[Zawgyi]

Samsung Galaxy S 10 ထြက္ထားတာမွ သုံးလမျပည့္ေသးခ်ိန္မွာ Galaxy S 11 အေၾကာင္း ေျပာေနတာက မေစာလြန္းဘူးလားလို႔ ေမးခြန္းထုတ္စရာရွိပါတယ္။ Galaxy Note 10 ေတြ ထြက္လာဖို႔ဆိုတာကလည္း ေနာက္ထပ္ သုံးလေလာက္ လိုေနပါေသးတယ္။ ဒါေပမယ့္ Galaxy S 11 အေၾကာင္း သတင္းထြက္လာတာကလည္း အမွန္ပါပဲ။

Galaxy S 11 ဟာ အခုေပါက္ၾကားမႈမတိုင္မီကတည္းက Code Name သတ္မွတ္ၿပီးသား ရွိေနတယ္လို႔ နာမည္ေက်ာ္ Leakster ျဖစ္တဲ့ Ice Universe က ထုတ္ေဖာ္ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ေဖာ္ျပခ်က္အရ Samsung ရဲ႕ ၂၀၂၀ မွာထြက္လာမယ့္ ပထမဆုံး Flagship ဟာ “Picasso” အမည္နဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။

Galaxy S 10 တုန္းက “Dream”, “Star” နဲ႔ “Beyond” စတဲ့ နာမည္ေတြနဲ႔ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ Galaxy S 11 ရဲ႕ Code name ကေတာ့ S series ေတြအတြက္ ေပးေနက် နာမည္ကေန အနည္းငယ္ေျပာင္းလဲသြားတယ္လို႔ ဆိုႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က ဒီနာမည္ဝွက္အေၾကာင္းကို တျခားဘယ္မွာမွလည္း ေဖာ္ျပျခင္းမရွိေသးတာပါပဲ။ ဒါေၾကာင့္ ဒီသတင္းဟာ ေကာလာဟလအေနနဲ႔ပဲ သတ္မွတ္ထားရဦးမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ေျပာင္းလဲေနတဲ့ ဒီ Codename ေၾကာင့္ Galaxy S11 ဟာ လုံးဝကို မ်က္ႏွာျပင္ျပည့္ ျဖစ္လာၿပီး ေဘးေဘာင္ေကြးေတြကလည္း ပိုေကာင္းမြန္တဲ့ လြတ္လပ္မႈကို ေဖာ္ေဆာင္လာႏိုင္လိမ့္မယ္ဆိုတဲ့ ေကာလာဟလေတြကို ပိုၿပီး အားေကာင္းလာေစတာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္က ကင္မရာပိုင္းဆိုင္ရာကိုလည္း ပိုၿပီး အဆင့္ျမႇင့္တင္လာမယ္လို႔ အခိုင္အမာ ယုံၾကည္ေနၾကတာပါ။ ကင္မရာပိုင္းထက္ ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတာက Processor ပိုင္းပါ။ လက္ရွိမွာက 8-nanometer နဲ႔ 7-nanometer အေၾကာင္းေတြေျပာေနၾကေပမယ့္ Galaxy S 11 မွာေတာ့ 5-nanometer အေၾကာင္း ေျပာၾကရလိမ့္မယ္ ဆိုတာပါပဲ။ ေကာလာဟလဆိုတာ အတည္ယူလို႔မရေသးေပမယ့္ အမွန္တကယ္လည္း ျဖစ္လာႏိုင္စရာရွိတာေၾကာင့္ စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္ရဦးမယ့္ အေၾကာင္းအရာလို႔ ဆိုရမွာပါ။

Ref: Phone Arena

[Unicode]

Galaxy S 11 ရဲ့ Code Name ဟာ “Picasso” ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာ

Samsung Galaxy S 10 ထွက်ထားတာမှ သုံးလမပြည့်သေးချိန်မှာ Galaxy S 11 အကြောင်း ပြောနေတာက မစောလွန်းဘူးလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ Galaxy Note 10 တွေ ထွက်လာဖို့ဆိုတာကလည်း နောက်ထပ် သုံးလလောက် လိုနေပါသေးတယ်။ ဒါပေမယ့် Galaxy S 11 အကြောင်း သတင်းထွက်လာတာကလည်း အမှန်ပါပဲ။

Galaxy S 11 ဟာ အခုပေါက်ကြားမှုမတိုင်မီကတည်းက Code Name သတ်မှတ်ပြီးသား ရှိနေတယ်လို့ နာမည်ကျော် Leakster ဖြစ်တဲ့ Ice Universe က ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ဖော်ပြချက်အရ Samsung ရဲ့ ၂၀၂၀ မှာထွက်လာမယ့် ပထမဆုံး Flagship ဟာ “Picasso” အမည်နဲ့ ဖြစ်တယ်လို့ သိရပါတယ်။

Galaxy S 10 တုန်းက “Dream”, “Star” နဲ့ “Beyond” စတဲ့ နာမည်တွေနဲ့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Galaxy S 11 ရဲ့ Code name ကတော့ S series တွေအတွက် ပေးနေကျ နာမည်ကနေ အနည်းငယ်ပြောင်းလဲသွားတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တစ်ချက်က ဒီနာမည်ဝှက်အကြောင်းကို တခြားဘယ်မှမှလည်း ဖော်ပြခြင်းမရှိသေးတာပါပဲ။ ဒါကြောင့် ဒီသတင်းဟာ ကောလာဟလအနေနဲ့ပဲ သတ်မှတ်ထားရဦးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြောင်းလဲနေတဲ့ ဒီ Codename ကြောင့် Galaxy S11 ဟာ လုံးဝကို မျက်နှာပြင်ပြည့် ဖြစ်လာပြီး ဘေးဘောင်ကွေးတွေကလည်း ပိုကောင်းမွန်တဲ့ လွတ်လပ်မှုကို ဖော်ဆောင်လာနိုင်လိမ့်မယ်ဆိုတဲ့ ကောလာဟလတွေကို ပိုပြီး အားကောင်းလာစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က ကင်မရာပိုင်းဆိုင်ရာကိုလည်း ပိုပြီး အဆင့်မြှင့်တင်လာမယ်လို့ အခိုင်အမာ ယုံကြည်နေကြတာပါ။ ကင်မရာပိုင်းထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက Processor ပိုင်းပါ။ လက်ရှိမှာက 8-nanometer နဲ့ 7-nanometer အကြောင်းတွေပြောနေကြပေမယ့် Galaxy S 11 မှာတော့ 5-nanometer အကြောင်း ပြောကြရလိမ့်မယ် ဆိုတာပါပဲ။ ကောလာဟလဆိုတာ အတည်ယူလို့မရသေးပေမယ့် အမှန်တကယ်လည်း ဖြစ်လာနိုင်စရာရှိတာကြောင့် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရဦးမယ့် အကြောင်းအရာလို့ ဆိုရမှာပါ။

Ref: Phone Arena