[Unicode]

Gartner က ၂၀၂၀ မှာ စမတ်ဖုန်း ရောင်းအား တိုးတက်လာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ၂၀၁၉ ထက် ၂၀၂၀ မှာ စမတ်ဖုန်း ရောင်းအားဟာ ၁.၇ ရာခိုင်နှုန်း တိုးတက်လာနိုင်ပြီး ၂၀၁၈ ကထက် ၂ ရာခိုင်နှုန်း ကျဆင်းနေဦးမှာ ဖြစ်ပါတယ်။ Gartner က တရုတ်နဲ့ အာရှ၊ ပစိဖိတ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေကြောင့် ရောင်းအား အဓိက တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။

5G စမတ်ဖုန်း ရောင်းအားဟာ ၂၀၂၀ မှာ စုစုပေါင်း စမတ်ဖုန်း ရောင်းအားရဲ့ ၁၂ ရာခိုင်နှုန်းရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ 5G စမတ်ဖုန်းတွေ ဈေးကျလာမယ့်အတွက် ၂၀၂၂ မှာ စုစုပေါင်း စမတ်ဖုန်း ရောင်းအားရဲ့ ၄၃ ရာခိုင်နှုန်းအထိ 5G စမတ်ဖုန်းတွေက နေရာယူလာမယ်လို့ Gartner က ခန့်မှန်းထားပါတယ်။

လာမယ့်နှစ်တွေမှာ 5G စမတ်ဖုန်း ရောင်းအားတွေ တိုးတက်လာမှာ ဖြစ်ပေမယ့် Gartner က လာမယ့် ၂ နှစ်အတွင်းမှာ စမတ်ဖုန်း ရောင်းအား ကျဆင်းမယ်လို့ခန့်မှန်းလိုက်ပါတယ်။ ၂၀၂၀ ကထက် ၂၀၂၂ မှာ စမတ်ဖုန်း သန်း ၂၀ နီးပါး ရောင်းအား ကျဆင်းသွားမယ်လို့ သုံးသပ်ပါတယ်။

Ref : gsmarena

[Zawgyi]

၂၀၂၀ မှာ စမတ်ဖုန်း ရောင်းအား တိုးတက်လာမယ်လို့ စစ်တမ်းက ဖော်ပြ




Ref : gsmarena