[Unicode]

Samsung ဟာ သူတို့ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး Flagship lineup ၁၀နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Galaxy S10 ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ နောက်ထပ်မျိုးဆက်အဖြစ် လာမယ့်ဖေဖော်ဝါရီလမှာ Galaxy S11 ကို မိတ်ဆက်လာဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေက ကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။

ဒါပေမယ့် Samsung ဟာ Galaxy S11 ကို ဖေဖော်ဝါရီလမှာ တကယ်ပဲ  ပွဲထုတ်လာပါ့မလားလို့ သံသယဖြစ်စရာ ရှိပါတယ်။ အကြောင်းကတော့ ပေါက်ကြားသတင်းတွေမှာ နာမည်ကြီးတဲ့ IceUniverse က တောင်ကိုရီးယားကုမ္ပဏီကြီးဟာ သူတို့ရဲ့ Lineup အသစ်မှာ “Galaxy S20” ဆိုတဲ့အမည်နဲ့ထုတ်လာဖို့ ဆုံးဖြတ်ထားတယ်လို့ အခိုင်အမာပြောနေတာကြောင့် ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဖေဖော်ဝါရီမှာ မိတ်ဆက်မှာက Galaxy S11 လို့ အခုခေါ်ဆိုနေကြတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နာမည်အားဖြင့်တော့ Galaxy S20 အဖြစ်နဲ့ ပြောင်းလဲလာဖွယ်ရှိပါတယ်။ Galaxy S11e နဲ့ Galaxy S11+ တို့ကလည်း Galaxy S20e နဲ့ Galaxy S20+ ဆိုပြီး အသီးသီးနာမည်ပြောင်းပြီး ထွက်လာဖွယ်ရှိနေတာပါ။

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးအနေနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက ဈေးကွက်တိုးချဲ့ဖို့ မဟာဗျူဟာ အပြောင်းအလဲတွေစပြီး လုပ်လာခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအလဲတွေထဲမှာ Lineup တွေအတွက် နာမည်မှည့်တာလည်း ပါဝင်ပါတယ်။ Samsung အနေနဲ့ Galaxy S lineup ကို လုံးဝနာမည်မပြောင်းလဲလိုသလို၊ ပိုပြီးရှင်းလင်းတဲ့ နာမည်အဖြစ် Galaxy S20 ကနေ ပြန်အစပြုတဲ့သဘောလို့ ယူဆရပါတယ်။

အကယ်၍သာ Galaxy S11, S12 စတဲ့နာမည်တွေဆက်သုံးမယ်ဆိုရင် Apple ရဲ့ iPhone တွေကို iPhone X, iPhone 11 ဆိုပြီး ဆက်တိုက်နာမည်ပေးတာမျိုးနဲ့ ဆင်တူသွားနိုင်တယ်လို့ယူဆပြီး ပြောင်းလဲလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Galaxy S20 အဖြစ်ပြန်စမယ်ဆိုတာက အကုန်အကျလည်းမများလွန်း၊ နာမည်လည်း အပြောင်းအလဲလိုဖြစ်သွားတဲ့ Branding တစ်ခုလို့ပဲ ယူဆရပါတယ်။

Ref: Phone Arena

[Zawgyi]

Galaxy S11 ကို Galaxy S20 နာမည္နဲ႔ မိတ္ဆက္လာဖြယ္ရွိတဲ့ Samsung

Samsung ဟာ သူတို႔ရဲ႕ ေပၚျပဴလာအျဖစ္ဆုံး Flagship lineup ၁၀ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ Galaxy S10 ကို ထုတ္လုပ္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ေနာက္ထပ္မ်ိဳးဆက္အျဖစ္ လာမယ့္ေဖေဖာ္ဝါရီလမွာ Galaxy S11 ကို မိတ္ဆက္လာဖြယ္ရွိတယ္ဆိုတဲ့သတင္းေတြက က်ယ္က်ယ္ေလာင္ေလာင္ၾကားေနရပါတယ္။

ဒါေပမယ့္ Samsung ဟာ Galaxy S11 ကို ေဖေဖာ္ဝါရီလမွာ တကယ္ပဲ  ပြဲထုတ္လာပါ့မလားလို႔ သံသယျဖစ္စရာ ရွိပါတယ္။ အေၾကာင္းကေတာ့ ေပါက္ၾကားသတင္းေတြမွာ နာမည္ႀကီးတဲ့ IceUniverse က ေတာင္ကိုရီးယားကုမၸဏီႀကီးဟာ သူတို႔ရဲ႕ Lineup အသစ္မွာ “Galaxy S20” ဆိုတဲ့အမည္နဲ႔ထုတ္လာဖို႔ ဆုံးျဖတ္ထားတယ္လို႔ အခိုင္အမာေျပာေနတာေၾကာင့္ ျဖစ္ပါတယ္။

ဟုတ္ပါတယ္။ ေဖေဖာ္ဝါရီမွာ မိတ္ဆက္မွာက Galaxy S11 လို႔ အခုေခၚဆိုေနၾကတာ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ နာမည္အားျဖင့္ေတာ့ Galaxy S20 အျဖစ္နဲ႔ ေျပာင္းလဲလာဖြယ္ရွိပါတယ္။ Galaxy S11e နဲ႔ Galaxy S11+ တို႔ကလည္း Galaxy S20e နဲ႔ Galaxy S20+ ဆိုၿပီး အသီးသီးနာမည္ေျပာင္းၿပီး ထြက္လာဖြယ္ရွိေနတာပါ။

ေတာင္ကိုရီးယားအေျခစိုက္ နည္းပညာကုမၸဏီႀကီးအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ေဈးကြက္တိုးခ်ဲ႕ဖို႔ မဟာဗ်ဴဟာ အေျပာင္းအလဲေတြစၿပီး လုပ္လာခဲ့တာျဖစ္ပါတယ္။ ဒီအေျပာင္းအလဲေတြထဲမွာ Lineup ေတြအတြက္ နာမည္မွည့္တာလည္း ပါဝင္ပါတယ္။ Samsung အေနနဲ႔ Galaxy S lineup ကို လုံးဝနာမည္မေျပာင္းလဲလိုသလို၊ ပိုၿပီးရွင္းလင္းတဲ့ နာမည္အျဖစ္ Galaxy S20 ကေန ျပန္အစျပဳတဲ့သေဘာလို႔ ယူဆရပါတယ္။

အကယ္၍သာ Galaxy S11, S12 စတဲ့နာမည္ေတြဆက္သုံးမယ္ဆိုရင္ Apple ရဲ႕ iPhone ေတြကို iPhone X, iPhone 11 ဆိုၿပီး ဆက္တိုက္နာမည္ေပးတာမ်ိဳးနဲ႔ ဆင္တူသြားႏိုင္တယ္လို႔ယူဆၿပီး ေျပာင္းလဲလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Galaxy S20 အျဖစ္ျပန္စမယ္ဆိုတာက အကုန္အက်လည္းမမ်ားလြန္း၊ နာမည္လည္း အေျပာင္းအလဲလိုျဖစ္သြားတဲ့ Branding တစ္ခုလို႔ပဲ ယူဆရပါတယ္။

Ref: Phone Arena