Samsung Electronics Co.Ltd မှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်များဖြင့် နောက်ဆုံးပေါ် Galaxy Z Flip4 နှင့် Galaxy Z Fold4 မျက်နှာပြင်ခေါက်ချိုးစမတ်ဖုန်း မျိုးဆက်သစ်များအပြင် Galaxy Watch5 / Pro နှင့် Galaxy Buds2 Pro တို့အား သြဂုတ်လ ၁၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် “Unfold Your World” Galaxy Unpacked ပွဲတွင် ထုတ်ဖော်ပြသခဲ့သည်။ ခေတ်မီဆန်းသစ်သော ဒီဇိုင်းနှင့်အတူ နောက်ဆုံးပေါ် စမတ်ဖုန်းလုပ်ဆောင်ချက်များ၊ ပိုမိုကြာရှည်ခံနိုင်မှုနှင့် စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာများတွင် ထပ်မံအဆင့်မြှင့်တင်ထားသည့် Samsung ၏ ဤ ခေါက်ချိုးစမတ်ဖုန်းအသစ်များသည် သုံးစွဲသူများ၏ ဘဝကဏ္ဍ အသီးသီးတွင် ပြိုင်ဘက်ကင်းသော စမတ်ဖုန်း အတွေ့အကြုံများကို ယူဆောင်လာပေးနိုင်မည်ဖြစ်သည်။

အဆိုပါ Galaxy Unpacked အခမ်းအနားကြီးအား အတူတကွ တိုက်ရိုက်ကြည့်ရှုနိုင်ရန် အတွက် Samsung Myanmar မှ Watch Party အခမ်းအနားအား ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး President and CEO, Samsung Electronics Southeast Asia & Oceania ဖြစ်သူ Mr. Sangho Jo နှင့် အတူ နည်းပညာ မီဒီယာများ နှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့သည်။ အဆိုပါ Watch Party တွင် Mr. Sangho Jo မှ မီဒီယာများနှင့် ဧည့်သည်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး Samsung ၏ လက်ရှိ ဆောင်ရွက်နေမှုများနှင့် အနာဂတ် အစီအစဉ်များအကြောင်း ပြောကြားခဲ့သည်။

“နေ့စဉ်နဲ့အမျှ အမြဲတိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုအဆင်ပြေမြန်ဆန်အောင် ဆောင်ရွက်နိုင်ဖို့ သာမန်စမတ်ဖုန်းတွေထက် သာလွန် ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုကို လိုအပ်လာကြတယ်ဆိုတာ ကျွန်တော်တို့ နားလည်သိရှိထားပါတယ်။ ဒါ့ကြောင့် အခုအသစ်မိတ်ဆက်ပေးခဲ့တဲ့ Samsung ရဲ့ ချိုးခေါက်နိုင်တဲ့ စမတ်ဖုန်းအသစ်တွေကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်စွမ်းတွေ၊ အတွင်းအပြင် စိတ်ကြိုက်ဖန်တီး အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။ မိုဘိုင်းနည်းပညာကဏ္ဍ ရဲ့ ဦးဆောင်ထိပ်တန်း တီထွင်ဖန်တီးမှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ခေါက်ချိုးစမတ်ဖုန်းသစ်တွေဟာ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြိုင်ဖက်ကင်း စမတ်ဖုန်းအတွေ့အကြုံတွေကို သုံးစွဲသူတွေ လက်ထဲ အမိအရ ယူဆောင်လာပေးမှာပါ။” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။ “ဒီနှစ် Galaxy Unpacked အခမ်းအနားကြီးကနေတဆင့် စမတ်ဖုန်းတွေရဲ့ သမိုင်းကြောင်းကို တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာနဲ့ ပြောကြားလိုပြီး ကမ္ဘာပေါ်က သန်းပေါင်းများစွာသော နည်းပညာချစ်သူတွေ အတွက် စွမ်းဆောင်ရည်အမြင့်မားဆုံးနဲ့ ပြီးပြည့်စုံမှု အရှိဆုံး ခေါက်ချိုးစမတ်ဖုန်း အသစ်တွေကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။”

