Zawgyi

Samsung ကုမၸဏီဟာ သူတုိ႔ရဲ႕ Flagship အသစ္ျဖစ္တဲ့ S11 စီးရီးကို လာမယ့္ေဖေဖာ္ဝါရီဝန္းက်င္မွာ မိတ္ဆက္သြားမယ္လို႔ အားလုံးကေမွ်ာ္လင့္ထားေပမယ့္ ရက္စြဲအတိအက်ကိုေတာ့ မသိခဲ့ၾကပါဘူး။ ဒီတစ္ခါ ထြက္လာတဲ့ သတင္းအရဆုိရင္ ၂၀၂၀ ခုႏွစ္အတြက္ Galaxy S Flagship ဟန္းဆက္ေတြဟာ ေဖေဖာ္ဝါရီ ၁၁ မွာ စတင္မိတ္ဆက္လာမယ္လို႔ဆုိပါတယ္။

ဒီသတင္းဟာ Galaxy S11 လိုင္းအပ္နဲ႔ ပတ္သက္ၿပီး တံခါးပိတ္က်င္းပတဲ့ အစည္းအေဝးကို တက္ေရာက္ခဲ့သူထံမွ ျပန္လည္ထြက္ေပၚလာခဲ့တာျဖစ္ၿပီး Galaxy S11 စီးရီးလိုင္းထဲမွာ ပါဝင္မယ့္ Galaxy S11, S11e နဲ႔ S11+ တုိ႔နဲ႔ပတ္သက္တဲ့ အခ်က္အလက္တစ္ခ်ဳိ႕လည္း ထုတ္ေဖာ္လာခဲ့ပါတယ္။

သတင္းရင္းျမစ္ေတြကေတာ့ S11 စီးရီးဝင္ေတြဟာ ေစ်းကြက္ေပၚလုိက္ၿပီး Exynos 990 သုိ႔မဟုတ္ Snapdragon ခ်စ္ပ္ဆက္အသစ္နဲ႔ ထြက္လာမယ္လို႔ဆုိပါတယ္။ ဒါ့အျပင္ အားသြင္းစနစ္က 25W Fast Charging ႀကိဳးစနစ္ျဖစ္မွာပါ။ SIM နဲ႔ eSIM ဗားရွင္းႏွစ္မ်ဳိးလုံးျဖင့္ထြက္လာမွာျဖစ္ၿပီး Plus ေမာ္ဒယ္မွာေတာ့ 5G ခ်ိတ္ဆက္ႏုိင္စြမ္းပါဝင္လာမွာျဖစ္ပါတယ္။

အခုလအေစာပုိင္းမွာ S11 Vanilla ဗားရွင္းဟာ 6.2” သုိ႔မဟုတ္ 6.4” လက္မ Display အသုံးလာမွာျဖစ္ၿပီး S11e နဲ႔ S11+ တုိ႔မွာေတာ့ 6.7” နဲ႔ 6.9” အရြယ္အစားျဖစ္္မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ယေန႔မွာေတာ့ S11 နဲ႔ Plus ဗားရွင္းတုိ႔မွာသာ 120Hz Refresh Rate နဲ႔ Display ပါဝင္လာမွာျဖစ္တယ္လို႔ ထပ္မံသိခဲ့ရပါတယ္။

S11 နဲ႔ S11+ တုိ႔မွာ 108MP Sensor အသစ္နဲ႔ Quad-cam အတြဲကို အသုံးျပဳလာမယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ အဓိကကင္မရာနဲ႔ ဗီဒီယုိရုိက္ကူးၿပီးတဲ့အခါ Telephoto နဲ႔ Ultrawide တုိ႔ျဖင့္ ရုိက္ကူးရင္ ဘယ္လိုျဖစ္မယ္ဆုိတာကို Preview ၾကည့္လို႔ရမယ့္ Feature တစ္ခုလည္း ပါဝင္တယ္လို႔ဆုိတာေၾကာင့္ ယခင္က ၾကားထားရတဲ့ Director’s View Feature လို႔ယူဆရပါတယ္။

