ျဖစ္ၿပီး၊ Galaxy Note 10 ရဲ႕ ျဖစ္ႏိုင္ေခ် အရွိဆုံး ဒီဇိုင္းကို သူတို႔ရရွိထားတဲ့ သတင္းအခ်က္အလက္ေတြအေပၚမွာ အေျခခံကာ ဖန္တီးေရးဆြဲထားတာ ျဖစ္ပါတယ္။

Renders ဓာတ္ပုံကို ၾကည့္ျခင္းအားျဖင့္ Galaxy Note 9 နဲ႔ယွဥ္ရင္ သိသိသာသာေျပာင္းလဲသြားတဲ့ Galaxy Note 10 ဒီဇိုင္းကို ျမင္ေတြ႕ရမွာပါ။ ေရွ႕ဘက္မ်က္ႏွာျပင္မွာဆိုရင္ Galaxy S10 လိုမ်ိဴး Punch-hole (Infinity-O) ပါတဲ့ Curved Display အမ်ိဴးအစားကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ Galaxy Note 10 ရဲ႕ Punch-hole က ညာဘက္ေထာင့္မွာ မဟုတ္ဘဲ အလယ္တည့္တည့္ကို ေျပာင္းသြားပါတယ္။ Galaxy Note 10 ထက္ ပိုၿပီးအဆင့္ျမင့္မယ့္ Galaxy Note 10 Pro ေမာ္ဒယ္ကေတာ့ Selfie Camera ၂လုံးပါတဲ့ Punch-hole ကို Galaxy S10+ လိုမ်ိဴး Display ထိပ္ရဲ႕ ညာဘက္ေထာင့္မွာ ထားရွိႏိုင္ပါတယ္။

ေနာက္ေက်ာဘက္မွာဆိုရင္ Triple Camera Setup ကို ေဒါင္လိုက္တပ္ဆင္ထားတာ ေတြ႕ရေပမယ့္ Fingerprint Sensor ကိုေတာ့ မေတြ႕ရပါဘူး။ ဒါ့ေၾကာင့္ Display ေအာက္ကို ေရာက္သြားၿပီလို႔ ယူဆလိုက္ပါတယ္။ Power Button ကို ဘယ္ဘက္မွာ ေျပာင္းတပ္လိုက္ၿပီး Volume Buttons ရဲ႕ေအာက္မွာ ေနရာခ်ေပးထားပါတယ္။ Bixby Key ကို Power Button ထဲမွာပဲ ေပါင္းထည့္ထားႏိုင္ဖြယ္ ရွိပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ 3.5mm Audio Jack ကို Galaxy Note 10 မွာ ျဖဳတ္ခ်လိုက္တာပါ။

Ref : Sammobile

[Unicode]

Samsung Galaxy Note 10 ရဲ့ Renders ဓာတ်ပုံတွေ ပေါ်ထွက်လာပြီ

ဒီနေ့မှာတော့ Galaxy Note 10 ရဲ့ ဒီဇိုင်း ကာလာ အနေအထားတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမယ့် 3D Renders ဓာတ်ပုံတွေ ပေါ်ထွက်လာပါပြီ။ အဆိုပါ ဓာတ်ပုံတွေဟာ OnLeaks နဲ့ 91Mobiles တို့ကနေ တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပြီး၊ Galaxy Note 10 ရဲ့ ဖြစ်နိုင်ချေ အရှိဆုံး ဒီဇိုင်းကို သူတို့ရရှိထားတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ အခြေခံကာ ဖန်တီးရေးဆွဲထားတာ ဖြစ်ပါတယ်။

Renders ဓာတ်ပုံကို ကြည့်ခြင်းအားဖြင့် Galaxy Note 9 နဲ့ယှဥ်ရင် သိသိသာသာပြောင်းလဲသွားတဲ့ Galaxy Note 10 ဒီဇိုင်းကို မြင်တွေ့ရမှာပါ။ ရှေ့ဘက်မျက်နှာပြင်မှာဆိုရင် Galaxy S10 လိုမျိူး Punch-hole (Infinity-O) ပါတဲ့ Curved Display အမျိူးအစားကို အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါပေမယ့် Galaxy Note 10 ရဲ့ Punch-hole က ညာဘက်ထောင့်မှာ မဟုတ်ဘဲ အလယ်တည့်တည့်ကို ပြောင်းသွားပါတယ်။ Galaxy Note 10 ထက် ပိုပြီးအဆင့်မြင့်မယ့် Galaxy Note 10 Pro မော်ဒယ်ကတော့ Selfie Camera ၂လုံးပါတဲ့ Punch-hole ကို Galaxy S10+ လိုမျိူး Display ထိပ်ရဲ့ ညာဘက်ထောင့်မှာ ထားရှိနိုင်ပါတယ်။

နောက်ကျောဘက်မှာဆိုရင် Triple Camera Setup ကို ဒေါင်လိုက်တပ်ဆင်ထားတာ တွေ့ရပေမယ့် Fingerprint Sensor ကိုတော့ မတွေ့ရပါဘူး။ ဒါ့ကြောင့် Display အောက်ကို ရောက်သွားပြီလို့ ယူဆလိုက်ပါတယ်။ Power Button ကို ဘယ်ဘက်မှာ ပြောင်းတပ်လိုက်ပြီး Volume Buttons ရဲ့အောက်မှာ နေရာချပေးထားပါတယ်။ Bixby Key ကို Power Button ထဲမှာပဲ ပေါင်းထည့်ထားနိုင်ဖွယ် ရှိပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ 3.5mm Audio Jack ကို Galaxy Note 10 မှာ ဖြုတ်ချလိုက်တာပါ။

Ref : Sammobile