[Zawgyi]

Garmin က Fenix 6 Series အသစ္ေတြကို ေၾကညာလိုက္ပါတယ္။ အဲဒီအထဲမွာ Garmin Fenix 6X Pro Solar ပါ၀င္ၿပီး ကုမၸဏီရဲ႕ ပထမဆံုး ေနေရာင္ျခည္ စြမ္းအင္သံုး စမတ္နာရီ ျဖစ္ပါတယ္။ ဘက္ထရီလည္း ပါရွိၿပီး ၂၁ ရက္ အသံုးခံပါတယ္။ Power Glass က ေနာက္ထပ္ ၃ ရက္ အသံုးခံၿပီး GPS သံုးရင္ ၆ နာရီ သက္တမ္း ပိုၾကာေစပါတယ္။ Solar Cell ဟာ ေဖာက္ထြင္းျမင္ရၿပီး ၁.၄ လက္မ မ်က္ႏွာျပင္အထက္မွာ တပ္ဆင္ထားပါတယ္။

မ်က္ႏွာျပင္ အရည္အေသြးက 280x280p ျဖစ္ၿပီး ေနေရာင္ေအာက္ထဲမွာေတာင္ ၾကည့္ရႈလို႔ အဆင္ေျပေအာင္ ဖန္တီးထားပါတယ္။ Turn-by-turn Navigation ေတြကို ၾကည့္ရႈႏုိင္ပါတယ္။ သင့္ တည္ေနရာကို ေျခရာခံဖို႔ GPS, GLONASS နဲ႔ Galileo ေတြကို အသံုးျပဳထားပါတယ္။ Barometer က ရာသီဥတု သတိေပးခ်က္ေတြကို ပံ့ပိုးေပးၿပီး Automatic Accident Detection ပါပါတယ္။

Garmin Fenix 6X Pro Solar ကို ေရအနက္ ၁၀ မီတာအထိ ၀တ္ဆင္ႏုိင္ပါတယ္။ GPS ေတာက္ေလွ်ာက္ သံုးရင္ေတာ့ နာရီ ၆၀ အတြင္းမွာ ဘက္္ထရီကုန္ေစမွာပါ။ Expedition Mode ကေတာ့ ၄၆ ရက္ေတာင္ အသံုးခံၿပီး ေနေရာင္ေကာင္းစြာရရင္ ေနာက္ထပ္ ၁၀ နာရီ သက္တမ္းရွည္ေစပါတယ္။ 32GB Storage ပါၿပီး သီခ်င္းေတြ သိမ္းထားႏုိင္ပါတယ္။ ဖုန္းက Notifications ေတြကို ၾကည့္ႏုိင္ၿပီး Garmin Pay နဲ႔ Uber တို႔လို Apps အခ်ိဳ႕ကို သံုးႏုိင္ပါတယ္။

စမတ္နာရီရဲ႕ ကိုယ္ထည္ကို တိုက္ေတနီယမ္နဲ႔ တည္ေဆာက္ထားၿပီး အခ်င္းက ၅၁ မီလီမီတာနဲ႔ အထူက ၁၄.၉ မီလီမီတာရွိပါတယ္။ ဆီလီကြန္ ဒါမွမဟုတ္ တိုက္ေတနီယမ္ QuickFit လက္ပတ္ႀကိဳးေတြ ေရြးခ်ယ္ႏိုင္ပါတယ္။ ၁,၁၅၀ ေဒၚလာ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁,၇၀၀,၀၀၀ ေက်ာ္ က်သင့္မွာပါ။

Ref : gsmarena

[Unicode]

Garmin က နေရောင်ခြည် စွမ်းအင်သုံး Fenix 6X Pro Solar ကို ကြေညာ

Garmin က Fenix 6 Series အသစ်တွေကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ Garmin Fenix 6X Pro Solar ပါဝင်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး စမတ်နာရီ ဖြစ်ပါတယ်။ ဘက်ထရီလည်း ပါရှိပြီး ၂၁ ရက် အသုံးခံပါတယ်။ Power Glass က နောက်ထပ် ၃ ရက် အသုံးခံပြီး GPS သုံးရင် ၆ နာရီ သက်တမ်း ပိုကြာစေပါတယ်။ Solar Cell ဟာ ဖောက်ထွင်းမြင်ရပြီး ၁.၄ လက်မ မျက်နှာပြင်အထက်မှာ တပ်ဆင်ထားပါတယ်။

မျက်နှာပြင် အရည်အသွေးက 280x280p ဖြစ်ပြီး နေရောင်အောက်ထဲမှာတောင် ကြည့်ရှုလို့ အဆင်ပြေအောင် ဖန်တီးထားပါတယ်။ Turn-by-turn Navigation တွေကို ကြည့်ရှုနိုင်ပါတယ်။ သင့် တည်နေရာကို ခြေရာခံဖို့ GPS, GLONASS နဲ့ Galileo တွေကို အသုံးပြုထားပါတယ်။ Barometer က ရာသီဥတု သတိပေးချက်တွေကို ပံ့ပိုးပေးပြီး Automatic Accident Detection ပါပါတယ်။

Garmin Fenix 6X Pro Solar ကို ရေအနက် ၁၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ GPS တောက်လျှောက် သုံးရင်တော့ နာရီ ၆၀ အတွင်းမှာ ဘက်ထရီကုန်စေမှာပါ။ Expedition Mode ကတော့ ၄၆ ရက်တောင် အသုံးခံပြီး နေရောင်ကောင်းစွာရရင် နောက်ထပ် ၁၀ နာရီ သက်တမ်းရှည်စေပါတယ်။ 32GB Storage ပါပြီး သီချင်းတွေ သိမ်းထားနိုင်ပါတယ်။ ဖုန်းက Notifications တွေကို ကြည့်နိုင်ပြီး Garmin Pay နဲ့ Uber တို့လို Apps အချို့ကို သုံးနိုင်ပါတယ်။

စမတ်နာရီရဲ့ ကိုယ်ထည်ကို တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပြီး အချင်းက ၅၁ မီလီမီတာနဲ့ အထူက ၁၄.၉ မီလီမီတာရှိပါတယ်။ ဆီလီကွန် ဒါမှမဟုတ် တိုက်တေနီယမ် QuickFit လက်ပတ်ကြိုးတွေ ရွေးချယ်နိုင်ပါတယ်။ ၁,၁၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁,၇၀၀,၀၀၀ ကျော် ကျသင့်မှာပါ။

Ref : gsmarena