Samsung ဟာ လာမယ့်ဇန်နဝါရီလအတွင်းမှာ Galaxy S21 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေဟာ Qualcomm Snapdragon 888 Chipset နဲ့ ကိုယ်ပိုင် Exynos 2100 Chipset တွေကို အစောဆုံးအသုံးပြုလာမယ့် Flagship ဖုန်းတွေလို့လည်း ပြောနိုင်ပါတယ်။

အဆိုပါ Galaxy S21 Series ဟာ S20 Series တုန်းကလိုမျိုးပဲ Galaxy S21 ၊ S21+ နဲ့ S21 Ultra ဆိုပြီး ၃ မျိုး မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။ Galaxy S21 Ultra မှာဆိုရင် S Pen Support ပါရရှိလာမှာဖြစ်ပြီး S21 နဲ့ S21 Ultra ဖုန်းတွေအတွက် 3D Render ဓါတ်ပုံတွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။

အခုလည်း ကျန်ရှိနေတဲ့ Galaxy S21+ စမတ်ဖုန်းအတွက် 3D Render ဓါတ်ပုံတွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Galaxy S21+ ဟာ Silver Color ဖြစ်ပြီး Italian Case Maker ဖြစ်တဲ့ Pigtou ကနေ “xleaks7″ အမည်ရတဲ့ Leakster နဲ့ပူးပေါင်းပြီး ဖော်ပြခဲ့တာပါ။

Samsung Galaxy S21+ စမတ်ဖုန်းမှာ 6.8” Full HD+ Resolution ရှိတဲ့ LTPS AMOLED Display ကိုအသုံးပြုထားပြီး 120Hz Refresh Rate ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Body Design အနေနဲ့ကတော့ Glass ဖြစ်မလား၊ Polycarbonate ဖြစ်မလားဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ Camera အနေနဲ့ကတော့ Galaxy S20+ လိုမျိုးပဲ 12MP Primary + 12MP Ultrawide + 64MP Telephoto Sensor တွေကို အသုံးပြုလာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy S21+ စမတ်ဖုန်းဟာ Android 11 ကို အခြေခံထားတဲ့ OneUI 3.1 နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Battery အနေနဲ့ 4800mAh ပါဝင်မယ့်အပြင် Phantom Black ၊ Phantom Silver နဲ့ Phantom Violet ဆိုပြီး အရောင် ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China