Galaxy S22 ကို လာမဲ့ ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီလမှာ မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ပြီးပါပြီ။ မိတ်ဆက်ပွဲမတိုင်ခင်မှာပဲ Galaxy S22, Galaxy S22+ နဲ့ Galaxy S22 Ultra တို့ရဲ့ Features အားလုံးနီးပါးကလည်း ပေါက်ကြားခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း ဒီစမတ်ဖုန်းတွေရဲ့ ပကတိပုံရိပ်တွေ ထပ်ပြီးထွက်ပေါ်လာပြန်တာ ဖြစ်ပါတယ်။

Tipster @hypark22 ဟာ Galaxy S22 Ultra ရဲ့ အနက်ရောင်မျိုးကွဲ ပကတိရုပ်ပုံတွေကို Twitter မှာ လွှင့်တင်ခဲ့ပါတယ်။ ရုပ်ပုံတွေအရ Galaxy S22 Ultra ရဲ့ တည်ငြိမ်လေးနက်တဲ့ Matte black အရောင်ကို အသေအချာမြင်တွေ့ခံစားရပါတယ်။ အချို့က ဒါကို ကတ္တီပါနက် လို့လည်း ညွှန်းဆိုကြပါသေးတယ်။

ကျောဘက်ကင်မရာဖွဲ့စည်းပုံကတော့ မကြာသေးခင်ကပေါက်ကြားထားတဲ့ တရားဝင်ပိုစတာထဲကအတိုင်း မြင်တွေ့ရပါတယ်။ ကင်မရာတစ်လုံးချင်းစီအတွက် သီးသန့်ခွဲထုတ်ထားပြီး စုစည်းထားတဲ့ Island ပုံစံမျိုးကို မေ့လို့ရပြီ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ Note 20 Ultra ရဲ့လွှမ်းမိုးမှုအချို့ကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။

Galaxy S22 Ultra မှာ ကြီးမားတဲ့ Super AMOLED Infinity-O မျက်နှာပြင်၊ ပါးလွှာတဲ့ Bezel တွေ၊ S-pen နဲ့ Built-in slot အပြင် USB Type C port တွေကိုလည်း တွေ့မြင်ရပါတယ်။ Matte finish နဲ့ ကျောဘက်ကိုယ်ထည်ကတော့ လက်ဗွေရာတောင်မထင်အောင် ဖန်တီးထားတယ်လို့ ယုံကြည်ရပါတယ်။

အခြားအချက်အလက်တွေအဖြစ် Samsung ဟာ Galaxy S22 Ultra ကို Black, Burgundy, Dark Green, White စတဲ့အရောင်တွေနဲ့ ဖြန့်ချိမယ်လို့ သတင်းထွက်ထားပါတယ်။ ကနဦးပေါက်ကြားမှုတွေအရ 6.8-inch အရွယ်မျက်နှာပြင်၊ 120Hz variable refresh rate, HDR10+, stereo speakers, IP68 rating စတာတွေ ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ ဈေးကွက်ပေါ်မူတည်ပြီး Exynos 2200 ဒါမှမဟုတ် Snapdragon 8 Gen 1 processor ကို အသုံးပြုမယ်လို့လည်း သိရပါတယ်။

108MP အဓိကကင်မရာကို AI-powered အဆင့်မြှင့်တင်မှုနဲ့အတူ ပိုပြီးမြင့်မားအသေးစိတ်တဲ့ ပုံရိပ်ဖမ်းယူမှုတွေ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ 12MP ultrawide, (3x နဲ့ 10x optical zoom) အသီးသီးရှိကြတဲ့ 10MP telephoto ကင်မရာနှစ်လုံး အပါအဝင် 40MP selfie ကင်မရာကို တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ 5,000mAh ဘက်ထရီတပ်ဆင်ထားပြီး 45W fast charging ကို ထောက်ပံ့ပေးထားတယ်လို့လည်း ဆိုပါတယ်။

Ref: SamMobile