ဆော်ဒီအာရေဗျနိုင်ငံရဲ့ အီလက်ထရောနစ်နှင့်ဉာဏအားကစားဖက်ဒရေးရှင်းက ကြီးမှူးကျင်းပမယ့် “Gamers Without Border” အစီအစဉ်ဟာ နိုင်ငံတကာက Esports ကစားသမားတွေအနေနဲ့ မိမိကျွမ်းကျင်တဲ့ ဂိမ်းကစားခြင်းဖြင့် COVID-19 တိုက်ဖျက်ရေးမှာ ပါဝင်နိုင်ဖို့ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ Esports ဂိမ်းမျိုးစုံပါဝင်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာဆယ်သန်း ဆုကြေးငွေချီးမြှင့်ကာ အနိုင်ရသူတွေဟာ ဒီဆုငွေကို သူတို့ကြိုက်နှစ်သက်ရာ COVID-19 တိုက်ဖျက်ရေးအစီအစဉ်/အဖွဲ့အစည်းကို လှူဒါန်းရမှာပါ။

ယနေ့မှာတော့ GWB အစီအစဉ်ထဲမှာ ပရိသတ်စိတ်အဝင်စားဆုံး Esports Title တစ်ခုဖြစ်တဲ့ Dota 2 အတွက် ပြိုင်ပွဲကို ကြေညာလိုက်ပြီး စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၁.၅ သန်းချီးမြင့်သွားမယ်လို့လည်း အတည်ပြုပေးခဲ့ပါတယ်။

GWB Dota 2 ပြိုင်ပွဲမှာတော့ ဥရောပနဲ့ CIS ဒေသထိပ်သီးအသင်း ၈ သင်းသာ ပါဝင်လာခဲ့ပြီး အရှေ့တောင်အာရှ၊ တရုတ်နဲ့ မြောက်အမေရိကအခြေစိုက်အသင်းတွေတော့ မပါလာခဲ့ပါဘူး။ ပါဝင်ယှဉ်ပြိုင်မယ့်အသင်းတွေက လက်ရှိ Ti နှစ်နှစ်ဆက်ချန်ပီယံ OG နဲ့အတူ Team Liquid, Nigma, Team Secret, Na’Vi, VP, NiP, Alliance တို့ပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကိုတော့ မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းပသွားမှာပါ။

Ref – AFKGaming