Samsung ဟာ အရင်နှစ်က Galaxy Note10 ကို ဝမ် ၁.၂၅ သန်း၊  Note10+ ကို ဝမ် ၁.၅ သန်းနဲ့ ရောင်းပေးခဲ့ပါတယ်။ အခုတော့ ကိုရီးယား မီဒီယာ Naver က ဒီနှစ်ထုတ်မယ့် Note20 နဲ့ Note20+ ဟာ အရင်နှစ် မော်ဒယ်တွေထက်‌ ဝမ် ၀.၀၅ သန်း ဈေးသက်သာမယ်လို့ ပြောပါတယ်။

ဒေါ်လာနဲ့တွက်ရင် ၄၀ (မြန်မာငွေ ၅သောင်းခွဲ ဝန်းကျင်) လောက် သက်သာသွားမှာ ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖုန်း ရောင်းအားတွေ ကျနေတဲ့အတွက် ဒီလို ဈေးလျှော့ရောင်းတာ ဖြစ်နိုင်ပါတယ်။ အရင်နှစ်ထုတ် Note10 ၂ လုံးအတွက်တော့ Carrier တွေက ဝမ် ၀.၇ သန်း လျှော့ပေးခဲ့ပြီး ဒီနှစ်မှာလည်း အလားတူ လုပ်ပေးနိုင်ပါတယ်။

စတင်ရောင်းချချိန်မှာ Note10 ကို အမေရိကန်မှာ ၉၅၀ ဒေါ်လာနဲ့ ဥရောပမှာ ၉၅၀ ယူရို သတ်မှတ်ခဲ့ပါတယ်။ Note10+ ကို ၁,၁၀၀ ဒေါ်လာ, ၁,၁၀၀ ယူရိုနဲ့ ရောင်းချပေးခဲ့တာပါ။ Naver က တောင်ကိုရီးယား ပြင်ပမှာရော Note20 Series ကို ဈေးလျှော့ရောင်းမလားဆိုတာ မပြောပါဘူး။

ဈေးလျှော့ရောင်းတာတောင် Galaxy Note20 Series တွေ ရောင်းအား နည်းမယ်လို့ Samsung က တွက်ဆထားပါတယ်။ Note20 ၂ လုံးနဲ့အတူ နောက်လ ၅ ရက်နေ့ Unpacked Online Event မှာ Galaxy Fold 2 နဲ့ Z Flip 5G တို့ကိုပါ ကြေညာနိုင်ပြီး နောက်လ ၂၁ ရက်နေ့မှာ ရောင်းနိုင်ပါတယ်။

Ref : gsmarena