[Zawgyi]




Ref : gizmochina

[Unicode]

Galaxy Note 10 Series တွေအတွက် Marvel Smart Covers ထွက်မည်

စမတ်ဖုန်း ကုမ္ပဏီတွေဟာ ဒီနှစ်မှာ Marvel နဲ့ ပူးပေါင်းခဲ့ကြပါတယ်။ Redmi က တရုတ်မှာ Note 7 အတွက် Avengers: Endgame Retail Box နဲ့ Xiaomi က Mi Band 4 Avengers Edition တွေကို ထုတ်လုပ်ခဲ့ကြပါတယ်။ OPPO ကလည်း F11 Pro Avengers Edition ကို မိတ်ဆက်ခဲ့ပြီး Samsung က Galaxy S10 အပါအဝင် သူ့ရဲ့ ဖုန်းအချို့အတွက် Marvel Superhero Cases တွေကို ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။ အခုတော့ Galaxy Note 10 Series တွေအတွက် Marvel Smart Covers ကို ထုတ်လုပ်ရောင်းချပေးတော့မယ်လို့ ထင်ပါတယ်။

နာမည်ကျော် Leaker ၁ ယောက်ဖြစ်တဲ့ Evan Blass က Galaxy Note 10 နဲ့ Galaxy Note 10+ ရဲ့ Marvel Smart Covers ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ အဲဒီဖုန်း ၂ လုံးစလုံးအတွက် Iron Man, Deadpool, Captain America နဲ့ Spider-Man Cases တွေ ထုတ်လုပ်မှာပါ။ ဓါတ်ပုံတွေအရ Case ၁ ခုချင်းစီအတွက် Custom Theme လို Content တွေကို ဖန်တီးထားတာ တွေ့ရပါတယ်။ Case ကို ဖုန်းမှာ တပ်ဆင်လိုက်တာနဲ့ အဲဒီအရာတွေကို အလိုလို Download လုပ်ပေးမှာပါ။

Galaxy Note 10 Series တွေအတွက် Marvel Smart Covers တွေကို မရောင်းပေးသေးပါဘူး။ ဒါပေမယ့် Galaxy S10 Series Case တွေလို ၃၅ စတာလင်ပေါင်လောက်နဲ့ ရောင်းနိုင်ပါတယ်။ မြန်မာငွေ ၆၅,၀၀၀ လောက်ရှိနိုင်ပါတယ်။

Ref : gizmochina