Zawgyi

Samsung ရဲ႕ ေနာက္ထပ္ မိတ္ဆက္မယ့္ Flagship ဖုန္းျဖစ္တဲ့ Galaxy S10 Plus ရဲ႕ Spec အျမင့္ဆုံး ေမာ္ဒယ္ဟာ RAM 12GB ထိ ရွိလာနိုင္ပါတယ္။ ကမာၻ႔ပထမဆုံး RAM 12GB ပါဝင္လာတဲ့ စမတ္ဖုန္းဟာ Lenovo ရဲ႕ Lenovo Z5 Pro GT ျဖစ္ၿပီး ၂၀၁၈ ဒီဇင္ဘာလ မွာ မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ Samsung ဟာ Lenovo ရဲ႕ လမ္းေၾကာင္းကို လိုက္ေတာ့မွာပါ။

RAM 12GB ပမာဏ ပါဝင္လာမယ့္ Galaxy S10 Plus ဟာ Ceric Body နဲ႕ ေမာ္ဒယ္ျဖစ္ၿပီး RAM 12GB အျပင္ 1TB ရွိတဲ့ Internal Storage ပါ ပါဝင္လာမယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ အစကေတာ့ အဆိုပါ Ceramic Body နဲ႕ Galaxy S10 ဟာ 5G ကြန္ရက္ အသုံးျပဳနိုင္တဲ့ ေမာ္ဒယ္ျဖစ္မယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္ အခုေတာ့ RAM နဲ႕ Storage အျမင့္ဆုံး ေမာ္ဒယ္သာ ျဖစ္နိုင္တယ္လို႔ သတင္းေတြထြက္ေနတာပါ။

အဆိုပါ Galaxy S10 Plus ရဲ႕ ေမာ္ဒယ္ နံပါတ္ဟာ SM-G975FC ျဖစ္ၿပီး ဖုန္းကိုယ္ထည္ကို Gorilla Glass ထက္ ပိုၿပီး အၾကမ္းခံနိုင္တဲ့ ေႂကြထည္တစ္မ်ိဳးျဖစ္တဲ့ Ceramic နဲ႕ တည္ေဆာက္ေပးထားပါတယ္။ အေရာင္ အေနနဲ႕ကေတာ့ အနက္နဲ႕ အျဖဴဆိုၿပီး ႏွစ္ေရာင္ထုတ္မွာပါ။ Galaxy S10 နဲ႕ S10 Plus ကို MWC 2019 မွာ မိတ္ဆက္သြားနိုင္ၿပီး S10 Lite ဆိုၿပီး Spec အနည္းငယ္ နိမ့္တဲ့ ေမာ္ဒယ္တစ္မ်ိဳးလည္း မိတ္ဆက္သြားနိုင္ပါေသးတယ္။

Ref: Gizmo China

Unicode

RAM 12GB နဲ့ Internal Storage 1TB ထိ ပါဝင်လာမယ့် Galaxy S10 Plus Ceramic ဗားရှင်း

Samsung ရဲ့ နောက်ထပ် မိတ်ဆက်မယ့် Flagship ဖုန်းဖြစ်တဲ့ Galaxy S10 Plus ရဲ့ Spec အမြင့်ဆုံး မော်ဒယ်ဟာ RAM 12GB ထိ ရှိလာနိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံး RAM 12GB ပါဝင်လာတဲ့ စမတ်ဖုန်းဟာ Lenovo ရဲ့ Lenovo Z5 Pro GT ဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလ မှာ မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Samsung ဟာ Lenovo ရဲ့ လမ်းကြောင်းကို လိုက်တော့မှာပါ။

RAM 12GB ပမာဏ ပါဝင်လာမယ့် Galaxy S10 Plus ဟာ Ceric Body နဲ့ မော်ဒယ်ဖြစ်ပြီး RAM 12GB အပြင် 1TB ရှိတဲ့ Internal Storage ပါ ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစကတော့ အဆိုပါ Ceramic Body နဲ့ Galaxy S10 ဟာ 5G ကွန်ရက် အသုံးပြုနိုင်တဲ့ မော်ဒယ်ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုတော့ RAM နဲ့ Storage အမြင့်ဆုံး မော်ဒယ်သာ ဖြစ်နိုင်တယ်လို့ သတင်းတွေထွက်နေတာပါ။

အဆိုပါ Galaxy S10 Plus ရဲ့ မော်ဒယ် နံပါတ်ဟာ SM-G975FC ဖြစ်ပြီး ဖုန်းကိုယ်ထည်ကို Gorilla Glass ထက် ပိုပြီး အကြမ်းခံနိုင်တဲ့ ကြွေထည်တစ်မျိုးဖြစ်တဲ့ Ceramic နဲ့ တည်ဆောက်ပေးထားပါတယ်။ အရောင် အနေနဲ့ကတော့ အနက်နဲ့ အဖြူဆိုပြီး နှစ်ရောင်ထုတ်မှာပါ။ Galaxy S10 နဲ့ S10 Plus ကို MWC 2019 မှာ မိတ်ဆက်သွားနိုင်ပြီး S10 Lite ဆိုပြီး Spec အနည်းငယ် နိမ့်တဲ့ မော်ဒယ်တစ်မျိုးလည်း မိတ်ဆက်သွားနိုင်ပါသေးတယ်။

Ref: Gizmo China