Samsung ဟာ Galaxy Z Fold 3 ကို လာမဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့မှာ Galaxy Z Plip 3 နဲ့အတူ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ Z Fold 3 ရဲ့ ဒီဇိုင်းနဲ့ အစိတ်အပိုင်းတွေကတော့ ထုံးစံအတိုင်း ပေါက်ကြားမှုတွေကတစ်ဆင့် တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။

Galaxy Z Fold 3 ဟာ Samsung ရဲ့ S Pen ထောက်ပံ့တဲ့ ပထမဆုံး Foldable ဖုန်းဖြစ်မယ်လို့ သတင်းထွက်ခဲ့တာ ကြာပါပြီ။ အခုတော့ ရင်ခုန်စရာဒီကောလာဟလကို အတည်ပြုနိုင်ခဲ့ပါပြီ။ U.S ဈေးကွက်အတွက် Galaxy Z Fold 3 ဟာ မော်ဒယ်နံပါတ် SM-F926U, SM-F926U1 တို့နဲ့အတူ FCC အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။

FCC Certification ရဲ့ ဖော်ပြချက်အရ Galaxy Z Fold 3 ဟာ 5G (mmWave နဲ့ sub-6GHz), 4G LTE, CDMA, Wi-Fi 6, Bluetooth, NFC နဲ့ UWB တို့ ထောက်ပံ့ထားတာကို တွေ့ရပါတယ်။ 9W Qi ကြိုးမဲ့အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပြီး Reverse wireless charging ကိုလည်း ထောက်ပံ့ထားတာ တွေ့ရပါတယ်။

Digital Pen နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုပါဝင်ကြောင်းလည်း FCC ရဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားတာကြောင့် S Pen ထောက်ပံ့ထားမယ်ဆိုတာ အတည်ပြုနိုင်ပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ S Pen ကတော့ Foldable ဖုန်းနဲ့အတူ တွဲထွက်လာမယ်လို့ မဆိုလိုပါဘူး။ Galaxy S21 Ultra လိုပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကနဦးသတင်းတွေအရ Galaxy Z Fold 3 ဟာ 6.2-inch Super AMOLED Infinity-O cover display နဲ့ 7.5-inch Super AMOLED foldable display တို့ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်နှစ်ခုစလုံးဟာ 120Hz Refresh Rate နဲ့ HDR10+ ပါရှိပါမယ်။ Snapdragon 888 processor, 12GB/16GB of RAM တွေနဲ့ဖြစ်ပြီး သိုလှောင်မှုပမာဏက 256GB/512GB တို့ ဖြစ်မယ်လို့ သိရပါတယ်။

အတွင်းဘက် Foldable display အောက်မှာ 16MP under-display ကင်မရာ ပါဝင်ပြီး၊ Cover display မှာတော့ 10MP selfie camera တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ကျောဘက်မှာ 12MP+12MP+12MP triple-camera တွေကိုလည်း တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ ဘက်ထရီပမာဏကတော့ 4,400mAh ဖြစ်ပြီး 25W fast charging စနစ် ထောက်ပံ့ထားမယ်လို့လည်း သိရပါတယ်။

Ref: SamMobile