[Unicode]

Samsung ကတော့ Galaxy S11+ ကို လူသိရှင်ကြား ထုတ်ပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလလယ်လောက်မှာ မိတ်ဆက်လာမယ့် Galaxy S11+ အကြောင်း ပေါက်ကြားမှုတွေထဲကမှ အခုနောက်ဆုံး ထွက်လာတာက အရှေ့ဘက် မျက်နှာပြင်ပုံစံပါ။

Samsung Galaxy S11+ နဲ့ ပတ်သက်တဲ့ ပေါက်ကြားမှု၊ ကောလာဟလသတင်းတွေက အတော်လေးကို စုံသလောက်ဖြစ်နေပြီဆိုပေမယ့် အခုပေါက်ကြားလာတဲ့ မျက်နှာပြင်ကြောင့် ပြောစရာအချက် နှစ်ချက်ရလာပါတယ်။ တစ်ချက်ကတော့ Galaxy S11+ ဟာ Bezel မရှိသလောက်ကို ပြုလုပ်ထားပြီး Edge-to-Edge ပုံစံအပြည့်အဝ ခံစားရမှာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ Note 10 လိုမျိုးပဲ မျက်နှာပြင်ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ ခပ်သေးသေး Punch-hole နဲ့အတူ Selfie ကင်မရာ တစ်လုံးရှိနေမှာပါ။ Galaxy S11+ ရဲ့ ဒီမျက်နှာပြင်ဟာ နာမည်ကျော် Leaksetr ဖြစ်တဲ့ @IceUniverse ဆီကကနေ ပေါက်ကြားထွက်ပေါ်လာတာကြောင့် အတော်လေးကို ယုံကြည်ရတဲ့ ပေါက်ကြားသတင်းလို့ ဆိုရမှာပါ။

Bezel မရှိသလောက်ဖြစ်နေတဲ့ Galaxy S11+ ရဲ့ မျက်နှာပြင်ကိုကြည့်ပြီး တွေးမိတာက ဒီဟန်းဆက်မှာ ပါဝင်လာမယ့် မျက်နှာပြင်အောက်က Fingerprint scanner က ဘယ်လောက်ထိ တိုးတက်ကောင်းမွန်လာမလဲ ဆိုတာပါ။ အကြောင်းက Galaxy S10 နဲ့ Note 10 Series တွေက UD Fingerprint က ထင်သလောက် မြန်ဆန်ခြင်း မရှိလို့ပါပဲ။

နောက်တစ်ခုက 3D Face ID စနစ်ပါ။ အချို့ဟန်းဆက်တွေမှာ Notch ပါဝင်နေတာက ဒီစနစ်အတွက် လိုအပ်နေလို့ပါပဲ။ ဥပမာအားဖြင့် Google Pixel တွေရဲ့ မြန်ဆန်တိကျတဲ့ 3D face recognition တွေကို ပြောရမှာပါ။ Samsung အနေနဲ့ Galaxy S11+ မှာ ဒီနှစ်မျိုးကို ပိုပြီးတိုးတက်လာအောင် ပြုလုပ်လာနိုင်မလား စောင့်ကြည့်ရမှာပါ။

Ref: Phone Arena

[Zawgyi]

Samsung Galaxy S11+ ရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ပုံစံ ေပါက္ၾကားထြက္ေပၚလာ

Samsung ကေတာ့ Galaxy S11+ ကို လူသိရွင္ၾကား ထုတ္ျပဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။ လာမယ့္ ေဖေဖာ္ဝါရီလလယ္ေလာက္မွာ မိတ္ဆက္လာမယ့္ Galaxy S11+ အေၾကာင္း ေပါက္ၾကားမႈေတြထဲကမွ အခုေနာက္ဆုံး ထြက္လာတာက အေရွ႕ဘက္ မ်က္ႏွာျပင္ပုံစံပါ။

Samsung Galaxy S11+ နဲ႔ ပတ္သက္တဲ့ ေပါက္ၾကားမႈ၊ ေကာလာဟလသတင္းေတြက အေတာ္ေလးကို စုံသေလာက္ျဖစ္ေနၿပီဆိုေပမယ့္ အခုေပါက္ၾကားလာတဲ့ မ်က္ႏွာျပင္ေၾကာင့္ ေျပာစရာအခ်က္ ႏွစ္ခ်က္ရလာပါတယ္။ တစ္ခ်က္ကေတာ့ Galaxy S11+ ဟာ Bezel မရွိသေလာက္ကို ျပဳလုပ္ထားၿပီး Edge-to-Edge ပုံစံအျပည့္အဝ ခံစားရမွာ ျဖစ္ပါတယ္။

ဒုတိယအခ်က္ကေတာ့ Note 10 လိုမ်ိဳးပဲ မ်က္ႏွာျပင္ရဲ႕ အေပၚဘက္အလယ္တည့္တည့္မွာ ခပ္ေသးေသး Punch-hole နဲ႔အတူ Selfie ကင္မရာ တစ္လုံးရွိေနမွာပါ။ Galaxy S11+ ရဲ႕ ဒီမ်က္ႏွာျပင္ဟာ နာမည္ေက်ာ္ Leakster ျဖစ္တဲ့ @IceUniverse ဆီကကေန ေပါက္ၾကားထြက္ေပၚလာတာေၾကာင့္ အေတာ္ေလးကို ယုံၾကည္ရတဲ့ ေပါက္ၾကားသတင္းလို႔ ဆိုရမွာပါ။

Bezel မရွိသေလာက္ျဖစ္ေနတဲ့ Galaxy S11+ ရဲ႕ မ်က္ႏွာျပင္ကိုၾကည့္ၿပီး ေတြးမိတာက ဒီဟန္းဆက္မွာ ပါဝင္လာမယ့္ မ်က္ႏွာျပင္ေအာက္က Fingerprint scanner က ဘယ္ေလာက္ထိ တိုးတက္ေကာင္းမြန္လာမလဲ ဆိုတာပါ။ အေၾကာင္းက Galaxy S10 နဲ႔ Note 10 Series ေတြက UD Fingerprint က ထင္သေလာက္ ျမန္ဆန္ျခင္း မရွိလို႔ပါပဲ။

ေနာက္တစ္ခုက 3D Face ID စနစ္ပါ။ အခ်ိဳ႕ဟန္းဆက္ေတြမွာ Notch ပါဝင္ေနတာက ဒီစနစ္အတြက္ လိုအပ္ေနလို႔ပါပဲ။ ဥပမာအားျဖင့္ Google Pixel ေတြရဲ႕ ျမန္ဆန္တိက်တဲ့ 3D face recognition ေတြကို ေျပာရမွာပါ။ Samsung အေနနဲ႔ Galaxy S11+ မွာ ဒီႏွစ္မ်ိဳးကို ပိုၿပီးတိုးတက္လာေအာင္ ျပဳလုပ္လာႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

Ref: Phone Arena