Galaxy S22 Ultra ရဲ့ ကျောဘက်ကင်မရာဒီဇိုင်းဟာ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ အခုအချိန်ထိ အငြင်းပွားနေကြတုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလဆန်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကျောဘက်ကင်မရာဒီဇိုင်းဟာ သုံးမျိုးတွေ့မြင်ရပါတယ်။

ကောလာဟလတွေအရ တွေ့မြင်ရတဲ့ Galaxy S22 Ultra ရဲ့ ကျောဘက်ကင်မရာဒီဇိုင်းအားလုံးဟာ P-shaped ပုံစံ နေရာချထားတာချင်းတော့ တူညီကြပါတယ်။ မတူညီတဲ့အယူအဆတွေကတော့ P-shaped ပုံစံနေရာချထားမှုမှာ ကင်မရာတွေအားလုံးကို Island တစ်ခုတည်းမှာ ထည့်ထားတာ၊ ကင်မရာသုံးလုံးကို တစ်တွဲထားပြီး ဘေးမှာ နှစ်လုံးကို သီးသန့်ခွဲပေးထားတာနဲ့ နောက်ဆုံးတစ်မျိုးကတော့ ကင်မရာတစ်လုံးချင်းစီကို သီးသန့်စီခွဲထားပြီး Camera island ကြီးတစ်ခုလုံးကို ဖျောက်ပစ်လိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ Galaxy S22 Ultra ရဲ့ Dummy unit ပကတိရုပ်ပုံမှာတော့ ကျောဘက်ကင်မရာဖွဲ့စည်းထားပုံက P-shaped ဒီဇိုင်းဖြစ်ပြီး ကင်မရာတွေအားလုံးကို တစ်စုတစ်စည်းတည်း ထားရှိနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ အခုထပ်ထွက်လာတဲ့သတင်းက Galaxy S22 Ultra ရဲ့ ကျောဘက်ကင်မရာဒီဇိုင်းဟာ LG Velvet (Verizon) လိုမျိုး ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။

LetsGoDigital ကတော့ အတွင်းရင်းမြစ်တွေကိုကိုးကားပြီး Samsung ဟာ Raindrop ဒီဇိုင်းမျိုးသွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါဆိုရင်တော့ LG Velvet နဲ့ ခပ်ဆင်ဆင်ဖြစ်လာနိုင်ပြီး ကင်မရာတွေကို တစ်လုံးချင်းစီခွဲထားမဲ့ အလားအလာကို ညွှန်းဆိုနေတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် LetsGoDigital ရဲ့ Raindrop camera design နဲ့ Concept image တွေကလည်း ကောလာဟလကို ပိုပြီးအရောင်တောက်နေစေတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena