[Zawgyi]

ဆမ္ေဆာင္းရဲ႕ မၾကာခင္ထြက္လာမယ့္ Galaxy S10 အတြက္ ေနာက္ထပ္သတင္းေတြ ထြက္လာခဲ့ၿပီး ေစ်းကြက္ထဲကို တကယ္ေရာက္လာဖို႔ အေတာ္အသင့္ျဖစ္ေနၿပီလုိ႔ဆုိရမွာပါ။ လက္ရွိမွာ ယုံၾကည္ရတဲ့ သတင္းရင္းျမစ္တစ္ခုျဖစ္တဲ့ “Ice Universe” ရဲ႕တြစ္တာမွာ S10 မိသားစုဝင္ေတြရဲ႕ မ်က္ႏွာျပင္အရြယ္အစား၊ ဘကၳရီနဲ႔ ခ်စ္ပ္ဆက္ႏႈိင္းယွဥ္ခ်က္အခ်ဳိ႕ ထပ္မံထြက္ေပၚလာျပန္ပါၿပီ။

လက္ရွိမွာ သတင္းရင္းျမစ္အားလုံး လက္ခံထားတဲ့အတုိင္း Galaxy S10 ဟာ အေျခခံေမာ္ဒယ္သုံးမ်ဳိးျဖင့္ ထြက္လာမယ္လို႔ ခဏသတ္မွတ္ထားပါ။ ရုိးရုိးပုံမွန္ “Vanilla” ဗားရွင္း၊ Plus နဲ႔ ေနာက္တစ္ခုေပါ့။ 5G ေမာ္ဒယ္ ႏွစ္ခုဆုိတာကို ခဏေမ့ထားရမွာ ျဖစ္ပါတယ္။

အေျခခံေမာ္ဒယ္သုံးမ်ဳိးကို မွတ္ထားၿပီးၿပီဆုိရင္ေတာ့ Ice Universe ျပတဲ့ ေဖာက္ထြင္းျမင္ႏုိင္တဲ့ Case သုံးခုတြဲကို ျမင္ရမွာပါ။ S10 ေမာ္ဒယ္သုံးခုအတြက္ Screen အလ်ားေတြက 5.8” , 6.1” , 6.4” အသီးသီး ျဖစ္တာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ဒီပုံထဲမွာ ဘကၳရီအရြယ္အစားေတြကိုပါ ထည့္ေရးထားတာကို ျမင္ရမွာပါ။ အေသးဆုံး S10 ေမာ္ဒယ္အတြက္ 3,100 mAh ျဖစ္ၿပီး ပုံမွန္ S10 အတြက္ 3,500 mAh နဲ႔ Plus ဗားရွင္းအတြက္ 4,000 mAh အသီးသီးျဖစ္ပါတယ္။

အေသးဆုံးနဲ႔ ေစ်းခ်ဳိဗားရွင္းျဖစ္လာမယ့္ S10 “Lite” ဟန္းဆက္ဟာ လက္ရွိ Galaxy S9 နဲ႔ အနီးစပ္ဆုံး ႏႈိင္းယွဥ္ႏုိင္မယ့္ ဖုန္းျဖစ္လာမွာပါ။ Ice Universe ရဲ႕အခ်က္အလက္ထဲမွာ Galaxy S10 ဟန္းဆက္သုံးခုလုံးဟာ Snapdragon 855 သို႔မဟုတ္ Exynos 9820 ခ်စ္ပ္ဆက္ေတြကိုသာ ေစ်းကြက္ေပၚမူတည္ၿပီး တူညီစြာ အသုံးျပဳလာမယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ ေမာ္ဒယ္သုံးမ်ဳိးလုံးဟာ တူညီတဲ့ Overall စြမ္းေဆာင္ရည္နဲ႔ Feature ေတြကို အသုံးျပဳႏုိင္မွာပါ။

Ref – GSM Arena

[Unicode]

ဆမ်ဆောင်းရဲ့ မကြာခင်ထွက်လာမယ့် Galaxy S10 အတွက် နောက်ထပ်သတင်းတွေ ထွက်လာခဲ့ပြီး ဈေးကွက်ထဲကို တကယ်ရောက်လာဖို့ အတော်အသင့်ဖြစ်နေပြီလို့ဆိုရမှာပါ။ လက်ရှိမှာ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တစ်ခုဖြစ်တဲ့ “Ice Universe” ရဲ့တွစ်တာမှာ S10 မိသားစုဝင်တွေရဲ့ မျက်နှာပြင်အရွယ်အစား၊ ဘက္ထရီနဲ့ ချစ်ပ်ဆက်နှိုင်းယှဉ်ချက်အချို့ ထပ်မံထွက်ပေါ်လာပြန်ပါပြီ။

လက်ရှိမှာ သတင်းရင်းမြစ်အားလုံး လက်ခံထားတဲ့အတိုင်း Galaxy S10 ဟာ အခြေခံမော်ဒယ်သုံးမျိုးဖြင့် ထွက်လာမယ်လို့ ခဏသတ်မှတ်ထားပါ။ ရိုးရိုးပုံမှန် “Vanilla” ဗားရှင်း၊ Plus နဲ့ နောက်တစ်ခုပေါ့။ 5G မော်ဒယ် နှစ်ခုဆိုတာကို ခဏမေ့ထားရမှာ ဖြစ်ပါတယ်။

အခြေခံမော်ဒယ်သုံးမျိုးကို မှတ်ထားပြီးပြီဆိုရင်တော့ Ice Universe ပြတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ Case သုံးခုတွဲကို မြင်ရမှာပါ။ S10 မော်ဒယ်သုံးခုအတွက် Screen အလျားတွေက 5.8” , 6.1” , 6.4” အသီးသီး ဖြစ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီပုံထဲမှာ ဘက္ထရီအရွယ်အစားတွေကိုပါ ထည့်ရေးထားတာကို မြင်ရမှာပါ။ အသေးဆုံး S10 မော်ဒယ်အတွက် 3,100 mAh ဖြစ်ပြီး ပုံမှန် S10 အတွက် 3,500 mAh နဲ့ Plus ဗားရှင်းအတွက် 4,000 mAh အသီးသီးဖြစ်ပါတယ်။

အသေးဆုံးနဲ့ ဈေးချိုဗားရှင်းဖြစ်လာမယ့် S10 “Lite” ဟန်းဆက်ဟာ လက်ရှိ Galaxy S9 နဲ့ အနီးစပ်ဆုံး နှိုင်းယှဉ်နိုင်မယ့် ဖုန်းဖြစ်လာမှာပါ။ Ice Universe ရဲ့အချက်အလက်ထဲမှာ Galaxy S10 ဟန်းဆက်သုံးခုလုံးဟာ Snapdragon 855 သို့မဟုတ် Exynos 9820 ချစ်ပ်ဆက်တွေကိုသာ ဈေးကွက်ပေါ်မူတည်ပြီး တူညီစွာ အသုံးပြုလာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် မော်ဒယ်သုံးမျိုးလုံးဟာ တူညီတဲ့ Overall စွမ်းဆောင်ရည်နဲ့ Feature တွေကို အသုံးပြုနိုင်မှာပါ။

Ref – GSM Arena