Zawgyi

Samsung အေနနဲ႔ Galaxy S9+ နဲ႔ Note 9 တို႔အတြက္ အေရာင္သစ္ေတြကို အိႏၵိယႏိုင္ငံမွာ ထပ္မံ မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။ Galaxy S9+ အတြက္ Burgundy Red အေရာင္နဲ႔ Galaxy Note 9 အတြက္ Lavender Purple အေရာင္ဆိုၿပီး ထုတ္လုပ္ေပးလိုက္တာပါ။

Galaxy S9+ ရဲ႕ Burgundy Red အေရာင္ကို အိႏၵိယႏိုင္ငံသာမက တ႐ုတ္ႏိုင္ငံမွာလည္း ၿပီးခဲ့တဲ့ ေမလေလာက္တုန္း မိတ္ဆက္ခဲ့ဖူးပါတယ္။ တ႐ုတ္ႏိုင္ငံမွာေတာ့ Burgundy Red အေရာင္ကို Galaxy S9 နဲ႔ Galaxy S9+ ၂မ်ိဴးစလုံးအတြက္ ထုတ္လုပ္ေပးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Sunrise Gold အေရာင္ကိုပါ ထပ္မံ ေ႐ြးခ်ယ္ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။

Lavender Purple က Galaxy Note 9 ကို စတင္မိတ္ဆက္ ကတည္းက တခ်ိဴ႕ေစ်းကြက္ေတြမွာ ေရာင္းခ်ခဲ့တဲ့ အေရာင္ျဖစ္ၿပီး အိႏၵိယႏိုင္ငံမွာေတာ့ ဒီေန႔မွ စတင္ေရာင္းခ်တာ ျဖစ္ပါတယ္။ Lavender Purple ထက္ Galaxy S9+ ရဲ႕ Burgundy Red က ပိုၿပီးဆြဲေဆာင္မႈ ရွိသလိုခံစားရၿပီး၊ Galaxy Note 9 အတြက္ Burgundy Red အေရာင္ ထပ္မံ ထြက္ရွိလာမလား ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

 

Ref: sammobile

Unicode

Galaxy S9+ နဲ့ Note 9 တို့အတွက် အရောင်သစ်များကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်

Samsung အနေနဲ့ Galaxy S9+ နဲ့ Note 9 တို့အတွက် အရောင်သစ်တွေကို အိန္ဒိယနိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Galaxy S9+ အတွက် Burgundy Red အရောင်နဲ့ Galaxy Note 9 အတွက် Lavender Purple အရောင်ဆိုပြီး ထုတ်လုပ်ပေးလိုက်တာပါ။

Galaxy S9+ ရဲ့ Burgundy Red အရောင်ကို အိန္ဒိယနိုင်ငံသာမက တရုတ်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ မေလလောက်တုန်း မိတ်ဆက်ခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံမှာတော့ Burgundy Red အရောင်ကို Galaxy S9 နဲ့ Galaxy S9+ ၂မျိူးစလုံးအတွက် ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Sunrise Gold အရောင်ကိုပါ ထပ်မံ ရွေးချယ်ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Lavender Purple က Galaxy Note 9 ကို စတင်မိတ်ဆက် ကတည်းက တချိူ့စျေးကွက်တွေမှာ ရောင်းချခဲ့တဲ့ အရောင်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ ဒီနေ့မှ စတင်ရောင်းချတာ ဖြစ်ပါတယ်။ Lavender Purple ထက် Galaxy S9+ ရဲ့ Burgundy Red က ပိုပြီးဆွဲဆောင်မှု ရှိသလိုခံစားရပြီး၊ Galaxy Note 9 အတွက် Burgundy Red အရောင် ထပ်မံ ထွက်ရှိလာမလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Ref: sammobile