[Zawgyi]

Romance of Three Kingdoms ဆုိတဲ့ တရုတ္ႏုိင္ငံ သုံးျပည္ေထာင္ေခတ္ အေျခခံဇာတ္လမ္းဟာ လက္ရွိ ေပါ့ပ္ယဥ္ေက်းမႈမွာ အရမ္းလူႀကိဳက္မ်ားေနၿပီး ရုပ္ရွင္၊ စီးရီးေတြ အမ်ားႀကီးျပန္ရုိက္ၾကသလို ဗီဒီယုိဂိမ္း ေတြလည္း အမ်ားႀကီးရွိပါတယ္။ မုိဘုိင္းဂိမ္းေခတ္ေရာက္ေတာ့လည္း iOS ပလက္ေဖာင္းကစတင္ကာ Three Kingdoms ဂိမ္းေပါင္းစုံ အမ်ဳိးအစားေပါင္းစုံ ထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲ့ဒီ RoTK ဂိမ္းေတြထဲမွာမွ ကၽြန္ေတာ္ ေရြးခ်ယ္တင္ျပေပးခ်င္တာ ၂၀၁၈ ထဲမွာပဲ ထြက္လာခဲ့တဲ့ Three Kingdoms: Overlord ဆုိတဲ့ ဂိမ္းေလးပါ။

Plot

ေနာက္ခံဇာတ္လမ္းကေတာ့ ထုံးစံအတုိင္း ဟန္တရုတ္အင္ပါယာႀကီး ၿပိဳလဲခါစအခ်ိန္ကို အေျခခံထားၿပီး အရည္အခ်င္းရွိတဲ့ Warlord ေတြက တရုတ္ႏုိင္ငံကို ျပန္လည္စုစည္းႏုိင္ဖို႔ အသီးသီးႀကိဳးပမ္းၾကတဲ့အခါ ကစားသူ ကလည္း တျဖည္းျဖည္းခ်င္း သူရဲေကာင္းေတြ စုစည္းၿပီး ႏုိင္ငံကို ျပန္လည္ထူေထာင္ႏုိင္ဖို႔ ႀကိဳးစားရမယ့္ ပုံစံ ျဖစ္ပါတယ္။

Gameplay

Three Kingdoms: Overlord ကို ဘာလို႔ညႊန္းေပးခ်င္တာလဲ ဆုိရင္ သူ႕ရဲ႕ ထူးျခားတဲ့ Gameplay ေၾကာင့္ပါ။ ဒီဂိမ္းဟာ အျခား Three Kingdoms ဂိမ္း ကုိးဆယ့္ကိုးရာခုိင္ႏႈန္းလို Clash of Clans, Clash of Kings စတုိင္ Simulation ဂိမ္း၊ မည္ကာမတၱ Strategy ဂိမ္း လုံးဝမဟုတ္ပါဘူး။

Overlord ဟာ မုိဘုိင္းမွာ အင္မတန္ေတြ႕ရခဲတဲ့ Real-time Strategy (RTS) စတုိင္ဂိမ္းျဖစ္ၿပီးေတာ့ ျမန္မာပေလယာေတြလည္း ေတာ္ေတာ္ေလး ေဆာ့ၾကတဲ့ ဂိမ္းတစ္ခု ျဖစ္ပါတယ္။ စခန္းတစ္ခုကို အေသယူၿပီး Upgrade အဆင့္ဆင့္လုပ္ရတဲ့ ပုံစံမ်ဳိးမဟုတ္ဘဲနဲ႔ တစ္ပြဲၿပီးသြားရင္ ေနာက္ထပ္တစ္ပြဲကို အစကေန ျပန္စရတဲ့ RTS ပုံစံအစစ္ပါ။

ဒါဆုိ လုံးဝ Free to Play (F2P) လားဆုိေတာ့လဲ မဟုတ္ဘူးဗ်။ သူက တစ္ပြဲၿပီးသြားရင္ ကိုယ္ရထားတဲ့ ဟီးရုိးေတြကို ဒီ Item ၊ ဒီ Level နဲ႔ပဲ ေနာက္တစ္ပြဲကို ျပန္စရပါတယ္။ ဒါ့အျပင္ Ingot လို႔ေခၚတဲ့ Special Currency နဲ႔ Metal Currency ရယ္၊ Stratagems လို႔ေခၚတဲ့ Strategy Gem ေတြရယ္ကိုလည္း ေနာက္ပြဲေတြကို သယ္သြားရတယ္။ ဒါေၾကာင့္ ရွင္းရွင္းေျပာရရင္ ဟီးရုိးေတြ ျမန္ျမန္လိုခ်င္ရင္၊ Stratagems နဲ႔ Currency မ်ားမ်ားရွိခ်င္ရင္ In-app Purchase နဲ႔ဝယ္ၿပီးေဆာ့ရမယ္။ စိတ္ရွည္ရွည္နဲ႔ ေဆာ့ခ်င္ရင္ေတာ့ ပြဲတုိင္းကို အႏုိင္ရဖို႔ မျဖစ္ႏုိင္ပါဘူး။ Stratagems ေတြကုိ နာရီနဲ႔ခ်ီၿပီး Research ျပဳလုပ္ကာ စုေဆာင္းထားႏုိင္သလို က်န္တဲ့အရာေတြအားလုံး ကိုလည္း ေန႔စဥ္ Quest လုပ္ၿပီး စုသြားႏုိင္ပါတယ္။

