ပြီးခဲ့တဲ့ Galaxy Unpacked 2 ပွဲမှာ ဖုန်းအသစ်နဲ့ တက်ဘလက်အသစ်တွေကို မတွေ့မြင်ခဲ့ကြရပါဘူး။ ဒါပေမဲ့ Samsung ဟာ လာမဲ့လတွေမှာ ဈေးကွက်ထဲကိုပို့ဆောင်ဖို့အတွက် Mobile device အချို့ကို လုပ်ဆောင်နေတာသေချာပါတယ်။ ဒီအထဲမှာ Galaxy Tab S8 လည်း အပါအဝင်ဖြစ်ပါတယ်။

Galaxy Tab S8 နဲ့ပတ်သက်တဲ့သတင်းတွေထွက်ပေါ်ခဲ့တာကြာပြီဆိုပေမဲ့ High-resolution renders ထွက်ပေါ်လာတာကတော့ အခုအကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ OnLeaks/Zouton ကတစ်ဆင့်တွေ့မြင်ရတဲ့ ဒီ Renders တွေဟာ Galaxy Tab S8 ရဲ့ ပါးလျတဲ့ဒီဇိုင်းကို ရှင်းလင်းပြတ်သားစွာနဲ့ ဖော်ပြနေပါတယ်။

အခုမြင်တွေ့ရတဲ့ Renders ဟာ Samsung က တရားဝင်ထုတ်လိုက်တာမဟုတ်တဲ့အတွက် အမှန်တကယ်ထွက်ပေါ်လာမဲ့ထုတ်ကုန်နဲ့ လုံးလုံးလျားလျားတူညီမယ်လို့ မဆိုနိုင်ပါဘူး။ ဒီ Renders ဟာ ပေါက်ကြားထွက်ပေါ်ထားတဲ့ အသေးစိတ်အချက်အလက်အချို့ကိုအခြေခံပြီး ပုံဖော်ထားတာသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရာနှုန်းပြည့်မမှန်ကန်နိုင်ပေမဲ့ အနီးစပ်ဆုံးတူညီနိုင်တယ်ဆိုတာပါပဲ။

Renders တွေအရ Galaxy Tab S8 ဟာ Galaxy Tab S7 နဲ့ ဆင်တယ်လို့ဆိုနိုင်ပါတယ်။ Bezel တွေဟာ အရွယ်အစားအားဖြင့် တူတယ်လို့ဆိုရပါမယ်။ ပြီးခဲ့တဲ့ကောလာဟလအရ Galaxy Tab S8 Ultra ဟာ BRS (Border Reduction Structure) နည်းပညာကိုအသုံးပြုတာကြောင့် ပိုပါးလွှာတဲ့ Bezel တွေကို ရရှိတာဖြစ်တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

အခြေခံ Galaxy Tab S8 အမျိုးအစားဟာ Dual-camera တပ်ဆင်ထားပြီး Galaxy Tab S7 လိုမျိုးပဲလို့ ပြောနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ အဓိကအားဖြင့်ကွာခြားသွားတဲ့အချက်က Magnetic S Pen holder ရဲ့ တည်နေရာပါပဲ။ Galaxy Tab S8 ရဲ့ Tab Pen ဧရိယာဟာ ကင်မရာအိမ်နဲ့ ရောမနေတော့ဘဲ Galaxy Tab S6 နဲ့ ပိုပြီးဆင်တယ်လို့ ဆိုရတော့မှာလည်း ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Semiconductor ပြတ်လပ်မှုကြောင့် Galxy Tab S8 စီးရီးစတင်ဖြန့်ချိမှုနဲ့ပတ်သက်ပြီး အတော်လေးမေးခွန်းထုတ်စရာ ဖြစ်နေပါလိမ့်မယ်။ ကောလာဟလသတင်းအချို့ကတော့ Ultra မော်ဒယ်ကို မြင်တွေ့ရဖို့ ခက်ခဲမယ်လို့ ရေ:သားဖော်ပြကြပါတယ်။

Ref: sammobile