Samsung ကနေ နှစ်စဥ် Flagship ဖုန်းတွေအနေနဲ့ နှစ်စပိုင်းမှာ Galaxy S Series ဖုန်းနဲ့ နှစ်ဝက်နောက်ပိုင်းမှာ Note Series ဖုန်းတွေကို မိတ်ဆက်နေကျ ဖြစ်ပါတယ်။ အခုလည်း လာမယ့် သြဂုတ်လအတွင်းမှာ Samsung ကနေ Galaxy Note 20 Series ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Galaxy Note 20 Ultra လို့ ယူဆရတဲ့စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေက Samsung Website ကနေတစ်ဆင့်ပေါက်ကြားခဲ့ပြီးတော့ Design ပိုင်းအပြင် Camera ပိုင်းကိုပါ သိသိသာသာအဆင့်မြှင့်တင်လာမယ်လို့ ယူဆရပါတယ်။ ဒီလိုမျိုး စွမ်းဆောင်ရည်ပိုကောင်းလာတာနဲ့အတူ စျေးနှုန်းကလည်း ယခင် Note Series ဖုန်းတွေထက် ပိုပြီးများပြားလာမှာဖြစ်ပါတယ်။

Twitter အသုံးပြုသူတစ်ဦးဖြစ်တဲ့ “@Riccolo1” ကနေလည်း Galaxy Note 20 Series ဖုန်းတွေဟာ လက်ရှိမိတ်ဆက်ခဲ့သမျှ Galaxy Note Series ဖုန်းတွေထဲမှာ စျေးအကြီးဆုံးဖြစ်လာမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိစျေးကြီးနိုင်မလဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Note 10 ဖုန်းတွေဟာ စျေးနှုန်းအနေနဲ့ $950 ဝန်းကျင်ကနေစတင်ခဲ့တာဖြစ်ပြီးတော့ ယခုနှစ်အတွက် Galaxy Note 20 Series ဖုန်းတွေကတော့ $999 သို့မဟုတ် $1099 ကနေ စတင်လာနိုင်ပါတယ်။ ဒါတောင်မှ ပုံမှန် Galaxy Note 20 Series ဖုန်းတွေအပြင် Galaxy Note 20 Ultra လည်း မိတ်ဆက်ဦးမှာဖြစ်တဲ့အတွက် အမြင့်ဆုံး Version အနေနဲ့ဆိုရင် $1,500 ဝန်းကျင် (မြန်မာငွေ သိန်း ၂၀ ကျော်) အထိ ကျသင့်နိုင်ပါတယ်။

Galaxy Note 20 Series ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon 865+ Chipset ကိုအသုံးပြုလာမယ့် Version နဲ့ Galaxy S20 Series ဖုန်းတွေမှာပါဝင်တဲ့ Exynos 990 Chipset ကို အဆင့်မြှင့်တင်ထားတဲ့ Exynos 992 Chipset တွေကို သက်ဆိုင်ရာ Region အလိုက်အသုံးပြုလာမယ်လို့ သိရတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုပြီးတိုးတက်လာမှာဖြစ်ပါတယ်။

Ref – Gizmo China