ပြဲတစ္ပြဲစတင္တာနဲ႔ ကစားသူေတြဟာ အျပင္မွာ တစ္နာရီကို ဂိမ္းထဲမွာ တစ္ႏွစ္အျဖစ္ Real-time ကစားရမွာ ျဖစ္တယ္။ RoTK စာအုပ္အတုိင္း သကၠရာဇ္ ၁၆၉ မွစတင္ၿပီး သကၠရာဇ္ ၂၈၀ မွာ ဆုံးပါတယ္။ ထိုခ်ိန္မွာ ၿမိဳ႕အမ်ားဆုံးသိမ္းပုိက္ထားႏုိင္တဲ့သူက အႏုိင္ရမွာပါ။ ကစားသူေတြဟာ ပြဲစတင္တာနဲ႔ ၿမိဳ႕ေပါင္း တစ္ရာေက်ာ္ ပါဝင္တဲ့ ေျမပုံေပၚကို Random ပစ္ခ်လိုက္တာ ခံရၿပီး ျမိဳ႕ႀကီးတစ္ၿမဳိ႕ကို အေျခခံကာ NPC (ကြန္ျပဴတာ) ၿမိဳ႕ေတြကို အရင္သိမ္းပိုက္ရမယ္။ ပုိက္ဆံ၊ ရိကၡာနဲ႔ လူအင္အားရွာေဖြၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အႏုိင္ရေအာင္ ေဆာ့ရမွာပါ။

စစခ်င္းမွာ Commoner (သာမာန္ျပည္သူ) အျဖစ္နဲ႔ Tutorial ေဆာ့ရမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ Alcalde, Chief, Mayor စသျဖင့္ ရာထူးတျဖည္းျဖည္းတက္သြားမွာ ျဖစ္ပါတယ္။ အဓိကအပုိင္းက လူအင္အားနဲ႔ Resource ေတြကို စီမံခန္႔ခြဲဖို႔နဲ႔ ဟီးရုိးေတြကို Combo လုိက္ဖက္စြာ ေနရာခ်ေပးႏုိင္ဖို႔ ပါပဲ။ တစ္ပတ္မွာတစ္ခါ Event ကစားရၿပီး ပုံမွန္နဲ႔မတူတဲ့ Game Mode အမ်ားအျပား ပါဝင္လာတယ္။ ထိပ္တန္းကစားသမားေတြကေတာ့ သတ္မွတ္ထားတဲ့ အခ်ိန္ေရာက္ရင္ King Clash အျဖစ္ ေျမပုံတစ္ခုထဲကို အားလုံးပစ္ထည့္ခံရကာ အင္ပါယာ ဘုရင္ေရြးခ်ယ္ရပါတယ္။

Graphic Quality

ဂရပ္ဖစ္ကေတာ့ 2.5D လို႔ဆုိရမယ့္ ပုံထြက္ကို အသုံးျပဳထားတယ္။ Three Kingdoms ဂိမ္းေတြရဲ႕ ထုံးစံအတုိင္း Hand-drawn လက္ရာသန္႔သန္႔ ရုပ္ပုံေတြကို ဟီးရုိးေတြအတြက္ သုံးစြဲထားပါတယ္။ ေနာက္ၿပီး ကစားရတာလည္း ေတာ္ေတာ္အျမင္ရွင္းပါတယ္။ ေျပာရရင္ ဂရပ္ဖစ္ပုိင္းက ၾကည့္ေကာင္းသပ္ရပ္ၿပီး အရင္က Super Heroes of Three Kingdoms နဲ႔ဆင္တူတယ္လို႔ ဆုိရမွာပါ။

