နောက်ဆုံးမှာတော့ Samsung ဟာ သူ့ရဲ့အမြန်အားသွင်းစနစ်ကို ပိုပြီးအာရုံစိုက်လာပြီလို့ ဆိုရမှာပါ။ Galaxy S10 လိုင်းမှာ 15W ကနေ 25W အထိရပြီး၊ Galaxy Note10 နဲ့ Note10+ တို့မှာတော့ 45W အသီးသီးရရှိကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားပြိုင်ဘက်တွေနဲ့ယှဉ်ရင်တော့ အမြန်ဆုံးမဟုတ်သေးပါဘူး။

Galaxy S20 Ultra ကလည်း 45W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားမှာပါ။ ဒါပေမယ့် သုံးရတာပိုကောင်းသွားမယ်လို့ ဆိုပါတယ်။ သတင်းအရတော့ Galaxy S20 Ultra ရဲ့ Built-in 5,000mAh ဘက်ထရီကို 45W charger နဲ့ အားသွင်းရင် 0% ကနေ 100% အထိ အားသွင်းချိန်ဟာ ၅၈ မိနစ်ပဲ ကြာမြင့်တယ်လို့ သိရပါတယ်။

ဒီသတင်းအတိုင်းဆိုရင်တော့ Galaxy S20 Ultra ရဲ့ အားသွင်းစနစ်က အတော်လေး အထင်ကြီးစရာကောင်းတဲ့ လုပ်ဆောင်ချက်လို့ ပြောရမှာပါပဲ။ Galaxy Note 10+ ရဲ့ 4,300mAh ဘက်ထရီကို 25W charger နဲ့အားသွင်းရင် တစ်နာရီကျော်ကျော် အချိန်ယူရပြီး၊ 45W charger နဲ့ဆိုရင်တော့ တစ်နာရီမပြည့်တပြည့် အချိန်ယူရပါတယ်။

ဘက်ထရီတွေဟာ အားနည်းနေချိန်မှာ မြင့်မားတဲ့ Wattage ကို ရယူပြီး အားပြည့်ကာနီးမှာ အားသွင်းနှုန်းကို လျှော့ချလေ့ရှိပါတယ်။ Galaxy S20 Ultra အနေနဲ့ မြင့်မားတဲ့အားသွင်းနှုန်းကို Galaxy Note 10+ ထက် ကြာကြာထိန်းထားနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် S20 Ultra ရဲ့ ဘက်ထရီကပိုကြီးပေမယ့် အားသွင်းချိန်က Note 10+ နဲ့ အတူတူလောက်ပဲ ဖြစ်ပါလိမ့်မယ်။

Ref: GSM Arena