[Zawgyi]

Samsung ဟာ အေစာကတည္းက Galaxy S9 နဲ႔ S9+ တို႔အတြက္ Android 9.0 ကို အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔မွာ စမ္းသပ္ေနတာ ျဖစ္ပါတယ္။ ဒီစမ္းသပ္မႈမွာ Samsung ရဲ႕ One UI သစ္ကလည္း တစ္စိတ္တစ္ပိုင္းအျဖစ္ပါဝင္ခဲ့ပါတယ္။

စၿပီးစမ္းသပ္ကတည္းက Samsung ဟာ Beta အတြက္ အေမရိကန္မွာ Register လုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း  Firmware ကို ထုတ္မေပးေသးတာလည္း ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Samsung ဟာ အိႏၵိယနဲ႔ ဂ်ာမနီတို႔မွာ Samsung Galaxy Note9 အတြက္ Beta Firmware OTA ကို ထုတ္ခဲ့ၿပီး Register လုပ္ခဲ့ပါတယ္။ အလားတူပဲ အေမရိကန္မွာလည္း လုပ္ခဲ့ပါေသးတယ္။

Update ရဲ႕ဆိုဒ္ကေတာ့ ဂ်ာမနီအတြက္ 1,532MB ဝန္းက်င္ျဖစ္ၿပီး အေမရိကန္က Note ေတြအတြက္က 1,681MB ျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ အေမရိကန္မွာ Note9 မူကြဲအတြက္ Beta ဟာ အရည္အေသြးျပည့္မီတယ္လို႔ အသိအမွတ္ျပဳၿပီး ဖြင့္ေပးခဲ့တာ ပဲျဖစ္ပါတယ္။ အိႏၵိယနဲ႔ ဂ်ာမနီတို႔မွာေတာ့ Samsung Members app ကို အျမန္ဆုံး Sign up ျပဳလုပ္ရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Samsung က အေရအတြက္ ကန႔္သတ္ထားလို႔ပဲ ျဖစ္ပါတယ္။

အခု ထုတ္လႊင့္ထားတဲ့ Beta သစ္ဟာ Unicode 11.0 Emojis ေတြ၊ Clock Style ေတြ၊ အေထြေထြ UI ဟာ ပိုလွပသြားတာေတြ၊ Samsung DeX ဟာ dual-display ေထာက္ပံ့မႈ ရလာတာေတြ၊ စတာေတြအပါအဝင္ အသြင္အျပင္ဆိုင္ရာမွာ အေတာ္မ်ားမ်ား ေျပာင္းလဲသြားတယ္လို႔ သိရပါတယ္။ Galaxy Note9 အတြက္ Android 9 beta ေထာက္ပံ့ေပးမႈဟာ က်န္တဲ့ ဥေရာပ ႏိုင္ငံေတြအတြက္လည္း သိပ္မၾကာခင္အခ်ိန္အတြင္းမွာ ေရာက္ရွိသြားလိမ့္မယ္လို႔ ယူဆရပါတယ္။

Ref: GSMarena

 

[Unicode]

Samsung ဟာ အစောကတည်းက Galaxy S9 နဲ့ S9+ တို့အတွက် Android 9.0 ကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့မှာ စမ်းသပ်နေတာ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမှာ Samsung ရဲ့ One UI သစ်ကလည်း တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ခဲ့ပါတယ်။

စပြီးစမ်းသပ်ကတည်းက Samsung ဟာ Beta အတွက် အမေရိကန်မှာ Register လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Firmware ကို ထုတ်မပေးသေးတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Samsung ဟာ အိန္ဒိယနဲ့ ဂျာမနီတို့မှာ Samsung Galaxy Note9 အတွက် Beta firmware OTA ကို ထုတ်ခဲ့ပြီး Register လုပ်ခဲ့ပါတယ်။ အလားတူပဲ အမေရိကန်မှာလည်း လုပ်ခဲ့ပါသေးတယ်။

Update ရဲ့ဆိုဒ်ကတော့ ဂျာမနီအတွက် 1,532MB ဝန်းကျင်ဖြစ်ပြီး အမေရိကန်က Note တွေအတွက်က 1,681MB ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အမေရိကန်မှာ Note9 မူကွဲအတွက် Beta ဟာ အရည်အသွေးပြည့်မီတယ်လို့ အသိအမှတ်ပြုပြီး ဖွင့်ပေးခဲ့တာ ပဲဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဂျာမနီတို့မှာတော့ Samsung Members app ကို အမြန်ဆုံး Sign up ပြုလုပ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Samsung က အရေအတွက် ကန့်သတ်ထားလို့ပဲ ဖြစ်ပါတယ်။

အခု ထုတ်လွှင့်ထားတဲ့ Beta သစ်ဟာ Unicode 11.0 emojis တွေ၊ clock style တွေ၊ အထွေထွေ UI ဟာ ပိုလှပသွားတာတွေ၊ Samsung DeX ဟာ dual-display ထောက်ပံ့မှု ရလာတာတွေ၊ စတာတွေအပါအဝင် အသွင်အပြင်ဆိုင်ရာမှာ အတော်များများ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။ Galaxy Note9 အတွက် Android 9 beta ထောက်ပံ့ပေးမှုဟာ ကျန်တဲ့ ဥရောပ နိုင်ငံတွေအတွက်လည်း သိပ်မကြာခင်အချိန်အတွင်းမှာ ရောက်ရှိသွားလိမ့်မယ်လို့ ယူဆရပါတယ်။

 

Ref: GSMarena