[Zawgyi]

ေတာင္ကိုရီးယားအေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Samsung ရဲ႕ေနာက္လာမယ့္ Flagship ဖုန္းအသစ္ Galaxy S10 ဟာ ေမာ္ဒယ္ငါးမ်ဳိးထိ ထြက္ရွိလာႏုိင္တယ္လို႔ ဆုိထားၿပီး 6.1” လက္မအရြယ္ Curved Screen နဲ႔ Standard ဗားရွင္းရဲ႕ဓါတ္ပုံဟာ ရုတ္တရက္ႀကီး အြန္လိုင္းေပၚေရာက္လာခဲ့ပါတယ္။ ဖုန္းရဲ႕ေရွ႕ဘက္ကို ျပထားတဲ့ ဓါတ္ပုံမွာ မ်က္ႏွာျပင္ေပၚကို ဝါးထားေပမယ့္ ထင္ရွားတဲ့ Feature ႏွစ္ခုအျဖစ္ Camera-Hole နဲ႔အတူ ေရွ႕ Bezel ေဘာင္ကိုပါ ေတြ႕လိုက္ရပါတယ္။

Infinity Display ကိုေျပာင္းလဲသုံးစြဲလာတဲ့အတြက္ Camera-Hole ပါလာမွာကို လူတုိင္းသိေပမယ့္ “Chin” လို႔ေခၚတဲ့ ေအာက္ဘက္ Bezel ကေတာ့ အေပၚပုိင္းထက္ သိသိသာသာ ႀကီးေနတာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ အထက္ေအာက္ ေခါက္ခ်ဳိးညီေတာ့ ျဖစ္လာမွာ မဟုတ္ပါ။ ဆယ္ဖီကင္မရာအေပါက္ေလးကလည္း သူ႕အတြက္ Bezel ေနရာယူထားတာကို ေတြ႕ရတယ္။

ဆမ္ေဆာင္းဟာ Galaxy S10 ကိုေနာက္လမွာ မိတ္ဆက္လာဖို႔ ေမွ်ာ္လင့္ရၿပီး ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔လို႔ ယူဆရတယ္။ ပုံမွန္ထြက္ရွိေနၾကအတုိင္း Standard နဲ႔ Plus ေမာ္ဒယ္ႏွစ္မ်ဳိးအျပင္ ဒီတစ္ခါေတာ့ ေစ်းပိုခ်ဳိတဲ့ Lite ဗားရွင္းပါလာမွာျဖစ္သလို အခ်ဳိ႕ႏုိင္ငံေတြအတြက္ 5G Flagship ေမာ္ဒယ္ကိုပါ ပထမဆုံးထုတ္လုပ္သြားမွာပါ။

သတင္းေတြကေတာ့ Samsung Galaxy S10 ဟန္းဆက္ေတြမွာ အခုေခတ္စားေနတဲ့ အေရာင္ေျပးေတြ ထည့္သြင္းမွာမဟုတ္ဘဲ ကာလာတစ္ေရာင္တည္းသာ ပါဝင္မယ္လို႔ ဆုိထားပါတယ္။ S10 Lite ဖုန္းဟာ အခ်ိန္ေတာ္ေတာ္ၾကာၿပီးေနာက္မွ တစ္ခါျပန္ျမင္ရတဲ့ Flat Screen နဲ႔ Galaxy S ဖုန္းတစ္လုံး ျဖစ္လာမွာပါ။ Infinity-O ဒီဇုိင္းလည္းမဟုတ္ဘဲ ပုံမွန္ Screen နဲ႔ဆယ္ဖီကင္မရာကိုသာ ျမင္ရမယ္လို႔ ဆုိပါတယ္။

တေထရာတည္းနီးပါးတူညီတဲ့ 5G ေမာ္ဒယ္ႏွစ္မ်ဳိးကိုလည္း ျမင္ေတြ႕ရမွာျဖစ္ကာ Beyond X သုိ႔မဟုတ္ Galaxy 10 5G ဖုန္းဟာ တစ္ကမာၻလုံးနီးပါးကို ျဖန္႔ခ်ိမွာၿပီး Beyond Bolt သို႔ Galaxy S10 Bolt ကိုေတာ့ Verizon ကပဲ သီးသန္႔ရရွိမွာပါ။ Bolt ဟန္းဆက္မွာ ပိုႀကီးတဲ့ ဘကၳရီပါမယ္လို႔ သိရေပမယ့္ ကိန္းဂဏာန္းေတြကိုေတာ့ အတိအက် မသိရေသးပါဘူး။

S10 Lite ဖုန္းဟာ 5.8” လက္မအရြယ္ Flat Screen နဲ႔ထြက္လာမွာျဖစ္ၿပီး ပုံမွန္ S10 ကေတာ့ 6.1” Curved Display ပါဝင္မွာပါ။ S10 Plus ဖုန္းမွာ 6.44” လက္မအရြယ္ Curved Screen နဲ႔ 5G ေမာ္ဒယ္ႏွစ္ခုလုံးမွာ 6.7” လက္မအရြယ္ Curved Screen ေတြ ပါဝင္ၾကမွာျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာကေတာ့ Lite နဲ႔ ရုိးရုိးမွာ ႏွစ္လုံး၊ Plus မွာ ၃ လုံးတြဲနဲ႔ 5G ႏွစ္ခုမွာ ေလးလုံးဆီ ပါဝင္မွာ ျဖစ္ပါတယ္။

Galaxy S10, S10 Plus နဲ႔ S10 Lite သုံးမ်ဳိးကို မိတ္ဆက္ၿပီး သိပ္မၾကာခင္ ေစ်းကြက္ထဲေရာက္လာဖုိ႔ ေမွ်ာ္လင့္ရတယ္။ ေဖေဖာ္ဝါရီလ ေႏွာင္းပိုင္းမွာ မိတ္ဆက္လာၿပီးရင္ ႏွစ္ပတ္အၾကာ မတ္လ ၈ ရက္ေန႔ေလာက္မွာ ဆုိင္ေတြေပၚေရာက္လာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