သုံးျပည္ေထာင္ပရိသတ္ေတြသာမက Strategy / RTS အရသာစစ္စစ္ကို မုိဘုိင္းပလက္ေဖာင္းမွာ လုိခ်င္တဲ့သူေတြလည္း Overlord ကုိ စမ္းသပ္ေဆာ့ၾကည့္ႏုိင္ပါတယ္။ Android / iOS ႏွစ္မ်ဳိးလုံးမွာ အခမဲ့ ရရွိႏုိင္ၿပီး ကၽြမ္းက်င္သြားရင္ အခ်ိန္လည္း သိပ္မေပးရတဲ့၊ နာရီအၾကာႀကီး စိတ္ႏွစ္ၿပီးေဆာ့ခ်င္ရင္လည္း ရတဲ့ ဂိမ္းမ်ဳိးျဖစ္တာေၾကာင့္ ဘာပဲေျပာေျပာ စမ္းၾကည့္တာေတာ့ မမွားပါဘူး။

[Unicode]

Romance of Three Kingdoms ဆိုတဲ့ တရုတ်နိုင်ငံ သုံးပြည်ထောင်ခေတ် အခြေခံဇာတ်လမ်းဟာ လက်ရှိ ပေါ့ပ်ယဉ်ကျေးမှုမှာ အရမ်းလူကြိုက်များနေပြီး ရုပ်ရှင်၊ စီးရီးတွေ အများကြီးပြန်ရိုက်ကြသလို ဗီဒီယိုဂိမ်း တွေလည်း အများကြီးရှိပါတယ်။ မိုဘိုင်းဂိမ်းခေတ်ရောက်တော့လည်း iOS ပလက်ဖောင်းကစတင်ကာ Three Kingdoms ဂိမ်းပေါင်းစုံ အမျိုးအစားပေါင်းစုံ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီ RoTK ဂိမ်းတွေထဲမှာမှ ကျွန်တော် ရွေးချယ်တင်ပြပေးချင်တာ ၂၀၁၈ ထဲမှာပဲ ထွက်လာခဲ့တဲ့ Three Kingdoms: Overlord ဆိုတဲ့ ဂိမ်းလေးပါ။

Plot

နောက်ခံဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဟန်တရုတ်အင်ပါယာကြီး ပြိုလဲခါစအချိန်ကို အခြေခံထားပြီး အရည်အချင်းရှိတဲ့ Warlord တွေက တရုတ်နိုင်ငံကို ပြန်လည်စုစည်းနိုင်ဖို့ အသီးသီးကြိုးပမ်းကြတဲ့အခါ ကစားသူ ကလည်း တဖြည်းဖြည်းချင်း သူရဲကောင်းတွေ စုစည်းပြီး နိုင်ငံကို ပြန်လည်ထူထောင်နိုင်ဖို့ ကြိုးစားရမယ့် ပုံစံ ဖြစ်ပါတယ်။

Gameplay

Three Kingdoms: Overlord ကို ဘာလို့ညွှန်းပေးချင်တာလဲ ဆိုရင် သူ့ရဲ့ ထူးခြားတဲ့ Gameplay ကြောင့်ပါ။ ဒီဂိမ်းဟာ အခြား Three Kingdoms ဂိမ်း ကိုးဆယ့်ကိုးရာခိုင်နှုန်းလို Clash of Clans, Clash of Kings စတိုင် Simulation ဂိမ်း၊ မည်ကာမတ္တ Strategy ဂိမ်း လုံးဝမဟုတ်ပါဘူး။

Overlord ဟာ မိုဘိုင်းမှာ အင်မတန်တွေ့ရခဲတဲ့ Real-time Strategy (RTS) စတိုင်ဂိမ်းဖြစ်ပြီးတော့ မြန်မာပလေယာတွေလည်း တော်တော်လေး ဆော့ကြတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ စခန်းတစ်ခုကို အသေယူပြီး Upgrade အဆင့်ဆင့်လုပ်ရတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ တစ်ပွဲပြီးသွားရင် နောက်ထပ်တစ်ပွဲကို အစကနေ ပြန်စရတဲ့ RTS ပုံစံအစစ်ပါ။

ဒါဆို လုံးဝ Free to Play (F2P) လားဆိုတော့လဲ မဟုတ်ဘူးဗျ။ သူက တစ်ပွဲပြီးသွားရင် ကိုယ်ရထားတဲ့ ဟီးရိုးတွေကို ဒီ Item ၊ ဒီ Level နဲ့ပဲ နောက်တစ်ပွဲကို ပြန်စရပါတယ်။ ဒါ့အပြင် Ingot လို့ခေါ်တဲ့ Special Currency နဲ့ Metal Currency ရယ်၊ Stratagems လို့ခေါ်တဲ့ Strategy Gem တွေရယ်ကိုလည်း နောက်ပွဲတွေကို သယ်သွားရတယ်။ ဒါကြောင့် ရှင်းရှင်းပြောရရင် ဟီးရိုးတွေ မြန်မြန်လိုချင်ရင်၊ Stratagems နဲ့ Currency များများရှိချင်ရင် In-app Purchase နဲ့ဝယ်ပြီးဆော့ရမယ်။ စိတ်ရှည်ရှည်နဲ့ ဆော့ချင်ရင်တော့ ပွဲတိုင်းကို အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ Stratagems တွေကို နာရီနဲ့ချီပြီး Research ပြုလုပ်ကာ စုဆောင်းထားနိုင်သလို ကျန်တဲ့အရာတွေအားလုံး ကိုလည်း နေ့စဉ် Quest လုပ်ပြီး စုသွားနိုင်ပါတယ်။

