Samsung ဟာ နောက်ထပ် Flagship စီးရီးဖြစ်တဲ့ Galaxy S22 စီးရီးကို လာမဲ့ဖေဖော်ဝါရီလမှာ ကြေညာဖို့စီစဉ်နေကြာင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး SamMobile ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပေါက်ကြားမှုတွေကို အခြေခံရရင်တော့ Galaxy S22 Ultra ရဲ့ ကျောဘက်ကင်မရာ ဖွဲ့စည်းတည်ဆောက်ပုံဟာ P-shaped ပုံစံကိုပဲ ညွှန်ပြနေပါတယ်။

အခုအချိန်အထိ Galaxy S22 Ultra ရဲ့ ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး တရားဝင်အတည်ပြုလို့မရသေးတာတော့ အမှန်ပါ။ အခြေခံအားဖြင့်တော့ S22 Ultra ရဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံက P-shaped ပုံစံပါပဲ။ ဒါပေမဲ့ အငြင်းပွားဖွယ်ရာဖြစ်နေကြတာက P-shaped Island ကြီးတစ်ခုအတွင်းမှာပဲ ကင်မရာတွေအားလုံး စုစည်းထားမှာလား၊ LG Velvet (Verizon) လိုမျိုး Raindrop ပုံစံမျိုး ဖြစ်မှာလားဆိုတာပါပဲ။

LetsGoDigital ကတော့ Samsung အနေနဲ့ Raindrop ဒီဇိုင်းမျိုးပဲရွေးချယ်လိမ့်မယ်ဆိုပြီး သူ့ရဲ့အတွင်းသတင်းရင်းမြစ်တွေကိုကိုးကားပြီး အခိုင်အမာပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက NotebookCheck က ဖော်ပြခဲ့တဲ့ပေါက်ကြားဓါတ်ပုံမှာတော့ Galaxy S22 Ultra ရဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံဟာ P-shaped ပုံစံကိုပဲ ညွှန်ပြနေပြန်ပါတယ်။

ဒါကြောင့် အစောပိုင်းပေါက်ကြားခဲ့တဲ့ Galaxy S22 Ultra ဟန်းဆက်ဓာတ်ပုံတွေဟာ  ရှေ့ပြေးပုံစံတွေလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒါမှမဟုတ် ပေါက်ကြားမှုအသစ်မှာမြင်တွေ့ရတဲ့ Galss cover accessory ကပဲ ရှေ့ပြေးပုံစံကို အခြေခံထားတာလားလို့ ပြန်မေးရမှာပါ။ သေချာတာကတော့ Samsung ဟာ ပေါက်ကြားလာခဲ့သမျှ ဒီဇိုင်းတွေအကုန်လုံးကို စမ်းသပ်နေတယ်ဆိုတာပါပဲ။

Ref: GSM Arena