ကိုရိုနာဗိုင်းရက်စ်ကြောင့် ဖေဖော်ဝါရီလက Mobile World Congress ကို ဖျက်သိမ်းခဲ့တဲ့အတွက် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ စမတ်ဖုန်း ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန် အသစ်တွေကို အွန်လိုင်းကနေပဲ ကြေညာခဲ့ကြပါတယ်။ Samsung က Galaxy S20 Series တွေကို တကယ့် ပွဲ ၁ ခုနဲ့ မိတ်ဆက်ခဲ့ပေမယ့် Samsung ဟာ နောက်ထုတ်မယ့် စွမ်းဆောင်ရည်မြင့် ဖုန်း အသစ်ကို အွန်လိုင်းကနေပဲ ကြေညာတော့မှာပါ။

တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Samsung ဟာ ကိုရိုနာဗိုင်းရက်စ်ကြောင့် Galaxy Note20 Series ကို အွန်လိုင်းကနေပဲ ကြေညာမယ်လို့ သိရပါတယ်။ ဒီသတင်းသာ မှန်မယ်ဆိုရင် Samsung က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို အွန်လိုင်းကနေ ပထမဆုံး ကြေညာတာ ဖြစ်လာမှာပါ။

ဩဂုတ်လ Unpacked Event မှာ ကြေညာမှာ Note20 နဲ့ Note20+ ၂ လုံးထဲ မဟုတ်ပါဘူး။ Galaxy Fold 2 ကိုပါ အဲဒီပွဲမှာ ချပြမယ်လို့ သတင်းထွက်နေပါတယ်။ မိတ်ဆက်ပွဲ ပြုလုပ်မယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။

Ref : gsmarena