ပွဲတစ်ပွဲစတင်တာနဲ့ ကစားသူတွေဟာ အပြင်မှာ တစ်နာရီကို ဂိမ်းထဲမှာ တစ်နှစ်အဖြစ် Real-time ကစားရမှာ ဖြစ်တယ်။ RoTK စာအုပ်အတိုင်း သက္ကရာဇ် ၁၆၉ မှစတင်ပြီး သက္ကရာဇ် ၂၈၀ မှာ ဆုံးပါတယ်။ ထိုချိန်မှာ မြို့အများဆုံးသိမ်းပိုက်ထားနိုင်တဲ့သူက အနိုင်ရမှာပါ။ ကစားသူတွေဟာ ပွဲစတင်တာနဲ့ မြို့ပေါင်း တစ်ရာကျော် ပါဝင်တဲ့ မြေပုံပေါ်ကို Random ပစ်ချလိုက်တာ ခံရပြီး မြို့ကြီးတစ်မြို့ကို အခြေခံကာ NPC (ကွန်ပြူတာ) မြို့တွေကို အရင်သိမ်းပိုက်ရမယ်။ ပိုက်ဆံ၊ ရိက္ခာနဲ့ လူအင်အားရှာဖွေပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ရအောင် ဆော့ရမှာပါ။

စစချင်းမှာ Commoner (သာမာန်ပြည်သူ) အဖြစ်နဲ့ Tutorial ဆော့ရမှာဖြစ်ပြီး နောက်ပိုင်းမှာ Alcalde, Chief, Mayor စသဖြင့် ရာထူးတဖြည်းဖြည်းတက်သွားမှာ ဖြစ်ပါတယ်။ အဓိကအပိုင်းက လူအင်အားနဲ့ Resource တွေကို စီမံခန့်ခွဲဖို့နဲ့ ဟီးရိုးတွေကို Combo လိုက်ဖက်စွာ နေရာချပေးနိုင်ဖို့ ပါပဲ။ တစ်ပတ်မှာတစ်ခါ Event ကစားရပြီး ပုံမှန်နဲ့မတူတဲ့ Game Mode အများအပြား ပါဝင်လာတယ်။ ထိပ်တန်းကစားသမားတွေကတော့ သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် King Clash အဖြစ် မြေပုံတစ်ခုထဲကို အားလုံးပစ်ထည့်ခံရကာ အင်ပါယာ ဘုရင်ရွေးချယ်ရပါတယ်။

Graphic Quality

ဂရပ်ဖစ်ကတော့ 2.5D လို့ဆိုရမယ့် ပုံထွက်ကို အသုံးပြုထားတယ်။ Three Kingdoms ဂိမ်းတွေရဲ့ ထုံးစံအတိုင်း Hand-drawn လက်ရာသန့်သန့် ရုပ်ပုံတွေကို ဟီးရိုးတွေအတွက် သုံးစွဲထားပါတယ်။ နောက်ပြီး ကစားရတာလည်း တော်တော်အမြင်ရှင်းပါတယ်။ ပြောရရင် ဂရပ်ဖစ်ပိုင်းက ကြည့်ကောင်းသပ်ရပ်ပြီး အရင်က Super Heroes of Three Kingdoms နဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။

သုံးပြည်ထောင်ပရိသတ်တွေသာမက Strategy / RTS အရသာစစ်စစ်ကို မိုဘိုင်းပလက်ဖောင်းမှာ လိုချင်တဲ့သူတွေလည်း Overlord ကို စမ်းသပ်ဆော့ကြည့်နိုင်ပါတယ်။ Android / iOS နှစ်မျိုးလုံးမှာ အခမဲ့ ရရှိနိုင်ပြီး ကျွမ်းကျင်သွားရင် အချိန်လည်း သိပ်မပေးရတဲ့၊ နာရီအကြာကြီး စိတ်နှစ်ပြီးဆော့ချင်ရင်လည်း ရတဲ့ ဂိမ်းမျိုးဖြစ်တာကြောင့် ဘာပဲပြောပြော စမ်းကြည့်တာတော့ မမှားပါဘူး။