Samsung ကနေ ယခင်ကတည်းက Galaxy Active Series နာမည်နဲ့ အကြမ်းခံတဲ့ စမတ်ဖုန်းတွေအပြင် Tablet တွေကိုပါ မိတ်ဆက်နေကျဖြစ်ပါတယ်။ အခုလည်း Galaxy Tab Active3 နာမည်နဲ့ အကြမ်းခံတဲ့ Android Tablet အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

Samsung Galaxy Tab Active3 ဟာ Display အနေနဲ့ 8″ IPS LCD Display ကို အသုံးပြုထားပြီး Resolution အနေနဲ့ Full HD+ Resolution ကို Support ပြုလုပ်နိုင်မှာပါ။ အဆိုပါ Display ကို လက်အိတ်တွေဝတ်ထားရင်တောင်မှ အသုံးပြုနိုင်အောင် Touch Sensitivity Option အနေနဲ့ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Galaxy S9 Series မှာ အသုံးပြုထားတဲ့ Exynos 9810 Chipset ကိုထည့်သွင်းထားတာဖြစ်ပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ 4GB + 64GB သို့မဟုတ် 4GB + 128GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ MicroSD Card ကနေ နောက်ထပ် 1TB အထိလည်း တိုးချဲ့နိုင်မှာပါ။

Camera အနေနဲ့ကတော့ Single 13MP Back Camera နဲ့ 5MP Selfie Camera ပါဝင်မှာဖြစ်ပါတယ်။လုပ်ငန်းသုံးအကြမ်းခံနိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် Camera App မှာလည်း Barcode Scanning လိုမျိုး Feature တွေထည့်ပေးထားတယ်လို့ သိရပါတယ်။

တခြားသော Feature တွေအနေနဲ့ကတော့ NFC ၊ Face Recognition ၊ Fingerprint Sensor ၊ IP68 S Pen ၊ Push to Talk App တွေအတွက် Active Key နဲ့ Wi-Fi 6 ၊ Samsung DeX လိုမျိုး Feature တွေပါဝင်မှာဖြစ်ပါတယ်။ MIL-STD-810H Certified ဖြစ်ထားတဲ့အတွက် အကြမ်းခံနိုင်မှာကတော့ စိတ်ချရမှာပါ။

Battery အနေနဲ့ကတော့ 5050mAh Battery ပါဝင်မှာဖြစ်ပြီး USB အပြင် POGO Pin ကနေပါ Fast Charging Support ပြုလုပ်မှာပါ။ ဒါတင်မဟုတ်သေးဘဲ Battery မပါဘဲ အလုပ်လုပ်နိုင်တဲ့ No Battery Mode လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 OS ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Samsung ကတော့ Galaxy Tab Active3 ရဲ့ စျေးနှုန်းကိုတော့ ပြောကြားခဲ့ခြင်းမရှိပေမယ့် ဥရောပ နဲ့ အာရှစျေးကွက်တချို့မှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – Gizmo China