Samsung ဟာ ပြီးခဲ့တဲ့ Galaxy S20 Series စမတ်ဖုန်းတွေမှာ 120Hz Refresh Rate ကို စတင်ပြီး Support ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Galaxy S20 Series ဖုန်းတွေအပြင် နောက်ဆုံးထွက်ရှိထားတဲ့ Galaxy Note 20 Ultra ဖုန်းမှာပါ 120Hz Refresh Rate ကို Full HD+ Resolution မှာပဲ အသုံးပြုနိုင်ခဲ့တာပါ။

လက်ရှိအချိန်မှာ OnePlus 8 Pro ၊ OPPO Find X2 Pro လိုမျိုး စမတ်ဖုန်းတွေက QHD+ Resolution မှာလည်း 120Hz Refresh Rate ကို Support ပေးနိုင်တဲ့အတွက် Samsung Flagship ဖုန်းတွေမှာ အသုံးပြုနိုင်ခြင်းမရှိတာက အားနည်းချက်တစ်ခုဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် Galaxy S21 Ultra မှာတော့ ပြောင်းလဲသွားတော့မယ့် ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် အခုနောက်ဆုံး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ရဲ့ ပြောကြားချက်အရ Galaxy S21 Ultra ဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ QHD+ 2K Resolution ကိုမှ 120Hz Refresh Rate နဲ့အသုံးပြုနိုင်မယ်လို့ သိရတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့ Galaxy S21 Series ဖုန်းတွေမှာပါ ဒီလိုမျိုး QHD+ Resolution မှာ 120Hz Refresh Rate ကို အသုံးပြုနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Galaxy S21 Ultra စမတ်ဖုန်းဟာ 5nm Architecture ကို အသုံးပြုထားမယ့် Qualcomm Snapdragon 875 သို့မဟုတ် Exynos 2100 Chipset တွေအပြင် S Pen ကိုပါ Support ပြုလုပ်လာနိုင်ခြေရှိနေပါတယ်။ ဒါတင်မဟုတ်သေးဘဲ အဆင့်မြှင့်တင်ထားတဲ့ 108MP Primary Camera ၊ 60W Fast Charging အထိ Support ပြုလုပ်လာမယ့် 5000mAh Battery တွေလည်းပါဝင်လာမယ့်အတွက် Samsung ရဲ့ အကောင်းဆုံး Flagship ဖုန်းတစ်လုံးဖြစ်လာဖို့များနေပါပြီ။

Samsung ဟာ Galaxy S21 Series စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

Ref – Gizmo China