Samsung Galaxy Note20 နဲ့ Galaxy Note 20+ တွေရဲ့ Case တွေကို ဟိုအရင်တုန်းကလည်း မြင်တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Leakster Ice Universe ဆီကနေ ထွက်ပေါ်လာတဲ့ Case ပုံရိပ်တွေကတော့ ရှင်းလင်းတဲ့ ရှုထောင့်ကနေ တွေ့မြင်ရတာဖြစ်ပြီး Note 20 နဲ့ Note20+ ရဲ့ အရွယ်အစားကိုလည်း ဖော်ပြပေးနေတာ ဖြစ်ပါတယ်။

Case တွေအရ၊ သူတို့ရဲ့ Camera bump တွေအရ Note20+ ရဲ့ ကင်မရာအိမ်ဖွဲ့တည်မှုဟာ ကြီးမားတယ်ဆိုတာကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ဒီမော်ဒယ်မှာ S20 Ultra ရဲ့ ကင်မရာအတိုင်းသုံးထားမယ်၊ ဒါမှမဟုတ် ပိုပြီး အဆင့်မြှင့်ထားမယ်ဆိုတဲ့ ကောလာဟလတွေကို ထောက်ခံမှုပေးတဲ့ အနေအထားလည်း ဖြစ်နေပါတယ်။

108MP sensor လည်းပါဝင်မှာဖြစ်ပြီး Periscope cam ကတော့ 50x digital zoom အထိဖြစ်မယ်လို့ ဆိုပါတယ်။ Vanilla Galaxy Note20 ကတော့ S20/S20+ တို့မှာသုံးထားတဲ့ ကင်မရာတွေအတိုင်း 12MP အဓိကဆင်ဆာ၊ Zooming အတွက် 64MP ဆင်ဆာနဲ့ 8K ဗီဒီယို၊ ပြီးတော့ 16MP ultra-wide module နဲ့ ဖြစ်မယ်လို့ သိရပါတယ်။

Vanilla နဲ့ Plus မော်ဒယ်တွေကြားမှာ ကွာခြားချက်က တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Vanilla ကတော့ 1080p+ flat screen နဲ့ဖြစ်ပြီး 60Hz refresh rate နဲ့ပဲ ဖြစ်မှာပါ။ Note20+ ကတော့ 1440p+ curved display နဲ့ဖြစ်ပြီး Refresh rate က 120Hz ဖြစ်မယ်လို့ သိရပါတယ်။ Note20+ ရဲ့ Bezel တွေဟာ Note20 ထက်ရော၊ Note10+ ထက် ပိုပြီးပါးလွှာတယ်လို့ ပြောထားပါတယ်။

Galaxy Note20+ (Note20 Ultra လည်းဖြစ်နိုင်) မှာ Copper color ရွေးချယ်စရာလည်း ရှိတယ်လို့ Ice Universe က ထပ်ပြီးပြောထားပါသေးတယ်။ ဒါ့အပြင် Glass back ဟာ Frosted ဖြစ်ပြီး အခြားအရောင်တွေဟာ လက်ရှိမော်ဒယ်တွေလို တောက်ပတဲ့အရောင်တွေဖြစ်မယ်လို့လည်း ဆိုပါတယ်။

Ref: GSM Arena