Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ Galaxy S22 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Galaxy S22 Ultra ဖုန်းရဲ့ Render Design တွေပေါက်ကြားလာခဲ့ပြီးတော့ ကြီးမားတဲ့ Design ပြောင်းလဲမှုတွေအပြင် S Pen ကိုပါ ဖုန်းအတွင်းမှာ ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။

အခုလည်း Samsung ရဲ့ နောက်ထပ် Galaxy S22 Series ဖုန်းတွေဖြစ်တဲ့ S22 နဲ့ S22+ ဖုန်းတွေရဲ့ Render Design ပုံတွေက ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် Samsung Fan တွေအတွက် စိတ်မကောင်းစရာကတော့ S22 နဲ့ S22+ ဖုန်းတွေဟာ Design ပိုင်းမှာ ကြီးကြီးမားမားပြောင်းလဲမှုရှိမှာတော့မဟုတ်ပါဘူး။

အဲ့ဒီအတွက် ရုတ်တရက်ကြည့်လိုက်တာနဲ့ S22 ဖုန်းတွေဟာ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ထားတဲ့ S21 Series ဖုန်းတွေနဲ့ ဆင်တူပြီးတော့ ပြောင်းလဲမှုအနေနဲ့က Back Camera Sensor တွေကို ဖုန်းရဲ့ ဘေးဘက် Frame ကနေ အတွင်းဘက်ကို အနည်းငယ်ပြောင်းလဲထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါက ဖုန်းနှစ်လုံးယှဥ်ပြီး ကြည့်တာမဟုတ်ရင် ခွဲခြားနိုင်ဖို့ ခက်ခဲပါတယ်။

အရှေ့ဘက် Design အနေနဲ့လည်း Flat OLED Display ကိုပဲ အသုံးပြုလာဦးမှာဖြစ်သလို Under Display Camera ကိုလည်း ထည့်သွင်းထားဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် Selfie Camera ကို Punch-hole Design အနေနဲ့ပဲ ဆက်လက်မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

Samsung Galaxy S22 နဲ့ S22+ ဖုန်းတွေဟာ အရွယ်အစားအနေနဲ့ ယခုနှစ်မှာ မိတ်ဆက်ထားတဲ့ S21 Series ဖုန်းတွေထက် ပိုပြီးသေးငယ်မှာဖြစ်ပြီး S22 ဆိုရင် Screen Size အနေနဲ့ 6.06″ ပဲရှိမှာဖြစ်ပါတယ်။ S22+ ဖုန်းရဲ့ Display ကိုတော့ အတိအကျမသိရသေးပေမယ့် 6.7″ အောက်ပဲရှိမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S22 Series ဖုန်းတွေဟာ Design ပိုင်းပြောင်းလဲမှုသိပ်မရှိပေမယ့် Performance ပိုင်းမှာတော့ AMD နဲ့ပူးပေါင်းထားတဲ့ Exynos Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ ယခင်ကထက်ပိုပြီး ကောင်းမွန်လာဖွယ်ရှိနေပါတယ်။

Ref – 9to5Google