Samsung Galaxy S11 စီးရီးမိတ္ဆက္မယ့္ရက္စြဲဟာ အခုဆုိရင္ လအနည္းငယ္သာ လိုေတာ့တာျဖစ္တဲ့အတြက္ ေရွ႕ဆက္ၿပီး သူ႔မွာ ပါဝင္လာမယ့္ Feature ေတြကို ထပ္မံၾကားရဖို႔ ေမွ်ာ္လင့္ပါတယ္။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ သူတို့ရဲ့ Flagship အသစ်ဖြစ်တဲ့ S11 စီးရီးကို လာမယ့်ဖေဖော်ဝါရီဝန်းကျင်မှာ မိတ်ဆက်သွားမယ်လို့ အားလုံးကမျှော်လင့်ထားပေမယ့် ရက်စွဲအတိအကျကိုတော့ မသိခဲ့ကြပါဘူး။ ဒီတစ်ခါ ထွက်လာတဲ့ သတင်းအရဆိုရင် ၂၀၂၀ ခုနှစ်အတွက် Galaxy S Flagship ဟန်းဆက်တွေဟာ ဖေဖော်ဝါရီ ၁၁ မှာ စတင်မိတ်ဆက်လာမယ်လို့ဆိုပါတယ်။

ဒီသတင်းဟာ Galaxy S11 လိုင်းအပ်နဲ့ ပတ်သက်ပြီး တံခါးပိတ်ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့သူထံမှ ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး Galaxy S11 စီးရီးလိုင်းထဲမှာ ပါဝင်မယ့် Galaxy S11, S11e နဲ့ S11+ တို့နဲ့ပတ်သက်တဲ့ အချက်အလက်တစ်ချို့လည်း ထုတ်ဖော်လာခဲ့ပါတယ်။

သတင်းရင်းမြစ်တွေကတော့ S11 စီးရီးဝင်တွေဟာ ဈေးကွက်ပေါ်လိုက်ပြီး Exynos 990 သို့မဟုတ် Snapdragon ချစ်ပ်ဆက်အသစ်နဲ့ ထွက်လာမယ်လို့ဆိုပါတယ်။ ဒါ့အပြင် အားသွင်းစနစ်က 25W Fast Charging ကြိုးစနစ်ဖြစ်မှာပါ။ SIM နဲ့ eSIM ဗားရှင်းနှစ်မျိုးလုံးဖြင့်ထွက်လာမှာဖြစ်ပြီး Plus မော်ဒယ်မှာတော့ 5G ချိတ်ဆက်နိုင်စွမ်းပါဝင်လာမှာဖြစ်ပါတယ်။

အခုလအစောပိုင်းမှာ S11 Vanilla ဗားရှင်းဟာ 6.2” သို့မဟုတ် 6.4” လက်မ Display အသုံးလာမှာဖြစ်ပြီး S11e နဲ့ S11+ တို့မှာတော့ 6.7” နဲ့ 6.9” အရွယ်အစားဖြစ်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ယနေ့မှာတော့ S11 နဲ့ Plus ဗားရှင်းတို့မှာသာ 120Hz Refresh Rate နဲ့ Display ပါဝင်လာမှာဖြစ်တယ်လို့ ထပ်မံသိခဲ့ရပါတယ်။

ကင်မရာပိုင်းမှာ S11 နဲ့ S11+ တို့မှာ 108MP Sensor အသစ်နဲ့ Quad-cam အတွဲကို အသုံးပြုလာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဓိကကင်မရာနဲ့ ဗီဒီယိုရိုက်ကူးပြီးတဲ့အခါ Telephoto နဲ့ Ultrawide တို့ဖြင့် ရိုက်ကူးရင် ဘယ်လိုဖြစ်မယ်ဆိုတာကို Preview ကြည့်လို့ရမယ့် Feature တစ်ခုလည်း ပါဝင်တယ်လို့ဆိုတာကြောင့် ယခင်က ကြားထားရတဲ့ Director’s View Feature လို့ယူဆရပါတယ်။

Samsung Galaxy S11 စီးရီးမိတ်ဆက်မယ့်ရက်စွဲဟာ အခုဆိုရင် လအနည်းငယ်သာ လိုတော့တာဖြစ်တဲ့အတွက် ရှေ့ဆက်ပြီး သူ့မှာ ပါဝင်လာမယ့် Feature တွေကို ထပ်မံကြားရဖို့ မျှော်လင့်ပါတယ်။

Ref – GSM Arena