Zawgyi
Unicode
Galaxy S8/S8+ နဲ့ Note 8 တို့မှာ 4K ဗီဒီယိုတွေကို 60fps နဲ့ ရိုက်ကူးနိုင်ပြီ
Samsung ရဲ့ Flagship ဖုန်းတော်တော်များများက Exynos နဲ့ Snapdragon Processor ၂မျိူးကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Flagship မော်ဒယ်တစ်မျိူး ထုတ်တိုင်း အဆိုပါ Processor ၂မျိူးကို ထည့်သွင်း အသုံးပြုလေ့ရှိပြီး မတူညီတဲ့ စျေးကွက်တွေမှာ ဖြန့်ဖြူးရောင်းချလေ့ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ Samsung Flagship စမတ်ဖုန်း တော်တော်များများကတော့ Exynos Processor တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။
Samsung Galaxy S8/S8+ နဲ့ Note 8 စမတ်ဖုန်းတွေဟာ Exynos 8895 နဲ့ Snapdragon 835 SoC တွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ပြဿနာက ဘယ်မှာ စဖြစ်လဲ ဆိုတော့ Exynos 8895 တွေက 4K ဗီဒီယိုတွေကို 60fps နဲ့ ရိုက်ကူးနိုင်ပြီး Snapdragon 835 ကတော့ 30fps နဲ့ပဲ ရိုက်ကူးနိုင်ပါတယ်။ ဒါ့ကြောင့် မင်းသာတယ်၊ ငါသာတယ် အငြင်းမပွားရလေအောင် Exynos Processor အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို 30fps နဲ့ပဲ ရိုက်ကူးနိုင်အောင် Samsung က Software ပိုင်းကန့်သတ်ချက်များ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့မှာတော့ XDA member တစ်ယောက်ဖြစ်တဲ့ KunkerLV ရဲ့ ကျေးဇူးတော်ကြောင့် Exynos 8895 အသုံးပြုထားတဲ့ စမတ်ဖုန်းတွေအတွက် 4K@60fps ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါပြီ။ KunkerLV ဆိုသူက Exynos 8895 မှာ 4K@60fps ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ့် Source code တွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး၊ rubberbigpepper.IgCamera ဆိုတဲ့ Application လေးကို ဖန်တီးရေးသားခဲ့ပါတယ်။ XDA Developer ရှိ အချက်အလက်တွေအရဆိုရင် အဆိုပါ App လေးဟာ Galaxy S8 နဲ့ Note 8 တို့အတွက်သာ ဖန်တီးရေးသားထားတာ ဖြစ်ပြီး Galaxy S8+ ကိုတော့ ရည်ညွှန်းဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း Galaxy S8+ နဲ့ S8 တို့က Processor အတူတူဘဲ ဖြစ်တာကြောင့် Galaxy S8+ မှာလည်း အလုပ်လုပ်နိုင်ပါတယ်။ အွန်လိုင်းပေါ်က တချိူ့ Comments တွေမှာတော့ Galaxy S8+ မှာလည်း ကောင်းစွာ အလုပ်လုပ်ကြောင်း ဖော်ပြထားပါတယ်။
Application အသုံးပြုနည်းကိုတော့ ဒီမှာ ဖတ်ရှု့နိုင်ပါတယ်။
Ref: sammobile, xdadeveloper