Samsung ရဲ့ Galaxy S20 Ultra စမတ်ဖုန်းဟာ Samsung အတွက် ပထမဆုံးအနေနဲ့ 108MP Primary Sensor ပါဝင်တဲ့စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ Camera ပိုင်းကိုလည်း တော်တော်လေးအားစိုက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း DxOMark ရဲ့ Camera ပိုင်းတိုင်းတာမှုမှာတော့ စုစုပေါင်း ၁၂၂ မှတ်နဲ့ အဆင့် (၇) နေရာပဲရရှိခဲ့ပါတယ်။

အခုလိုမျိုး Back Camera ပိုင်းမှာအားနည်းတယ်ဆိုပေမယ့် Galaxy S20 Ultra ရဲ့ Selfie Camera ကတော့ တော်တော်လေးကို ကောင်းမွန်တဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် DxOMark ရဲ့ Selfie Camera စမ်းသပ်မှုမှာ Galaxy S20 Ultra က ရမှတ် ၁၀၀ အတိရရှိခဲ့ပြီးတော့ ဒုတိယနေရာကို ရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီလိုမျိုး Selfie Camera ပိုင်းမှာတော်တော်လေးကို ကောင်းမွန်တယ်ဆိုပေမယ့် Huawei P40 Pro ရဲ့ Selfie Camera ရမှတ် ၁၀၃ မှတ်ကိုတော့ မမှီသေးဘူးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Galaxy Note 10+ တုန်းကလည်း Selfie Camera ရမှတ်အနေနဲ့ ၉၉ မှတ်ရရှိခဲ့တဲ့အတွက် Samsung Galaxy S20 Ultra က သိသိသာသာပိုကောင်းလာတာမဟုတ်ဘူးလို့တောင် ပြောနိုင်ပါတယ်။

DxOMark ရဲ့ပြောကြားချက်အရတော့ Lighting ပိုင်းတွေမှာ Exposure နဲ့ Contrast ပိုင်းတွေအားရဖို့ကတောင်းသလို White Balance နဲ့ Skin Tone တွေအရလည်း မှန်ကန်အောင်ရိုက်ကူးပေးနိုင်တယ်လို့ သိရပါတယ်။ Portrait ဓါတ်ပုံတွေအနေနဲ့လည်း အဆင်ပြေတဲ့အဆင့်တစ်ခုရှိနေတယ်လို့သိရပါတယ်။

Video ပိုင်းမှာတော့ 4K 30fps Video တွေကို ရိုက်ကူးနိုင်သလို Details ပိုင်း၊ Color ပိုင်းနဲ့ Depth of Field ပိုင်းမှာ ကောင်းမွန်ပေမယ့် Autofocus ပိုင်းမှာတော့ အားနည်းချက်တွေရှိနေသေးတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Selfie Camera ပိုင်းမှာတော့ Galaxy S20 Ultra ဖုန်းက အားရဖို့ကောင်းတဲ့အထိ စွမ်းဆောင်နိုင်မယ့်ဖုန်းတစ်လုံးဖြစ်မှာပါ။

Ref – Gizmo China