Samsung ဟာ ယခု ၂၀၂၁ ခုနှစ်မှာ Galaxy Note Series ဖုန်းတွေထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး Foldable ဖုန်းတွေနဲ့ အစားထိုးသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း မကြာခင်မှာ မိတ်ဆက်တော့မယ့် Galaxy S21 Ultra ဖုန်းဟာ S Pen Support ရရှိလာမယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကို သေချာသွားစေတာကတော့ Galaxy S21 Ultra ဖုန်းအတွက် Samsung ရဲ့ S View Flip Cover Render ဓါတ်ပုံတွေပေါက်ကြားလာတာကြောင့်ဖြစ်ပါတယ်။ Samsung ဟာ Flagship ဖုန်းတွေအတွက် S View Flip Cover တွေကို မိတ်ဆက်နေကျဖြစ်ပေမယ့် Galaxy S21 Ultra မှာတော့ ထူးခြားချက်တစ်ခုပါဝင်လာပါတယ်။

ဒါကတော့ အဆိုပါ S View Flip Cover မှာ S Pen ကို သိမ်းဆည်းထားဖို့အတွက် နေရာပြုလုပ်ထားတာပဲဖြစ်ပါတယ်။ Galaxy S21 Ultra ဖုန်းဟာ S Pen Support ပြုလုပ်လာမယ်ဆိုပေမယ့် Galaxy Note Series ဖုန်းတွေလိုမျိုး S Pen ကို ဖုန်းအတွင်းထည့်သွင်းဖို့ နေရာမရှိတဲ့အတွက် အခုလိုမျိုး S View Flip Cover မှာ ထည့်သွင်းထားတယ်လို့ ယူဆရပါတယ်။

အဲ့ဒီအတွက် Samsung Galaxy S21 Ultra ဖုန်းကို ဝယ်ယူသူတွေအနေနဲ့ S Pen ကို သီးခြားဝယ်ယူရဖွယ်ရှိနေသလို S Pen ကို မပျောက်အောင် သိမ်းထားဖို့အတွက်လည်း S View Flip Cover ကိုပါ ထပ်မံဝယ်ယူရဖွယ်ရှိပါတယ်။ S Pen Feature တွေအနေနဲ့ကတော့ အသစ်အဆန်းပါဝင်လာမယ်လို့ သတင်းထွက်ထားခြင်းမရှိတဲ့အတွက် ပြီးခဲ့တဲ့ Galaxy Note 20 Series မှာ ပါဝင်တဲ့ S Pen နဲ့အတူတူပဲဖြစ်နိုင်ပါတယ်။

Samsung အနေနဲ့ Galaxy Tab S7 Series Tablet တွေမှာလည်း S Pen ကို သီးခြားသံလိုက်နဲ့ ကပ်ပြီး သိမ်းဆည်းရတဲ့အတွက် အခုလိုမျိုး S21 Ultra မှာလည်း အလားတူပုံစံပြုလုပ်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၂၁ ခုနှစ်မှာ Galaxy Note Series ဖုန်းတွေကို မြင်ရဖို့ရှိမရှိကတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Giz China