Z Flip4
အဆင့်မြင့် စမတ်ဖုန်းအတွေ့အကြုံများနှင့် စတိုင်ကျကျ သစ်ဆန်းသည့် ဒီဇိုင်းများအား ကြိုက်နှစ်သက်သူများအတွက် Galaxy Z Flip4 စမတ်ဖုန်းအား ၆.၇” FHD+ Dynamic AMOLED 2X Infinity-O မျက်နှာပြင်နှင့် ၁.၉” Super AMOLED 60 Hz Cover မျက်နှာပြင် များဖြင့် ပိုမိုကျစ်လစ်ပေါ့ပါးပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်စေရန် တည်ဆောက်ထားသည်။ ထို့အပြင် ယခင် Galaxy Z Flip3 ထက် ၁၀% ပိုမို မြန်ဆန်သည့် super-fast charging စနစ်၊ 3,700 mAh ဘက်ထရီပမာဏ နှင့် 4nm Snapdragon 8+ Gen 1 processor စသည့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များဖြင့် Galaxy Z Flip4 စမတ်ဖုန်းအား ထောက်ပံ့ပေးထားသည်။မိုဘိုင်းဓာတ်ပုံရိုက်ကူးမှုအနုပညာကို တဖန်ဆန်းသစ်ပုံဖော်သွားမည့် Galaxy Z Flip4 စမတ်ဖုန်း၏ 12 MP Wide & Ultra Wide ကျောဖက် ကင်မရာနှင့် 10 MP ရှေ့ကင်မရာများမှတဆင့် တစ်မူထူးခြားသည့် quick shot, nightography နှင့် Flexcam လုပ်ဆောင်ချက်များနှင့်အတူ သုံးစွဲသူများ စိတ်တိုင်းကျ စိုပြည်တောက်ပ၍ ကြည်လင်ပြတ်သားသော ဓာတ်ပုံများနှင့် ဗီဒီယိုများကို လည်း ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy Z Flip4 ဖုန်း၏ အတွင်းအပြင်ကိုယ်ထည်များအား IPX8 water resistance ရေစိုခံစနစ်၊ Gorilla Glass Victus+ မျက်နှာပြင်နှင့် ဘေးဘောင်၊ ခေါက်ချိုးရာများ၌ Armor Aluminum သတ္တု များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ခိုင်ခံ့မာကြောမှု အရှိဆုံး ခေါက်ချိုးစမတ်ဖုန်း တစ်ခုအဖြစ် ဖန်တီးပြုလုပ်ထားသည်။

Z Fold4
Samsung ၏ အဆင့်အမြင့်မားဆုံးသော Galaxy Z Fold4 စမတ်ဖုန်းသည် များစွာသော လုပ်ငန်းဆောင်တာများအား တပြိုင်နက်ထဲ ဆောင်ရွက်နိုင်မှု၊ အဆင့်မြှင့်တင်ထားသည့် Samsung ၏ နံမည်ကျော် Spen လုပ်ဆောင်ချက်များနှင့် မြင်ကွင်းကျယ် မျက်နှာပြင် အစရှိသည့် ပြီးပြည့်စုံလှသည့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များအား သုံးစွဲသူများထံသို့ ယူဆောင်လာပေးမည် ဖြစ်သည်။ Galaxy Z Fold4 ခေါက်ချိုးစမတ်ဖုန်းအသစ်တွင် ကျယ်ပြန့်သော ၆.၂” Dynamic AMOLED 2X Infinity-O အပြင်မျက်နှာပြင်နှင့် ဖြန့်လိုက်ပါက ၇.၆” Dynamic AMOLED 2x Infinity Flex အဓိကမျက်နှာပြင်များ (super-fast charging စနစ်ထည့်သွင်းထားအပြင် 4,400 mAh ပမာဏရှိဘက်ထရီ နှင့် 4nm Snapdragon 8+ Gen 1 processor တို့၏ ပူးတွဲလုပ်ဆောင်မှုများသည့် သုံးစွဲသူများ မည်သို့အသုံးပြုသည် ဖြစ်စေ (ဖြန့်ထားခြင်း/ ခေါက်ထားခြင်း) ပြီးပြည့်စုံသော ခေါက်ချိုးစမတ်ဖုန်းတစ်လုံး၏ လုပ်ဆောင်နိုင်မှုစွမ်းရည်များကို အပြည့်အဝခံစားရရှိမည် ဖြစ်သည်။ထို့အပြင် သုံးစွဲသူများသည် Galaxy Z Fold4 ၏ ရှေ့ဖက်ကင်မရာ 10 MP cover camera နှင့် 4 MP front camera တို့အပြင် စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာ သုံးလုံး (12MP Ultra Wide ကင်မရာ၊ 50MP Wide ကင်မရာနှင့် 10 MP Tele ကင်မရာ) တို့အား အသုံးပြု၍လည်း နေ့ညမရွေးပုံရိပ်များကို ပိုမိုကြည်လင်ပြတ်သားစွာ အကောင်းဆုံး ရိုက်ကူး သိမ်းဆည်းသွားနိုင်မည် ဖြစ်သည်။Galaxy Z Fold4 ခေါက်ချိုးစမတ်ဖုန်းသစ်များတွင် အက်ကွဲ‌ကြောင်းအစင်းရာများ၊ မတော်တဆပြုတ်ကျမှုဒဏ်များမှ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ရန် အတွင်းအပြင်မျက်နှာပြင်များအား အကြမ်းခံနိုင်ဆုံးသော Gorilla Glass Victus +၊ armor aluminum metal frame၊ hinge နှင့် IPX8 water resistance တို့ဖြင့် ပေါင်းစပ်တည်ဆောက်ထားသည်။

ကြိုတင်မှာယူနိုင်မည့် အစီအစဉ်

ခေါက်ဖုန်းစမတ်ဖုန်းအသစ်များအား ကြိုတင်မှာယူလိုသူများအနေနှင့် Samsung Myanmar တွင် ၂၀၂၂ခုနှစ် သြဂုတ်လ ၁၁ ရက် မှ စက်တင်ဘာလ ၁ ရက်နေ့ အထိ ကြိုတင်စာရင်းသွင်း မှာယူနိုင်ပြီဖြစ်သည်။ မြန်မာငွေ ၄,၇၅၉,၀၀၀ ကျပ် တန်ဖိုးရှိသော Samsung Galaxy Z Fold4 စမတ်ဖုန်းအား စွဲမက်ဖွယ် အရောင် ၃ ရောင် (Phantom Black၊ Graygreen နှင့် Beige) အနက် ကြိုက်နှစ်သက်ရာ ကြိုတင်မှာယူနိုင်မည် ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် ထူးခြားဆန်းသစ်သော အရောင် ၄ မျိုး (Bora Purple၊ Gray၊ Pink Gold နှင့် Blue) ဖြင့် ရွေးချယ်ဝယ်ယူနိုင်မည့် Galaxy Z Flip4 စမတ်ဖုန်းအား မြန်မာငွေ ၂,၉၅၉,၀၀၀ ကျပ်ဖြင့် ကြိုတင်မှာယူသွားနိုင်မည် ဖြစ်သည်။ စမတ်ဖုန်း ၂ မျိုးလုံးအား အခြား‌သောနိုင်ငံတကာ စျေးကွက်များနည်းတူ 5G version ဖြင့် ဝယ်ယူရနိုင်မည့်အပြင် ကြိုတင်မှာယူမည့်သူများ ပိုမို အဆင်ပြေလွယ်ကူမှူ ရှိစေရန်အတွက် Samsung Myanmar မှ Mobile Banking ငွေပေးချေမှုစနစ်အား အပြည့်အဝလက်ခံပေးသွားရန် နှင့် နိုင်ငံတစ်ဝန်းမှ ကြိုတင်မှာယူသူများအနေနှင့် CB Bank ၏ SES/IPP Store အား အသုံးပြု၍ ၆ လအထိ အတိုးမဲ့ (0% Interest) အရစ်ကျဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။

ကြိုတင်မှာယူသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ အားပေးသွင်းပြီး ၎င်းတို့၏ စမတ်ဖုန်းအသစ်များအား ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တွင် ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများ၌ လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူနိုင်မည် ဖြစ်သည့်အပြင် Samsung Myanmar မှနေ၍ အထူးလက်ဆောင်များ အဖြစ်

– Galaxy Z Flip4 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် စုစုပေါင်း တန်ကြေးငွေ ၄ သိန်းဝန်းကျင်ရှိ 1 x Flap Leather Cover နှင့် 1 x 45W Travel Adapter

– Galaxy Z Fold4 စမတ်ဖုန်းအား ကြိုတင်မှာယူသူများအတွက် စုစုပေါင်း တန်ကြေးငွေ ၅ သိန်းဝန်းကျင်ရှိ 1 x Standing Cover with Spen၊ 1 x 45W Travel Adapter နှင့် 1 x 40W Car Charger တို့အားပေးအပ်သွားမည် ဖြစ်သည်။

အလားတူပင် သုံးစွဲသူများအနေနှင့် အသစ်မိတ်ဆက်ခဲ့သည့် Galaxy Watch5, Watch5 Pro နှင့် Galaxy Buds2 Pro တို့ကိုလည်း မြန်မာနိုင်ငံတဝန်းရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်များနှင့် မိုဘိုင်းအရောင်းဆိုင်ကြီးများတွင် ယနေ့မှစတင်၍ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ ဈေးနှုန်းများအနေနှင့် Galaxy Watch5 (40 mm), (44 mm) နှင့် Galaxy Watch5 Pro (45 mm) တို့အား မြန်မာငွေကျပ် ၆၆၉,၀၀၀ ၊ ၇၃၉,၀၀၀ နှင့် ၁,၀၇၉,၀၀၀ တို့ဖြင့် အသီးသီးဝယ်ယူသွားနိုင်မည် ဖြစ်ပြီး Galaxy Buds2 Pro ကိုလည်း မြန်မာငွေကျပ် ၄၇၅,၀၀၀ ဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy Z Flip4 သို့မဟုတ် Z Fold4 စမတ်ဖုန်းများအား ကြိုတင်မှာယူသူများအနေဖြင့် အထက်ဖော်ပြပါ အထူးခံစားခွင့် လက်ဆောင်များအပြင် Galaxy Watch5 / Pro နှင့် Galaxy Buds2 Pro တို့အား ထပ်မံဝယ်ယူပါက ၂၀ % – ၃၀ % အထိ အထူးလျှော့ဈေး ခံစားခွင့်ကိုလည်း Eco Bundle Promotion အစီအစဉ်မှ တဆင့် ထပ်ဆောင်း ခံစားရရှိသွားနိုင်မည် ဖြစ်သည်။

Samsung Care+ အထူးဝန်ဆောင်မှု

ထို့အပြင် ကြိုတင်မှာယူသူများအနေနှင့် အထူးဝန်ဆောင်မှုများအား တစ်နှစ်တိတိ ခံစားခွင့် (အသေးစိတ်အား https://www.samsung.com/mm/ အား ကြည့်ရှုရန်) တို့အပြင် No Worry Crack ဝန်ဆောင်မှုအဖြစ် Galaxy Z Flip4 နှင့် Galaxy Z Fold4 စမတ်ဖုန်းများ၏ အတွင်းမျက်နှာပြင် ထိခိုက်ပျက်စီးမှုအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% အပြင် အပြင်မျက်နှာပြင်အား ၁၀၀% အထိ သက်သာခွင့်တစ်ကြိမ်စီအား (ဝယ်ယူသည့်နေ့မှ တစ်နှစ်အထိ) ခံစားသွားနိုင်မည် ဖြစ်သည်။

လက်ရှိကိုင်ဆောင်ထားသော စမတ်ဖုန်းများဖြင့်လဲလှယ်ခြင်း အစီအစဉ်

အထက်ဖော်ပြပါ ဝန်ဆောင်မှုနှင့် အကျိုးခံစားခွင့်များအပြင် Samsung Myanmar မှ ကြိုတင်မှာယူသူများအား Galaxy S Series နှင့် Note Series စမတ်ဖုန်းမော်ဒယ်များ (Samsung Galaxy S10, Note 8 နှင့်အထက် စမတ်ဖုန်းမော်ဒယ်များ) အပြင် iPhone X စမတ်ဖုန်းမော်ဒယ်နှင့်အထက် ကိုင်ဆောင်ထားသူများအနေနှင့် လိုအပ်သော ငွေကြေးပမာဏကိုသာ ထပ်မံစိုက်ထည့်၍ ၎င်းတို့၏ စမတ်ဖုန်းများအား နောက်ဆုံးပေါ် ခေါက်ဖုန်းအသစ်များနှင့် လဲလှယ်ဝယ်ယူနိုင်ရန်အတွက်လည်း စီစဉ်ပေးထားသည်။ ထို့အပြင် ထပ်ဆောင်း အပိုလက်ဆောင်အနေနှင့် Galaxy Z Flip4 ဝယ်ယူသူများအား မြန်မာငွေကျပ် ၃၀၀,၀၀၀ နှင့် Galaxy Z Fold4 ဝယ်ယူသူများအား မြန်မာငွေကျပ် ၄၀၀,၀၀၀ တို့ကိုလည်း ထပ်မံ၍ ‌ပေးအပ်သွားမည် ဖြစ်သည်။

Press Release – Samsung