[Unicode]

တောင်ကိုရီးယားအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Samsung ရဲ့နောက်လာမယ့် Flagship ဖုန်းအသစ် Galaxy S10 ဟာ မော်ဒယ်ငါးမျိုးထိ ထွက်ရှိလာနိုင်တယ်လို့ ဆိုထားပြီး 6.1” လက်မအရွယ် Curved Screen နဲ့ Standard ဗားရှင်းရဲ့ဓါတ်ပုံဟာ ရုတ်တရက်ကြီး အွန်လိုင်းပေါ်ရောက်လာခဲ့ပါတယ်။ ဖုန်းရဲ့ရှေ့ဘက်ကို ပြထားတဲ့ ဓါတ်ပုံမှာ မျက်နှာပြင်ပေါ်ကို ဝါးထားပေမယ့် ထင်ရှားတဲ့ Feature နှစ်ခုအဖြစ် Camera-hole နဲ့အတူ ရှေ့ Bezel ဘောင်ကိုပါ တွေ့လိုက်ရပါတယ်။

Infinity Display ကိုပြောင်းလဲသုံးစွဲလာတဲ့အတွက် Camera-hole ပါလာမှာကို လူတိုင်းသိပေမယ့် “Chin” လို့ခေါ်တဲ့ အောက်ဘက် Bezel ကတော့ အပေါ်ပိုင်းထက် သိသိသာသာ ကြီးနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် အထက်အောက် ခေါက်ချိုးညီတော့ ဖြစ်လာမှာ မဟုတ်ပါ။ ဆယ်ဖီကင်မရာအပေါက်လေးကလည်း သူ့အတွက် Bezel နေရာယူထားတာကို တွေ့ရတယ်။

ဆမ်ဆောင်းဟာ Galaxy S10 ကိုနောက်လမှာ မိတ်ဆက်လာဖို့ မျှော်လင့်ရပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့လို့ ယူဆရတယ်။ ပုံမှန်ထွက်ရှိနေကြအတိုင်း Standard နဲ့ Plus မော်ဒယ်နှစ်မျိုးအပြင် ဒီတစ်ခါတော့ ဈေးပိုချိုတဲ့ Lite ဗားရှင်းပါလာမှာဖြစ်သလို အချို့နိုင်ငံတွေအတွက် 5G Flagship မော်ဒယ်ကိုပါ ပထမဆုံးထုတ်လုပ်သွားမှာပါ။

သတင်းတွေကတော့ Samsung Galaxy S10 ဟန်းဆက်တွေမှာ အခုခေတ်စားနေတဲ့ အရောင်ပြေးတွေ ထည့်သွင်းမှာမဟုတ်ဘဲ ကာလာတစ်ရောင်တည်းသာ ပါဝင်မယ်လို့ ဆိုထားပါတယ်။ S10 Lite ဖုန်းဟာ အချိန်တော်တော်ကြာပြီးနောက်မှ တစ်ခါပြန်မြင်ရတဲ့ Flat Screen နဲ့ Galaxy S ဖုန်းတစ်လုံး ဖြစ်လာမှာပါ။ Infinity-O ဒီဇိုင်းလည်းမဟုတ်ဘဲ ပုံမှန် Screen နဲ့ဆယ်ဖီကင်မရာကိုသာ မြင်ရမယ်လို့ ဆိုပါတယ်။

တထေရာတည်းနီးပါးတူညီတဲ့ 5G မော်ဒယ်နှစ်မျိုးကိုလည်း မြင်တွေ့ရမှာဖြစ်ကာ Beyond X သို့မဟုတ် Galaxy 10 5G ဖုန်းဟာ တစ်ကမ္ဘာလုံးနီးပါးကို ဖြန့်ချိမှာပြီး Beyond Bolt သို့ Galaxy S10 Bolt ကိုတော့ Verizon ကပဲ သီးသန့်ရရှိမှာပါ။ Bolt ဟန်းဆက်မှာ ပိုကြီးတဲ့ ဘက္ထရီပါမယ်လို့ သိရပေမယ့် ကိန်းဂဏာန်းတွေကိုတော့ အတိအကျ မသိရသေးပါဘူး။

S10 Lite ဖုန်းဟာ 5.8” လက်မအရွယ် Flat Screen နဲ့ထွက်လာမှာဖြစ်ပြီး ပုံမှန် S10 ကတော့ 6.1” Curved Display ပါဝင်မှာပါ။ S10 Plus ဖုန်းမှာ 6.44” လက်မအရွယ် Curved Screen နဲ့ 5G မော်ဒယ်နှစ်ခုလုံးမှာ 6.7” လက်မအရွယ် Curved Screen တွေ ပါဝင်ကြမှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာကတော့ Lite နဲ့ ရိုးရိုးမှာ နှစ်လုံး၊ Plus မှာ ၃ လုံးတွဲနဲ့ 5G နှစ်ခုမှာ လေးလုံးဆီ ပါဝင်မှာ ဖြစ်ပါတယ်။

Galaxy S10, S10 Plus နဲ့ S10 Lite သုံးမျိုးကို မိတ်ဆက်ပြီး သိပ်မကြာခင် ဈေးကွက်ထဲရောက်လာဖို့ မျှော်လင့်ရတယ်။ ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ မိတ်ဆက်လာပြီးရင် နှစ်ပတ်အကြာ မတ်လ ၈ ရက်နေ့လောက်မှာ ဆိုင်တွေပေါ်ရောက်လာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena