Samsung ဟာ လာမယ့်လပိုင်းအတွင်းမှာ Galaxy Foldable ဖုန်းအသစ်တွေအပြင် Smartwatch အသစ်တွေဖြစ်လာမယ့် Galaxy Watch 5 Series ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ယခုမိတ်ဆက်သွားမယ့် Galaxy Watch 5 Series တွေဟာ ယခင်ထက် သိသိသာသာအဆင့်မြှင့်တင်မှုတွေလည်း ပြုလုပ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အခုနောက်ဆုံးရရှိတဲ့သတင်းအရ Samsung ဟာ အဆိုပါ Galaxy Watch 5 Smartwatch တွေရဲ့ Charging Speed ကို ယခင်တုန်းကလိုမျိုး 5W Charging အစား ၂ ဆ ပိုမြန်ဆန်မယ့် 10W Charging ကို အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Galaxy Watch 5 ဟာ 5V 2A Charger အမျိုးအစားကို အသုံးပြုသွားမယ်လို့ ယူဆရပါတယ်။

Samsung ဟာ Galaxy Watch 5 Series Smartwatch တွေကို Battery Capacity အနေနဲ့လည်း တိုးမြှင့်ထားမယ်လို့ သတင်းတွေထွက်ပေါ်လာပြီး Galaxy Watch 5 Pro မှာဆိုရင် 600mAh Battery ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် Charging Time အနေနဲ့ကတော့ ဘယ်လောက်ထိ ပိုပြီး မြန်ဆန်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Samsung Galaxy Watch 5 Series ဟာ ယခင်တုန်းကလိုမျိုး TizenOS အစား Google ရဲ့ WearOS ကို ပြောင်းလဲအသုံးပြုလာမှာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Bluetooth ၊ Dual-band Wi-Fi နဲ့ NFC လိုမျိုး Feature တွေလည်း အပြည့်အစုံပါဝင်လာမှာပါ။

Ref – 9to5Google